ပန်းတနော်မြို့
| Pantanaw ပန်းတနော်မြို့ | |
|---|---|
| City | |
City of Pantanaw | |
| Location in Myanmar | |
| ကိုဩဒိနိတ်: 16°59′6″N 95°27′56″E / 16.98500°N 95.46556°Eကိုဩဒိနိတ်: 16°59′6″N 95°27′56″E / 16.98500°N 95.46556°E | |
| Country | |
| Region | Ayeyarwady Region |
| District | Ma-ubin District |
| Township | Pantanaw Township |
| ဧရိယာ | |
| • စုစုပေါင်း | ၀.၅၆ စတုရန်းမိုင် (၁.၄၄ စတုရန်းကီလိုမီတာ) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၀ ပေ (၉ မီတာ) |
| လူဦးရေ (2023)[၁] | ၂၀၄၉၇ |
| • Ethnicities | |
| • Religions | Buddhism |
| အချိန်ဇုန် | MST (UTC+6.30) |
ပန်းတနော်မြို့ သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ပန်းတနော်မြို့နယ်သည် ၄၈၃ စတုရန်းမိုင် ကျယ်၍ ဧရာဝတီမြစ်မှ ဖြာထွက်နေသော မြစ်ခွဲကလေးပေါင်း များစွာသည် မြို့နယ်အတွင်း ပိုက်ကွန်သဖွယ် ဖြတ်သန်းစီးဆင်းနေသည်။ တစ်မြို့နယ်လုံး၏ လူဦးရေသည် ၁၉၅၆ ခုနှစ် သန်းခေါင်စာရင်း ခန့်မှန်းချက်အရ ၁၂၅,၁၀၁ ယောက် ရှိ၍ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် ကရင်လူမျိုးများ ဖြစ်သည်။
ဧရာဝတီမြစ်၏ မြစ်ခွဲကလေးတစ်ခု ဖြစ်သော ပန်းတနော်မြစ်သည် ညောင်တုန်းမြို့အလွန် ၁၅ မိုင်ခန့် ဝေးသောနေရာမှ အနောက်ဘက်သို့ ခွဲထွက်ရာ ယင်းမြစ်နှင့် အခြားမြစ်ခွဲကလေးတစ်ခု ဖြစ်သော ဗောဓိမြစ်တို့ ဆုံရာ၌ ပန်းတနော်မြို့တည်ရှိသည်။ မြို့ဝန်းကျင်တွင် ချောင်းငယ်မြောင်းငယ်များ ပေါများလှသဖြင့် မိုးအခါ ရေလွှမ်းမိုးခြင်း ခံရတတ်သည်။ သို့ရာတွင် နွေအခါ၌မူ ပန်းတနော်မြစ်သည် သင်္ဘောကြီးများ ဝင်ထွက်ခြင်း မပြုနိုင်လောက်အောင် တစ်နေ့တစ်ခြား ရေတိမ်လာသဖြင့် မြို့မှာတစ်ဖြည်းဖြည်း အရောင်းအဝယ် ဆုတ်ယုတ်လာသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ပန်းတနော်မြို့၏ လူဦးရေသည် ၄၆၈၇ ယောက် ဖြစ်သည်။
ပန်းတနော်မြို့၏ အဓိကထွက်ကုန်များမှာ ဆန်စပါး၊ ဖျာရက်သောသင် နှင့် ငပိ၊ ငါးခြောက် စသော အင်းကုန်များ ဖြစ်သည်။ အထူးသဖြင့် ပန်းတနော် သင်ဖျာသည် ကျော်စောသည်။ ဓနုဖြူမြို့၊ ဟင်္သာတမြို့ စသော သင်ဖျာထွက်နယ်များ၏ သင်အထွက် အားအကိုးရဆုံးသော မြို့နယ် ဖြစ်သည်။ ပန်းတနော်မြို့သည် ဓနုဖြူမြို့မှ ၂၉ မိုင်ကွာဝေး၍ ဟင်္သာတမြို့မှ ၆၆ မိုင် ကွာဝေးသည်။ ညောင်တုန်းမြို့၊ မအူပင်မြို့များနှင့်လည်း ရေလမ်းခရီးဖြင့် ဆက်သွယ်နိုင်သည်။
မြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးသောနေရာတရှိ ရွှေမြင်တင်ဘုရားသည် ပန်းတနော်မြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရား ဖြစ်သည်။ ပုသိမ်ရာဇဝင်လာ ဥမ္မာဒန္တီ မင်းသမီးသည် မင်းသားများဘေးရန်မှ ကင်းဝေးရန် ထွက်ပြေးရင်း ပင်ပန်းနွမ်းနယ်ကာ ဦးခေါင်းမှ ပန်းများ ကျရာအရပ်တွင် တည်ထားသော စေတီ ဖြစ်သဖြင့် ပန်းကျနော်မြို့ ဟု သမုတ်ရာမှ ပန်းတနော်မြို့ ဟု အမည်တွင်လာကြောင်း ဆိုကြသည်။ နှစ်စဉ် တပေါင်းလ တိုင်း ရွှေမြင်တင်ဘုရားပွဲတော် ကျင်းပရာ ဝေးနီးအရပ်များမှ စည်ကားစွာ လာရောက်ကြသည်။ [၂]
အထင်ကရပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]- ဦးဖေသိန်း - ကာတွန်းဆရာကြီး
- နာမည်ကျော် ပန်းချီဆရာ ဦးဘဉာဏ်သည် ပန်းတနော်မြို့တွင် ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် မွေးဖွားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ General Administration Department (March 2023)။ Myone Daethasaingyarachatlatmya မြို့နယ် ဒေသဆိုင်ရာအချက်လက်များ [Township Regional Information] (PDF) (အစီရင်ခံစာ)။ 22 December 2024 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၃၈)