ပလူတို

ဝီကီပီးဒီးယား မှ
ပလူတို ⯓
New Horizons အာကာသယဉ်မှ ရိုက်ကူးထားသော ပလူတိုဂြိုဟ်[မှတ်စု ၁]
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူClyde Tombaugh
ရှာဖွေတွေ့ရှိသည့် ရက်စွဲFebruary 18, 1930
ဂြိုဟ်သိမ်ဂုဏ်အင်134340 Pluto
အသံထွက်/ˈplt/ ( )
အစွဲပြု၍ မှည့်ခေါ်
ပလူတို
ဂြိုဟ်သိမ်စာရင်း
ပါဝင်အရာဝတ္ထုများPlutonian
ပတ်လမ်း ဂုဏ်အင်များ[၄][မှတ်စု ၂]
Epoch J2000
အဝေးဆုံးပတ်လမ်း
  • 49.319 AU
  • (7,378.07 Gm)
  • February, 2114
အနီးဆုံးပတ်လမ်း
  • 29.656 AU
  • (4,436.4 Gm)
  • (September 5, 1989)[၁]
ဆီမီး မေဂျာ ဝင်ရိုး
  • 39.54 AU
  • (5,915 Gm)
ပတ်လမ်း ဗဟိုကျမှု0.24905
ပတ်လမ်း ကာလ
  • 248.00 years[၂]
  • 90,581 d[၂]
  • 14,164.4 Plutonian solar days[၃]
ပတ်လမ်း ကာလ
366.73 days[၂]
ပျမ်းမျှ ပတ်နှုန်း
4.67 km/s[၂]
ပျမ်းမျှ မူမမှန်မှု
14.53 deg
ပတ်လမ်း တိမ်းစောင်းမှု
  • 17.1405°
  • (11.88° နေ၏ အီကွေတာဆီသို့)
Longitude of ascending node
110.299°
Argument of perihelion
113.834°
သိရသည့် ဂြိုဟ်ရံလများ စင်း
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
ပြားချပ်မှု<1%[၅]
မျက်နှာပြင် ဧရိယာ
ထုထည်
ဒြပ်ထု
ပျမ်းမျှ သိပ်သည်းဆ
1.860±0.013 g/cm3[၅]
မျက်နှာပြင် ဒြပ်ဆွဲအား
လွတ်မြောက်အလျင်
1.212 km/s[မှတ်စု ၆]
ဘေးဘက် လှည့်ပတ်ကာလ
  • 6.387230 d
  • 6 d, 9 h, 17 m, 36 s
အီကွေတာ လည်ပတ်မှု အလျင်
47.18 km/h
ဝင်ရိုးတိမ်းစောင်းမှု
119.591°±0.014° (to orbit)[၆][မှတ်စု ၇]
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
132.993°[၇]
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
−6.163°[၇]
Albedo0.49 to 0.66 (geometric, varies by 35%)[၂][၈]
မျက်နှာပြင် အပူချိန် အနည်းဆုံး ပျမ်းမျှ အများဆုံး
Kelvin 33 K 44 K (−229 °C) 55 K
မြင်သာသော ပမာဏ
13.65[၂] to 16.3[၉]
(mean is 15.1)[၂]
ပကတိ ပမာဏ (H)
−0.7[၁၀]
ထောင့်ဖြတ်အချင်း
0.06″ to 0.11″[၂][မှတ်စု ၈]
လေထု
မျက်နှာပြင် လေထုဖိအား
1.0 Pa (2015)[၅][၁၂]
လေထု၌ ဓာတုပါဝင်နှုန်းနိုက်ထရိုဂျင်မီသိန်းကာဗွန်မိုနောက်ဆိုဒ်[၁၁]

ပလူတို (အင်္ဂလိပ်: Pluto; သင်္ကေတ: ⯓[၁၃] ၎င်း ♇[၁၄]) သည် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်ပြီး ကျောက်သား နှင့် ရေခဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ပလူတိုဂြိုဟ်ပေါ်တွင် အလွန်အေးပြီး အပူချိန် အနှုတ် ၂၁၈ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၃၆၀ ဒီဂရီ ဖာရင်ဟိုက်) မှ အနှုတ် ၂၄၀ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိရှိသည်။

ပလူတိုသည် ၂၃၉၀ ကီလိုမီတာအချင်းရှိပြီး လကမ္ဘာ ၏ သုံးပုံ နှစ်ပုံမျှရှိကာ ကမ္ဘာ၏ ၅ ပုံ ၁ ပုံမျှရှိသည်။ ပလူတိုဂြိုဟ်၏ အလေးချိန်မှာ တန်ချိန် ၁၃ သန်းမျှရှိသည်။ ကမ္ဘာသည် ပလူတိုဂြိုဟ်၏ အဆ ၄၆၀ မျှလေးပြီး ကမ္ဘာရံလသည် ပလူတိုဂြိုဟ်ထက် ၅ ဆခွဲမျှလေးသည်။

