မြစ်ဝါမြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြစ်ဝါမြစ်၏ မြေပုံ

မြစ်ဝါမြစ် (黃河) သည် ၅,၆၄၆ ကီလိုမီတာ (၃,၃၉၅ မိုင်) ရှည်လျားပြီး တရုတ်ပြည်တွင် ယန်ဇီမြစ်ပြီး ဒုတိယ အရှည်လျားဆုံး၊ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ [၁][၂] တရုတ်ပြည် အနောက်ပိုင်းဒေသ ချင်းဟိုင်ပြည်နယ် (青海) ဘာရန်ဟာတောင်တန်းတွင် မြစ်ဖျားခံကာ ပြည်နယ်ပေါင်း ၉ ပြည်နယ်ကို ဖြတ်သန်းပြီး ပင်လယ်ဝါအနီး ပေါ်ဟိုင်ပင်လယ်သို့ စီးဝင်သည်။

မြစ်ဝါမြစ်ဝှမ်းဒေသသည် တရုတ်ယဉ်ကျေးမှု အစပျိုးရာ ဒေသဖြစ်ပြီး ခေတ်ဦးတရုတ်သမိုင်းတွင် စည်ပင်ထွန်းကားသည့် ဒေသတစ်ခုဖြစ်သည်။ မြစ်ရေတွင် အနည်များကာ ဝါကျင်ကျင် အရောင်ရှိသောကြောင့်လည်း မြစ်ဝါမြစ်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ မြစ်အောက်ပိုင်းတွင် အနည်ကျကာ မြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် မကြာခဏဆိုသလို ရေကြီးမှု၊ ရေလွှမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးများ ဖြစ်စေသည်။

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Yellow River (Huang He) Delta, China, Asia
  2. Chinese history records that Yellow River has changed its course 17 times
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်