သီတာဝုန်ကျောင်း

ဝီကီပီးဒီးယား မှ

သီတဝန သပ္ပသောဏ္ဍိက ပဗ္ဗာရ သီတာဝုန် သပ္ပသောဏ္ဍိက တောင်ဝှမ်းကျောင်းတိုက် သီတာဝုန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးသည် ရာဇဂြိုဟ်မြို့သို့ တစ်စုံတစ်ခုပြုဖွယ်ကိစ္စနှင့်ရောက်လာ၍ ဗုဒ္ဓမြတ်စွာဘုရား လောကတွင် ထင်ရှားပွင့်ထွန်းပေါ်လာတော်မူကြောင်း ကြားသိရ၍ အတိုင်းမရှိသော ပီတိအဟုန်အားဖြင့် မိုးမလင်းမီ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ အစဉ်အတိုင်း ဖြစ်သော ဒေသနာတော်မြတ် ဟောကြားတော်မူကာ ကိုယ်တိုင်ထုတ်ဖော် ဟောကြားအပ်သော သာမုက္ကံသိက ဒေသနာတော်အားဖြင့်, သစ္စာ ၄-ပါးသိ၍ တသက်ပန် ဥပါသကာအဖြစ် လျှောက်ထားလျက် ဆွမ်းလုပ်ကျွေးလှူဒါန်းပြီးနောက် သာဝတ္ထိသို့ ကြွရောက်တော် မူရန် ပင့်ဖိတ်လျှောက်ထားကြောင်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူပြီး သည်းခံတော်မူကြောင်း—

ဝိနည်းစူဠဝါ၊ သေနာသနက္ခန္ဓက၌၎င်း—

အခြားသုတ္တန်များ၌၎င်း—

ထင်ရှားစွာလာသောကြောင့်၎င်းသီတာဝုန်ကျောင်းတိုက်မှာ အနာထပိဏ်သူဌေးကြီးနှင့် ပဌမတွေ့တော်မူရာကျောင်းတိုက်ဖြစ်၍ ထင်ရှားသည့်အပြင် ရာဇဂြိုဟ်မြို့တော်ကြီးကို ဂေါစရဂါမ်ပြုသောကျောင်းတိုက်ဟူ၍လည်း မှတ်အပ်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)