မာတိကာသို့ ခုန်သွားရန်

သိန်းညွန့် (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
ဦး

သိန်းညွန့်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်)
ခေါင်းဆောင်စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင်
ယခင်လူရာထူးစတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဖေဖော်ဝါရီ ၂၀၂၃
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၃၀ မတ် ၂၀၁၆
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်သင်္ဃန်းကျွန်းမြို့နယ်
အနိုင်ရမဲ အရေအတွက်၄၈,၆၀၃[]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၆ ဒီဇင်ဘာ ၁၉၄၄&#၁၆၀;(၁၉၄၄-၁၂-၂၆) (အသက် ၈၁)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
အလုပ်အကိုင်နိုင်ငံရေးသမား

ဦးသိန်းညွန့် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[] ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ထူထောင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

နိုင်ငံရေး

[ပြင်ဆင်ရန်]

ဦးသိန်းညွန့်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။[] သို့သော် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်၍ ယှဉ်ပြိုင်ခြင်းမပြုသောကြောင့် ပါတီမှနုတ်ထွက်ခဲ့သည်။ ထို့နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်ရှိလာခဲ့သူများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့နှင့်အတူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို တည်ထောင်ခဲ့သည်။[]

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။[][] ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို ၂၀၁၁ အောက်တိုဘာတွင် တည်ထောင်ပြီး[] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[][]

ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ကလေးသူငယ်မုဒိန်း မှုကျူးလွန်သူများကို သေဒဏ်ပေးရေးလှုပ်ရှားမှု၊ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေမူကြမ်း တင်သွင်းခြင်း၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အဆို၊ မေးခွန်းတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။[]

အမျိုးသားဒီမိုကရေစီ ပါတီသစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ခဲ့သည်။[] ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ရာတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။[]

နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[] စစ်ကောင်စီဝင်ဖြစ်လာပြီးနောက် မေလ ၃ နှင့် ၅ တွင် ၎င်း၏သားဖြစ်သူပိုင်ဆိုင်သည်ဟု အငြင်းပွားဖွယ်နေအိမ်၌ ပါတီရုံးပြန်ဖွင့်ရန် ကြိုးပမ်းခဲ့သဖြင့် သားဖြစ်သူနှင့် အငြင်းပွားမှုတစ်ခုရှိခဲ့သည့်အပြင် အစောပိုင်းကာလ မတ် ၂၇ ရက် တွင် သားဖြစ်သူကို ဖမ်းဝရမ်းထုတ်ထားကြောင်း ဦးသိန်းညွန့်ကိုယ်တိုင်က ဖုန်းဆက်ခြိမ်းခြောက်ခဲ့သည်ဟု သတင်းတစ်ခုတွင် ၎င်း၏သားဖြစ်သူက ပြောဆိုထားမှုလည်းရှိသည်။ မေလ ၁၂ ၌ ထိုသားဖြစ်သူနှင့် ဇနီးကို စစ်ကောင်စီကဖမ်းဆီးခဲ့၏ ။[]

နိုင်ငံတော် ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဦးသိန်းညွန့် ပါမလာတော့ဘဲ ကောင်စီဝင်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ၏ အဖွဲ့ဝင်အဖြစ် ရာထူးလျှောကျသွားသည်။ ဝန်ကြီးအဆင့်နေအိမ်မှ ဖယ်ပေးရသည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင် နစကကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို တာဝန်ပေးခံရသည်။ []


အရေးယူပိတ်ဆို့ခံရခြင်း

[ပြင်ဆင်ရန်]

ဦးသိန်းညွန့်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၁ မေ ၁၇ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု နှင့် ဥရောပသမဂ္ဂ၏ ၂၀၂၁ ဧပြီ ၁၉ ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများအား ခံထားရသည်။ [] [၁၀]


ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် (ပြည်သူ့လွှတ်တော်) 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. 1 2 3 အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည် (in my)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. 1 2 3 "စစ်ကောင်စီဝင် ဦးသိန်းညွန့်၏ သားအရင်းနှင့် ချွေးမဖြစ်သူ ဖမ်းဆီးခံရ"၊ Myanmar Now၊ 12 May 2021။
  5. 1 2 ဦးသိန်းညွန့် ပါတီသစ်ထောင် (in my) (4 ဇူလိုင် 2011)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. 1 2 3 4 မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  7. အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ Myanmar Now (၁၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  9. မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်ခြင်း U.S. Embassy in Burma (၁၇ မေ ၂၀၂၁)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. COUNCIL IMPLEMENTING REGULATION (EU) 2021/638 of 19 April 2021implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma the European Union (19 April 2021)။ 1 Mar 2023 တွင် ပြန်စစ်ပြီး။