မာတိကာသို့ ခုန်သွားရန်

ရူပကဏ္ဍ

ဝီကီပီးဒီးယား မှ

အဘိဓမ္မပိဋက၊ ဓမ္မသင်္ဂဏီပါဠိ၊ ၂-ကဏ္ဍသည် ရုပ်တို့ကို ဧကဝိဓအစရှိသည်ဖြင့် အကျယ်ပြသော-အခန်း-အပိုင်း-ရူပကဏ္ဍ[]ဖြစ်သည်။ []

(ရူပကဏ္ဍသည် စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ, နိက္ခေပကဏ္ဍ, အဋ္ဌကထာကဏ္ဍဟူ၍ ဓမ္မသင်္ဂဏီပါဠိတော်၌ လာသော အပိုင်းကြီး လေးရပ်တို့တွင် ဒုတိယပိုင်းကဏ္ဍ ဖြစ်ပေသည်။

ထိုရူပကဏ္ဍကို ရုပ်တို့ကိုအကျယ်အားဖြင့်ပြရာ အပိုင်းဖြစ်သောကြောင့် “ရူပကဏ္ဍ” ဟူ၍ လည်းကောင်း ရုပ်တို့ကိ အကျယ်အားဖြင့် ခွဲခြမ်းဝေဖန်၍ ပြရာဖြစ်သောကြောင့် “ရူပဝိဘတ္တိ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ဆိုရလေသည်။ ထိုရူပကဏ္ဍသည် အရှင်သာရိပုတ္တရာမထေရ် ပို့ချပေးသော အစဉ်အားဖြင့် ၂-ဘာဏဝါရ {ဂါထာ-၅၀၀ = စာလုံးရေ ၁၆၀၀၀) ကျော်ခန့် အဝိုင်းအရှည်ရှိ၍ မြတ်စွာဘုရားသခင် ဟောကြားတော်မူသော အစဉ်အားဖြင့်ကား မရေမတွက်နိုင်လောက်‌အောင် ကျယ်ဝန်းများပြားပေသည်။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. ရူပကဏ္ဍ (ပု၊ န) [ရူပ+ကဏ္ဍ]
  2. အဘိ၊ဓ၊၁၄၅။ တဒနန္တရံ “ဧကဝိဓေန ဒုဝိဓေနာ” တိ အာဒိနာနယေန မာတိကံ ဌပေတွာ ဝိတ္ထာရေန ဝိဘဇိတွာ ဒဿိတာ ရူပဝိဘတ္တိနာမ။ ရူပကဏ္ဍန္တိပိ ဧတေဿေဝ နာမံ၊ (အဘိ၊ဋ္ဌ၊၁၊၇။ အဘိ၊ဋ္ဌ၊၁၊၃၃၅။ မူလဋီ၊၁၊၁၃၉။ အနုဋီ၊၁၊၁၄၆)။
  3. (အဘိ၊ဋ္ဌ၊၁၊၇။)
  4. တိပိဋကအဘိဓာန် အတွဲ-၁၇