ကရင်ဘာသာစကား [၂] သည် လူဦးရေ ခုနစ်သန်းခန့်ရှိသော ကရင်လူမျိုးများက ပြောဆိုအသုံးပြုကြသည် ဘာသာစကားတစ်ခု ဖြစ်သည်။ ကရင်ဘာသာစကားများသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ အုပ်စုထဲတွင် ဆက်နွယ်မှုမှာ ရှင်းလင်းခြင်း မရှိပေ။[၃] ကရင်ဘာသာစကားများသည် စာရေးသားရာတွင် မြန်မာအက္ခရာ များကို အသုံးပြုသည်။[၄] အဓိက ကရင်ဘာသာစကားကြီး သုံးခုမှာ စကောကရင်ဘာသာစကား ၊ ပိုးကရင်ဘာသာစကား နှင့် ပအိုဝ်းဘာသာစကား တို့ ဖြစ်ကြသည်။ ကရင်နီ (ကယား) နှင့် ကယန်း (ပဒေါင်) တို့သည် စကော နှင့် ဆက်စပ်နေကြသည်။ အခြားသော ကရင်ဘာသာစကားများနှင့် နှိုင်းယှဉ်ပါက တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုတွင် ပုံစံကွဲနေပြီး ကတ္တား-ကြိယာ-ကံ (subject–verb–object) ပုံစံ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုမှာ ကတ္တား-ကံ-ကြိယာ (subject–object–verb) ပုံစံ ဖြစ်သည်။[၅] ယင်းမှာ မွန် နှင့် ထိုင်းဘာသာစကားများ ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။[၆] ထို့အပြင် ကရင်ဘာသာစကားများတွင် တရုတ်လွှမ်းမိုးမှု မရှိသည့်အတွက် ထူးခြားသည်ဟုလည်း မှတ်ယူနိုင်သည်။[၇]
ကရင်စကားသုံးစွဲသူအရေအတွက် [ ပြင်ဆင်ရန် ]
မြန်မာနိုင်ငံ အတွင်း ကရင်ဘာသာစကားပြောဆိုသုံးစွဲသူများအနက် စကောကရင် စကားပြောဆိုသူ ၁.၂၈ သန်း၊ အရှေ့ပိုးကရင်စကား ပြောဆိုသူ တစ်သန်းခန့်နှင့် အနောက်ပိုးကရင်စကားပြောဆိုသူ ၂၁၀၀၀၀ ခန့် ရှိပြီး အခြား ကရင်ဘာသာစကားကွဲများ ပြောဆိုသူ ငါးသိန်းကျော်ရှိသည်ဟု Ethnologue 16th edition တွင် ဖေါ်ပြထားသည်။
အင်တာနက် ပေါ်တွင် ကရင်-အင်္ဂလိပ် အဘိဓာန်များတင်ထားသည်လည်း ရှိသည်။
↑ (2013) "Karenic ", Glottolog . Leipzig: Max Planck Institute for Evolutionary Anthropology။
↑ Laurie Bauer, 2007, The Linguistics Student's Handbook , Edinburgh
↑ Graham Thurgood, Randy J. LaPolla (2003). The Sino-Tibetan Languages . Routledge. ISBN 0-7007-1129-5 ။
↑ Burmese/Myanmar script and pronunciation ။ Omniglot.com ။ 2015-05-05 တွင် ပြန်စစ်ပြီး။
↑ The Sino-Tibetan Language Family ။ Berkeley.edu ။ 2015-05-05 တွင် ပြန်စစ်ပြီး။
↑ Matisoff, James A. (1991). "Sino-Tibetan Linguistics: Present State and Future Prospects". Annual Review of Anthropology 20 : 469–504. Annual Reviews Inc.. doi :10.1146/annurev.an.20.100191.002345 .
↑ [၁] Archived July 21, 2006, at the Wayback Machine .
Peripheral မြောက်ပိုင်း အလယ်ပိုင်း တောင်ပိုင်း