ကမ္ဘာဂြိုဟ်
Wikipedia မှ
(ကမ္ဘာ မှ ပြန်ညွှန်းထားသည်)
ကမ္ဘာဂြိုဟ်(Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာတွင် လတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။
အရွယ်အစား [ပြင်ဆင်ရန်]
ကမ္ဘာ၏အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။
အရောင် [ပြင်ဆင်ရန်]
အာကာသမှကြည့်လျှင် ကမ္ဘာဂြိုဟ်အား အပြာရောင်အလုံးအဝန်းအဖြစ်မြင်တွေ့ရမည်ဖြစ်သည်။