အရီဇိုးနား ပြည်နယ် Flagstaff ရှိ Lowell observatory မှ နက္ခတ္တဗေဒပညာရှင် ကလိုက်တွမ်ဘော့ (Clyde Tombaugh) မှ ပလူတိုဂြိုဟ်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရောမငရဲနှင့်ဆိုင်သော နတ်ဘုရား ပလူတို၏ အမည်ကို ပေးခဲ့သည်။ ထိုအမည်ကို အကြံပြုခဲ့သူမှာ အင်္ဂလန်မှ ဗဲနက်တီယာ ဘာနေး (Venetia Burney) ဖြစ်ပြီး သူမသည် ထိုအချိန်က ၁၁ နှစ် သမီးမျှသာရှိသေးသည်။

ပလူတိုတွင် ချာရွန် (Charon)၊ စတိုက် (Styrx)၊ ကီးဘရော့စ် (Kerberos)၊ နစ်စ် (Nix) နှင့် ဟိုက်ဒရာ (Hydra) ဟူသော ဂြိုဟ်ရံလ ၅ ခု ရှိသည်။ ချာရွန်မှာ ၁၁၉၀ ကီလိုမီတာ အချင်းရှိပြီး ပလူတိုဂြိုဟ်၏ အချင်း၏ တစ်ဝက်မျှရှိသည်။ ပလူတိုနှင့် ချာရွန်တို့သည် တစ်ခုကို တစ်ခု အပြန်အလှန်လှည့်ပတ်နေကြပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ ခုပမာရှိသည်။ နစ်စ်နှင့် ဟိုက်ဒရာတို့မှာ ပိုမိုသေးငယ်ပြီး ၄၅ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ အတွင်းသာ ကျယ်ဝန်းသော အချင်းရှိပြီး ပလူတိုဂြိုဟ်မှ ၄၄၀၀၀ ကီလိုမီတာမျှ ကွာဝေးသည်။ ချာရွန်ကို ၁၉၇၈ ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နစ်စ်နှင့် ဟိုက်ဒရာကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နေအဖွဲ့အစည်း အတွင်းတွင် ဂြိုဟ် ၈ ခု ရှိသည်။ ပလူတိုသည် ထိုဂြိုဟ် ၈ ခုနှင့် လွန်စွာမှပင် ကွဲပြားခြားနား နေသည်။ ၎င်းသည် အခြားဂြိုဟ်များထက် သေးငယ်နေပြီး နေ၏ ပတ်လည်တွင် ပုံစံကွဲပြားသော လမ်းကြောင်းဖြင့် သွားလာနေသည်။ ပလူတိုသည် ၎င်း သွားလာသော လမ်းကြောင်းကြောင့် တစ်ခါတစ်ရံတွင် နက်ပကျွန်းဂြိုဟ်ထက် ပို၍ နေနှင့် နီးကပ်နေလေ့ ရှိသည်။

ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။  မာကျူရီဂြိုဟ်သည် ပလူတိုဂြိုဟ်ထက် ၂ ဆမျှ ပို၍ ကျယ်ဝန်းပြီး ဒြပ်ထု ပမာဏမှာ ပလူတိုထက် ၂၅ဆမျှ ပိုသည်။

ပလူတိုဂြိုဟ်အား ၉ ခုမြောက် ဂြိုဟ်အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ကျူးပါး ခါးပတ်မှ ပလူတိုထက် ပိုကြီးသောဂြိုဟ်များအား ထပ်မံတွေရှိခဲ့သောကြောင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာ အာကာသ အဖွဲ့အစည်းမှ ပလူတိုကို ဂြိုဟ်ဟု မသတ်မှတ်သင့်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပလူတိုအား ဂြိုဟ်သိမ်ဂြိုဟ်မွှား အဖြစ်သာ သတ်မှတ်ခေါ်ဝေါ်သင့်သည်ဟု သဘောတူညီခဲ့ကြသည်။[၁၅] ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ တွင် New Horizons အာကာသယာဉ်သည် ပလူတိုအနီးဖြတ်၍ပျံသန်းသည့် ပထမဆုံးယာဉ် ဖြစ်ခဲ့သည်။[၁၆][၁၇][၁၈] ယင်းကဲ့သို့ပျံသန်းစဉ် ပလူတိုအား အသေးစိတ် လေ့လာတိုင်းတာခဲ့သည်။

မှတ်စုများ[ပြင်ဆင်ရန်]

