မော်လူးမြို့

ဝီကီပီးဒီးယား မှ
(မော်လူး မှ ပြန်ညွှန်းထားသည်)
မော်လူးမြို့
မြို့
မော်လူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော်လူးမြို့
မော်လူးမြို့
မော်လူးမြို့ တည်နေရာ
ကိုဩဒိနိတ်: 24°27′54″N 96°10′47″E / 24.4649°N 96.1796°E / 24.4649; 96.1796ကိုဩဒိနိတ်: 24°27′54″N 96°10′47″E / 24.4649°N 96.1796°E / 24.4649; 96.1796
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကသာ
မြို့နယ်အင်းတော်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မော်လူးမြို့ သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း၊ ကသာခရိုင်အင်းတော်မြို့နယ်တွင် ပါဝင်သော မြို့ငယ်တစ်မြို့ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားကားလမ်း နံဘေးတွင် တည်ရှိသည်။

ကသာခရိုင် အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စုကို မြို့အဖြစ် တိုး ချဲ့ပြင်ဆင် ဖွဲ့စည်းကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ် မေ လ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။[၁] အင်းတော်မြို့နယ် မော်လူး ကျေးရွာအုပ်စုမှ မော်လူး၊ ဟဲနု၊ ကရင်၊ အုန်းဒုတ်၊ မင်းသာကျေး ရွာငါးရွာကို စုစည်း၍ မင်းရာဇာ၊ မင်းဇေယျာ၊ မင်းချမ်းသာ၊ မင်း သုခ၊ မင်းသစ္စာ၊ မင်းသီရိဟူ၍ ရပ်ကွက်ခြောက်ခု ပါဝင်သော မော်လူးမြို့အဖြစ် တိုးချဲ့ဖွဲ့စည်း သဖြင့် ကျေးရွာငါးရွာကို ပယ် ဖျက်ခဲ့သည်။ မော်လူးကျေးရွာ အုပ်စုတွင် ကျန်ရှိသော ပဲခူး၊ ရွာ ရှည်၊ သက်ရင်းတာ ဟူသည့်ကျေး ရွာ သုံးရွာစုစည်း၍ ပဲခူးကျေးရွာ အုပ်စု၊ နားခွင်းကျင် ကျေးရွာနှင့် လွင်ဦးကျေးရွာနှစ်ရွာ စုစည်း၍ နားခွင်းကျင်ကျေး ရွာအုပ်စုအဖြစ် အမည် ပြောင်းလဲဖွဲ့စည်းခဲ့သည်။


စေတီပုထိုးများ[ပြင်ဆင်ရန်]

ဒီပင်္ကရာမဟောစေတီတော်သည် မော်လူးမြို့ နှင် ၁ မိုင် အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပွဲတော်ကျင်းပခွင့် ဘုရားပွဲတော်များထဲမှာ ဒီပင်္ကရာဘုရားပွဲတော်သည်လည်း တစ်ပွဲ အပါအဝင်ဖြစ်သည်။ တတိယ သင်္ဂါယနာတင် သီရိဓမ္မာသောကမင်း ကြီး လှူဒါန်းကောင်းမှုဖြစ်သော တန် ခိုးကြီး သမိုင်းဝင် စေတီ တစ်ဆူဖြစ်သည်။[၂][၃]

ကျောက်စိမ်းထွက်ရာ‌‌‌ဒေသများ[ပြင်ဆင်ရန်]

အုတ်ရှစ်ကုန်းမှော် သူရောင်းမှော် ထုံးတောင်မှော် တို့ ရှိကြသည်။ ကွေ့ကြီး -လုံးတော်ကျောက်စိမ်းမှော်သည် မော်လူးဘူတာမှ အနောက်မြောက်ဘက်( ၄) မိုင်ခန့်အကွာတွင်တည်ရှိသည်။ သူရောင်းမှော်သည် မှော်လူးမှ အနောက်ဘက် (၃) မိုင်ခန့်အကွာတွင်လည်းကောင်း၊ အုတ်ရှစ်ကုန်းမှော်သည် မော်လူးမှ အနောက်တောင်ဘက် (၈) မိုင်ခန့်အကွာတွင်တည်ရှိသည်။[၄]

ပြည်တွင်းစစ်ကာလ[ပြင်ဆင်ရန်]

ပြည်သူ့ခုခံတော်လှန်စစ်ကာလတွင် ၁၀၂၇ စစ်ဆင်ရေးအချိန်အတွင်း မော်လူးမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သိမ်းပိုက်ခဲ့သည်။[၅] ဒေသခံအများစုသည် မြို့အား စွန့်ခွာထွက်ပြေးသွားသော်လည်း ပူးပေါင်းအဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က ပြည်သူ့အုပ်ချုပ်ရေးကို ဒီဇင်ဘာလလယ်တွင် စတင်ခဲ့သည်။ မြို့အား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။[၆]

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြို့အား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. မျိုးမင်းဦး (၂၃ မေ ၂၀၁၈)။ စစ်ကိုင်းတိုင်းရှိ မော်လူးနှင့် စိုင်ပြင်ကို မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်း။ 7Day News။ 13 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. https://www.myanmarevent.net/event_detail.php?id=796[လင့်ခ်သေ]
  3. https://www.mdn.gov.mm/my/meaaluudes9ttiukny-diipngkraa-bhuraapaitteaa-cnnykaasiukmiukcaa-kngpniungreattk-paitteaalunkhunre Archived 16 November 2020 at the Wayback Machine.
  4. https://www.weddingguide.com.mm/gold-jewellery/tips/item/2103-green-jewellery.html
  5. Hein Htoo Zan။ "Myanmar Resistance Forces Seize Fourth Sagaing Town" (in en)၊ The Irrawaddy၊ 13 December 2023။ 
  6. "People’s Administration Started in Captured Town in Indaw Township" (in en)၊ Kachin News Group၊ 19 December 2023။ 
  7. "Myanmar army launches offensive to retake Maw Luu from resistance" (in en)၊ Myanmar Now၊ 22 February 2024။