ဗားကူးမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗားကူးမြို့[ပြင်​ဆင်​ရန်​]

ဗားကူးမြို့သည် ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ(ရုရှနိုင်ငံ)တွင် အပါအဝင်ဖြစ်သော အဇာဗိုင်ဂျန် သမ္မတနိုင်ငံ၏မြို့တော်ဖြစ်သည်။ ရုရှနိုင်ငံတွင် ပဉ္စမအကြီးဆုံးမြို့လည်း ဖြစ်သည်။ ကက်စပျန်ပင်လယ်၏ ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်၍ အက်ရှီရွန် ကျွန်းဆွယ်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိလေသည်။

ဗားကူးမြို့တွင် သဘာဝဆိပ်ကမ်းကောင်းရှိ၍ ရေတပ်စခန်း တစ်ခုအဖြစ်ဖြင့်လည်း အသုံးပြုသည်။ ရုရှနှင့် အီရန်နိုင်ငံတို့ သည် ယင်းတို့၏ထွက်ကုန်အသီးအသီးကို ဗားကူးမြို့မှတစ်ဆင့် အပြန်အလှန် တင်ပို့ရောင်းချခြင်း ပြုကြသဖြင့် ရုရှ-အီရန် ရောင်းဝယ်ရေးအတွက် အရေးပါသော မြို့ကြီးလည်း ဖြစ်သည်။ သို့သော် ဗားကူးမြို့၏ စည်ကားဖွံ့ဖြိုးမှုသည် မြို့ပတ်ဝန်းကျင်မှ ထွက်သော ရေနံနှင့် ဓာတ်ဆီတို့ကို ပို၍ အကြောင်း ပြုလေ သည်။

ဗားကူးမြို့၏ ပတ်ဝန်းကျင်ဒေသသည် ရွှံ့မီးတောင်များ လည်း ပေါများသည်။ ရေနံများ အလွယ်တကူရရှိသော ရေနံ မြေများလည်း ဖြစ်သည်။ အချို့နေရာများတွင် အသာအယာ တွင်းတူးရုံနှင့် ရေနံများ လျှံထွက်တတ်သည်။ ဗားကူးမြို့ ပတ်ဝန်းကျင်မှ ထွက်သော ရေနံသည် ရုရှတစ်နိုင်ငံလုံး ရေနံ အထွက်၏ ၇၅ ရာခိုင် နှုန်းခန့် ဖြစ်သည်။

ယခင်က သင်္ဘောဆိပ်ကောင်းမြို့ ဖြစ်၍ အတော်အသင့် စည်ကားခဲ့သော်လည်း မြို့အနီးအနားတစ်ဝိုက်တွင် ရေနံထွက် သည်မှစ၍ လူဦးရေ တိုးတက်လာပြီးလျှင် ကြီးကျယ်စည်ကား လာသည်။ ဗားကူးမြို့၏ လူဦးရေမှာ မြို့ဆင်ခြေဖုံးအပါအဝင် ၁၉၅၉ ခုနှစ် သန်းခေါင်စာရင်းအရ ၉၆၈ဝဝဝ ဖြစ်သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၈ ခုနှစ်ခန့်က ဗားကူးမြို့ ရေနံတွင်းများကို ဂျာမန်၊ တူရကီ၊ သို့မဟုတ် ဗောလရှီဗစ်တို့ လက်တွင်း မကျရလေအောင် ဗြိတိသျှတပ်များက ဩဂုတ်လ ၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ သိမ်းပိုက်ခဲ့သေး သည်။သို့သော် ဗြိတိသျှတပ်များရုပ်သိမ်းပေးခဲ့ရ၍ ၁၉၁၉ ခုနှစ် စစ်ပြေငြိမ်းပြီးနောက်တွင် မဟာမိတ်တို့ သိမ်းပိုက်ထားခဲ့သော် လည်း နောင်အခါ ဆုတ်ခွာပေးရလေသည်။ဒုတိယကမ္ဘာစစ်ကြီး အတွင်း ၁၉၄၁ ခုနှစ်ခန့်က ဂျာမန်တပ်များသည် အဇော့ ပင်လယ်ဘက်မှ ရုရှကို တိုက်ခိုက်ခြင်း၊ ကရိုင်းမီးယားကျွန်း ဆွယ်ကို ထိုးစစ်ဆင်ခြင်းများသည်လည်း ဗားကူးမြို့ ရေနံတွင်း များနှင့် ဗားတွမ်းမြို့သို့ ပို့သော ရေနံပိုက်လုံးများကို သိမ်းပိုက် နိုင်ရန် ချိန်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဗားကူးမြို့သည် ပင်လယ်နက် ကမ်းခြေပေါ်တွင် ရှိ၍ ဗားကူးမြို့နှင့် မိုင် ၅၆ဝ ကွာဝေးပြီး လျှင် မီးရထားလမ်းဖြင့် ဆက်သွယ်ထားသည်။ ရုရှနိုင်ငံထွက် ရေနံများကို ဗားတွင်းမြို့မှတစ်ဆင့် နိုင်ငံခြားများသို့ တင်ပို့ လေသည်။

ဗားကူးမြို့၏ အရှေဘက်တွင် ရေနံချက်စက်ရုံကြီးများ ရှိသည်။ ရေနံချက်လုပ်ငန်းအပြင်၊ ဆေးရွက်လုပ်ငန်း၊ ဂျုံမှုန့် လုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းများလည်း ရှိလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )