အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ

ဝီကီပီးဒီးယား မှ
(အာရပ်စော်ဘွားများပြည်ထောင်စု မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ
دولة الإمارات العربية المتحدة
Dawlat al-Imārāt al-‘Arabīyah al-Muttaḥidah
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
မြို့တော် အဘူဒါဘီမြို့
အကြီးဆုံး မြို့ ဒူဘိုင်းမြို့
ရုံးသုံးဘာသာများ အာရပ်ဘာသာ
အစိုးရ ဖက်ဒရယ် သမ္မတ စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ်
 •  သမ္မတ Khalifa bin Zayed Al Nahyan
 •  ဝန်ကြီးချုပ် Mohammed bin Rashid Al Maktoum
ထူထောင်ရေး
 •  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒီဇင်ဘာလ ၂ရက် ၁၉၇၁ 
ဧရိယာ
 •  စုစုပေါင်း ၈၃,၆၀၀ km² (၃၂,၂၇၈ sq mi) (အဆင့်: ၁၁၆)
 •  ရေဖုံးလွှမ်းမှု (%) မပြောပလောက်
လူဦးရေ
 •  ခန့်မှန်း ၄,၇၉၈,၄၉၁ (၂၀၀၇) (အဆင့် - ၁၂၀)
 •  လူဦးရေသိပ်သည်းမှု ၅၅/km² (၁၄၂.၅/sq mi)/km2 (အဆင့် - ၁၅၀)
GDP(PPP) ခန့်မှန်း
 •  စုစုပေါင်း ၁၈၂.၈၇၆ ဘီလီယံ
 •  Per capita US $ ၄၉,၉၉၅
HDI ၀.၈၁၅ (အမြင့်)
(အဆင့် - ၃၂)
ငွေ UAE ဒါဟမ် (AED)
Calling code +၉၇၁
Internet TLD .ae

အာရပ်စော်ဘွားများ ပြည်ထောင်စု ကို အဲမရိတ် သို့မဟုတ် ယူအေအီးဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပြီး အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှာ အရှေ့ဘက်တွင် အိုမန်နိုင်ငံ နှင့် အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ တို့ဖြစ်ကြသည်။ ကာတာနိုင်ငံ ၊ အီရန်နိုင်ငံတို့နှင့်လည်း ပင်လယ်နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။ ၂၀၁၃ ခုနှစ်တွင် လူဦးရေ စုစုပေါင်း ၉.၂ သန်းမျှ ရှိပြီး ၁.၄ သန်းမှာ အဲမရိတ် နိုင်ငံသားများ ဖြစ်ကာ ၇.၈ သန်းမှာ နိုင်ငံရပ်ခြားမှ လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။[၁]

၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုတွင် မြို့တော်ဖြစ်သော အဘူဒါဘီ နှင့်အတူ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ အွမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်းမား၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။ ပြည်နယ် တစ်ခုချင်းစီကို အကြွင်းမဲ့ အာဏာရှိသော စော်ဘွားတစ်ဦးစီမှ အုပ်ချုပ်ပြီး ၎င်းတို့အားလုံး စုပေါင်း၍ ဖက်ဒရယ် ထိပ်သီးကောင်စီ တစ်ခုအဖြစ် ပေါင်းစည်းထားသည်။ ၎င်းတို့ထဲမှာ စော်ဘွားတစ်ဦးအား အာရပ်စော်ဘွားများ ပြည်ထောင်စု၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ထားသည်။ အစ္စလာမ် ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်ပြီး အာရပ်ဘာသာ စကားမှာ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ် ဘာသာကို နေရာအနှံ့ အသုံးပြုကြသည်။

ယူအေအီးနိုင်ငံ၏ ရေနံထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဖြစ်ပြီး[၂] သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် အဆင့် ၁၇ ရှိသည်။[၃] ကွယ်လွန်သွားပြီ ဖြစ်သော အဘူဒါဘီ စော်ဘွား နှင့် ယူအေအီး၏ ပထမဆုံး သမ္မတဖြစ်ခဲ့သည့် ရှိတ်ဇာယာဒ်မှ အဲမရိတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ခဲ့ပြီး ရေနံမှာ ရသော အမြတ်ငွေများကို ကျန်းမာရေး စောင့်ရှောက်မှုများ၊ ပညာရေး နှင့် အခြေခံ အဆောက်အအုံတို့တွင် အသုံးချခဲ့သည်။[၄] ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများတွင် ယူအေအီး၏ စီးပွားရေးမှာ လုပ်ငန်း အစုံဆုံး ဖြစ်ပြီး လူဦးရေ အများဆုံး ဖြစ်သော ဒူဘိုင်းမြို့မှာ ကမ္ဘာ့မြို့တော် တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းဆက်သွယ်ရေး၏ ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။[၅][၆] သို့သော်လည်း နိုင်ငံ၏ စီးပွားရေးမှာ သဘာဝဓာတ်ငွေ့ နှင့် ရေနံ တင်ပို့ရောင်းချမှုပေါ်တွင် များစွာ မှီခိုနေရဆဲ ဖြစ်သည်။[၇][၈][၉]

ယူအေအီးမှာ ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ဝေဖန်နေရဆဲ ဖြစ်ပြီး ဥပဒေအတွင်း ရှာရီယာ ဥပဒေ၏ ပါဝင်ပတ်သက်မှုများကြောင့်လည်း ပါဝင်သည်။[၁၀][၁၁][၁၂] ယူအေအီး၏ နိုင်ငံတကာတွင် နေရာတစ်ခု ရယူလာမှုကြောင့် ဝေဖန်သုံးသပ်သူ အချို့က ဒေသအတွင်း ဩဇာလွှမ်းမိုးမှု ရှိသောနိုင်ငံနှင့် ကမ္ဘာ့ အင်အား အသင့်အတင့်ရှိ နိုင်ငံ တစ်ခု အဖြစ် သတ်မှတ်ကြသည်။[၁၃][၁၄]

သမိုင်း[ပြင်​ဆင်​ရန်​]

ရှေးဟောင်းခေတ်[ပြင်​ဆင်​ရန်​]

ယူအေအီးတွင် လူသားတို့ စတင်နေထိုင်သည်ဟု သိရှိရသော အချိန်မှာ ဘီစီ ၅၅၀၀ ခန့်တွင် ဖြစ်သော်လည်း ယူအေအီးနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀,၀၀၀ ခန့်က မီးခေတ်ကျောက်များကို တွေ့ရှိရ၍ ထိုစဉ်ကတည်းက လူနေထိုင်မှု ရှိသည်ဟု ယူဆရသည်။[၁၅] ထိုစဉ်အချိန်ကတည်းက ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ယူဆရသော သက်သေရှိခဲ့ပြီး အထူးသဖြင့် မက်ဆိုပိုတေးမီးယား၏ အနောက်မြောက်ဘက်ရှိ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနှင့် ဖြစ်သည်။ ထိုသို့ ဆက်သွယ်မှုများကို တောက်လျှောက် တွေ့ရပြီး အမျိုးအစားစုံလင်သည်။ ဟာဂျာတောင်များမှ ကြေးနီကို ဘီစီ ၃၀၀၀ ခန့်ကပင် စတင် ကုန်သွယ်မှု ပြုခဲ့ခြင်း ဖြစ်နိုင်သည်။[၁၆] ၆၃၇ ခုနှစ်တွင် ဂျူလ်ဖာ (ယနေ့ခေတ် ရာဆယ်ခိုင်မာရ်)အား အစ္စလာမ်ဘာသာဝင်တို့ အီရန်ရှိ ဆပ်စေးနီးယန်း အင်ပိုင်ယာအား ကျူးကျော်ရာတွင် တပ်စခန်း အဖြစ် အသုံးပြုခဲ့ကြသည်။[၁၇] အေဒီ ၂ ရာစုတွင် အာရေဗျ၏ တောင်ပိုင်းကမ်းရိုးတန်းတွင်လူမျိုးစုတို့ ရွေ့လျားမှုများ ရှိခဲ့ပြီး အက်ဇ်ဒိုက် ကာတာနီ ( သို့မဟုတ် ယာမာနီ) နှင့် ကူဒါလူမျိုးစုများမှ ဟာဂျာတောင်ကုန်းများ၏ အနောက်တောင်ပိုင်းတွင် နေရာယူခဲ့ကြပြီး ဆပ်စေးနစ် တို့က အရှေ့ဘက် သို့မဟုတ် ဘာတီနာ ကမ်းရိုးတန်းကို လွှမ်းမိုး ထားခဲ့ကြသည်။ အယ်လ် ဘာရန်ဟု ခေါ်ဆိုသော ပါရှားကမ်းရိုးတန်းနှင့် တူရန်ဟု ခေါ်ဆိုသော အတွင်းပိုင်း အိုအေစစ် မြို့ အယ်လ်အန်တို့သည့် အရှေ့ဘက် ကမ်းရိုးတန်းမှ အတွင်းပိုင်းသို့ ကုန်သွယ်မှု ပြုရာလမ်းကြောင်းတွင် အရေးပါသော ခရီးထောက်နားရာ နေရာ ဖြစ်ခဲ့သည်။[၁၈]