  1. This is a Digital compositing of four near-true color photographs taken by the New Horizons spacecraft on July 14, 2015 from a distance of ၇၂၀,၀၀၀ km (၄၅၀,၀၀၀ mi). The most prominent feature in the image, the bright, youthful plains of Tombaugh Regio and Sputnik Planum, can be seen at lower right. It contrasts the darker, more cratered terrain of Cthulhu Regio at lower left. Because of Pluto's 119.591° tilt at its axis, the southern hemisphere is barely visible in this image; the equator runs through Cthulhu and the southern parts of Sputnik Planum.
  2. The mean elements here are from the Theory of the Outer Planets (TOP2013) solution by the Institut de mécanique céleste et de calcul des éphémérides (IMCCE). They refer to the standard equinox J2000, the barycenter of the Solar System, and the epoch J2000.
  3. Surface area derived from the radius r: .
  4. Volume v derived from the radius r: .
  5. Surface gravity derived from the mass M, the gravitational constant G and the radius r: .
  6. Escape velocity derived from the mass M, the gravitational constant G and the radius r: .
  7. Based on the orientation of Charon's orbit, which is assumed the same as Pluto's spin axis due to the mutual tidal locking.
  8. Based on geometry of minimum and maximum distance from Earth and Pluto radius in the factsheet


ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Horizon Online Ephemeris System for Pluto Barycenter။ JPL Horizons On-Line Ephemeris System @ Solar System Dynamics Group။ January 16, 2011 တွင် ပြန်စစ်ပြီး။ (set Observer Location to @0 to place the observer at the center of the Sun-Jupiter system)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ Williams၊ David R. (July 24, 2015)။ Pluto Fact Sheet။ NASA။ August 6, 2015 တွင် ပြန်စစ်ပြီး။
  3. Seligman၊ Courtney။ Rotation Period and Day Length။ August 13, 2009 တွင် ပြန်စစ်ပြီး။
  4. "New analytical planetary theories VSOP2013 and TOP2013" (September 2013). Astronomy and Astrophysics 557 (2): A49. doi:10.1051/0004-6361/201321843. Bibcode2013A&A...557A..49S.  The elements in the clearer and usual format is in the spreadsheet and the original TOP2013 elements here.
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ "The Pluto system: Initial results from its exploration by New Horizons" (2015). Science 350 (6258): 249–352. doi:10.1126/science.aad1815. PMID 26472913. Bibcode2015Sci...350.1815S. 
  6. Young, Eliot F. (2007). "Pluto's Radius". American Astronomical Society, DPS meeting No. 39, #62.05; Bulletin of the American Astronomical Society 39. Bibcode2007DPS....39.6205Y. 
  7. ၇.၀ ၇.၁ "Report of the IAU Working Group on Cartographic Coordinates and Rotational Elements: 2009" (2010). Celestial Mechanics and Dynamical Astronomy 109 (2): 101–135. doi:10.1007/s10569-010-9320-4. 
  8. Hamilton၊ Calvin J. (February 12, 2006)။ Dwarf Planet Pluto။ Views of the Solar System။ January 10, 2007 တွင် ပြန်စစ်ပြီး။
  9. AstDys (134340) Pluto Ephemerides။ Department of Mathematics, University of Pisa, Italy။ June 27, 2010 တွင် ပြန်စစ်ပြီး။
  10. JPL Small-Body Database Browser: 134340 Pluto။ June 12, 2008 တွင် ပြန်စစ်ပြီး။
  11. Pluto has carbon monoxide in its atmosphere။ Physorg.com (April 19, 2011)။ November 22, 2011 တွင် ပြန်စစ်ပြီး။
  12. Amos၊ Jonathan။ "New Horizons: Pluto may have 'nitrogen glaciers'"၊ BBC News၊ July 23, 2015။ July 26, 2015 တွင် ပြန်စစ်ပြီး။ "It could tell from the passage of sunlight and radiowaves through the Plutonian "air" that the pressure was only about 10 microbars at the surface" 
  13. JPL/NASA (2015-04-22)။ What is a Dwarf Planet?။ 2022-01-19 တွင် ပြန်စစ်ပြီး။
  14. John Lewis, ed. (2004)။ Physics and chemistry of the solar system (2 ed.)။ Elsevier။ p. 64
  15. Akwagyiram၊ Alexis။ "Farewell Pluto?"၊ BBC News၊ August 2, 2005။ March 5, 2006 တွင် ပြန်စစ်ပြီး 
  16. Chang၊ Kenneth။ "NASA's New Horizons Spacecraft Completes Flyby of Pluto"၊ New York Times၊ July 14, 2015။ July 14, 2015 တွင် ပြန်စစ်ပြီး 
  17. Dunn၊ Marcia။ "Pluto close-up: Spacecraft makes flyby of icy, mystery world"၊ AP News၊ July 14, 2015။ July 14, 2015 တွင် ပြန်စစ်ပြီး 
  18. Chang၊ Kenneth။ "The Long, Strange Trip to Pluto, and How NASA Nearly Missed It"၊ New York Times၊ July 18, 2015။ July 19, 2015 တွင် ပြန်စစ်ပြီး