ဥပါယကောသလ္လဉာဏ်

ဝီကီပီးဒီးယား မှ

ဥပါယကောသလ္လဉာဏ်ဟူသည်ကား- မိမိပြုကျင့် ဆည်းပူးအပ်သော ဒါနမှု သီလမှုစသည့် ပါရမီကျင့်စဉ် တို့အတွက် သဗ္ဗညုတဉာဏ်၏ ဥပနိဿယအဆောက် အဦ အထောက်အပံ့ပစ္စည်းအကြောင်းတရား ဖြစ်ဖို့ရန် လိမ္မာကျွမ်းကျင်သော အသိဉာဏ်ပညာတည်း။ ဘုရား အလောင်းဖြစ်လိုသော အမျိုးကောင်းသားသည် မိမိ ပြုအပ်သမျှသော ဒါနမှု သီလမှု စသည်တို့အတွက် သဗ္ဗညုတဉာဏ်တည်းဟူသော အကျိုးတစ်ခုကိုသာ ရဖို့ရန် ရည်သန်တောင့်တမှု ပြုရသည်။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သည့် ချမ်းသာသုခ အဝဝကို မမျှော်လင့် မတောင့်တလေရာ။ ထိုသို့ မိမိ ပြုအပ်သမျှသော ကောင်းမှုတို့အတွက် သဗ္ဗညုတဉာဏ် အကျိုးတစ်ခုကို ရဖို့ရန်သာ ရည်သန်တောင့်တမှု ဆုတောင်းပြုခြင်း၌ လိမ္မာသိမြင်သော ပညာကို ဥပါယကောသလ္လဉာဏ် (= သဗ္ဗညုတဉာဏ် ရရာရကြောင်း နည်းလမ်းကောင်း ၌ လိမ္မာကျွမ်းကျင်သောဉာဏ်)ဟူ၍ ခေါ်ဆိုသည်။ ဤ မဟာကရုဏာတော်နှင့် ဥပါယကောသလ္လဉာဏ် နှစ်မျိုးတို့ကား ပါရမီ (၁၀)ပါး ပြီးစီးပြည့်စုံလာဖို့ရန် အခြေခံ အကြောင်းရင်းများ ဖြစ်ကြ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်