ကလေးခရိုင်
ကလေးခရိုင် | |
---|---|
ကလေးမြို့ ရှုခင်း | |
စစ်ကိုင်းတိုင်းအတွင်းတည်နေရာ | |
စစ်ကိုင်းတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°Eကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
မြို့နယ်ပေါင်း | ၃ |
မြို့တော် | ကလေးမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ကလေးခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနောက်ဘက်အကျဆုံး ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ်သုံးခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကလေးမြို့ ဖြစ်သည်။ ကလေးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၀၈,၀၁၅ ယောက်[၁] ဖြစ်သည်။
မြို့နယ်များ
[ပြင်ဆင်ရန်]ကလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ထိစပ်လျက်ရှိသော နယ်နမိတ်များ
[ပြင်ဆင်ရန်]ကလေးခရိုင်၏ အနောက်ဘက်တွင် ဖလမ်းခရိုင် (ချင်းပြည်နယ်)၊ မြောက်ဘက်တွင် မော်လိုက်ခရိုင်၊ အရှေ့ဘက်တွင် ရွှေဘိုခရိုင်၊ တောင်ဘက်တွင် မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် (မကွေးတိုင်းဒေသကြီး) တို့နှင့် အသီးသီး ထိစပ်လျက်ရှိသည်။
ကိုးကွယ်မှု
[ပြင်ဆင်ရန်]ကလေးခရိုင်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ကိုးကွယ်မှုတို့ရှိသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြား နေထိုင်ရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မီဇိုးလူမျိုးများ၏ မြို့တော်ဟု ခေါ်ဆိုကြသည့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် နေထိုင်သူ ၉၉% ခန့်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ တာဟန်းတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၅၀ ကျော် တည်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး