ဒေးဒရဲမြို့

ဝီကီပီးဒီးယား မှ
ဒေးဒရဲမြို့
မြို့
ဒေးဒရဲမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒေးဒရဲမြို့
ဒေးဒရဲမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°24′29″N 95°53′06″E / 16.40806°N 95.88512°E / 16.40806; 95.88512ကိုဩဒိနိတ်: 16°24′29″N 95°53′06″E / 16.40806°N 95.88512°E / 16.40806; 95.88512
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဖျာပုံခရိုင်
မြို့နယ်ဒေးဒရဲမြို့နယ်
ဧရိယာ
 • စုစုပေါင်း၁.၄၁၁ စတုရန်းမိုင် (၃.၆၅ စတုရန်းကီလိုမီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၉)[၁]၁၇၇၂၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဒေးဒရဲမြို့ (မွန်: ဍုၚ်ဒဵုဒြဲာ) သည် ဖျာပုံခရိုင်ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဒေးဒရဲမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။

အမည်ရင်းမြစ်နှင့် သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒေးဒရဲမြို့သည် သာသနာသက္ကရာဇ် အေဒီ ၁၄၇၆ မတိုင်မီကပင် မြို့အဖြစ် တည်ရှိခဲ့သည်။ စစ်ဘေးကြောင့် ပြောင်းရွှေ့လာသည့် မွန်လူမျိုးများ နေထိုင်ခဲ့ကြသည်။ မွန်ဘာသာ ဖြင့် ဒဵုဒြဲာ ဟု ခေါ်ဆို၍ သမင်၊ ဒရယ် တိရစ္ဆာန်များ နေထိုင်သော ကုန်း၊ သမင်ကုန်းဟု အဓိပ္ပာယ်ရသည်။[၁]

၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ဒေးဒရဲကို မြို့အဖြစ် ကြေညာပြီး နယ်နိမိတ်သတ်မှတ်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်ဖြင့်လည်းကောင်း၊ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်မှ ၃ ရပ်ကွက်အဖြစ်သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၀ စက်တင်ဘာ ၂၀၁၉)။ ဒေးဒရဲမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)