ယူအေအီးတွင် ရှိသော ခရစ်ယာန်တို့၏ အစောဆုံး နေရာကို ၁၉၉၀ ခုနှစ်များတွင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး ဆာရ်ဘာနီ ယပ်စ် ကျွန်းဟု ခေါ်သော ကြီးမားကျယ်ပြန့်သည့် ဘာသာရေး အဆောက်အဦးများဖြစ်ကာ ၇ ရာစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နက်စတိုးရီးယန်း ဘုရားကျောင်း ဖြစ်၍ အေဒီ ၆၀၀ ခန့်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အေဒီ ၇၅၀တွင် ထိုဘုရားကျောင်းအား ငြိမ်းချမ်းစွာ စွန့်ခွာခဲ့သည့် ပုံ ပေါ်သည်။[၁၉] ထိုတွေ့ရှိမှုကြောင့် အာရပ်ကျွန်းဆွယ်တွင် အေဒီ ၅၀ ခုနှစ်မှ ၃၅၀ အတွင်း ကုန်သွယ်ရေး လမ်းကြောင်းများ၏ နောက်မှ လိုက်၍ ခရစ်ယာန်ဘာသာ ပျံ့နှံ့ခဲ့သည့်ဟု ယူဆရသော ရှားပါးသော အထောက်အထား တစ်ခုဖြစ်သည်။ သေချာသည့် အချက်မှာ အိုမန်တွင် ဂျွန်ဟု ခေါ်သော ဘစ်ရှော့တစ်ဦး ၅ရာစုတွင် ရှိခဲ့ပြီး အိုမန်၏ နောက်ဆုံး ဘစ်ရှော့မှာ ၆၇၆ ခုနှစ်တွင် ရှိခဲ့သော အစ်တီးယန်း ဖြစ်သည်။[၂၀]

အစ္စလာမ်[ပြင်​ဆင်​ရန်​]

အာရပ်ကျွန်းဆွယ်၏ အရှေ့မြောက်ထိပ်စွန်းသို့ အစ္စလာမ်ဘာသာ ပျံ့နှံ့ရခြင်းမှာ အေဒီ ၆၃၀ တွင် အစ္စလာမ်တို့၏ တမန်တော် မိုဟာမက်ထံမှ အိုမန်ရှိ အုပ်ချုပ်သူများသို့ ဟစ်ဂျရာဟု ခေါ်သော အစ္စလာမ်တို့၏ ရွေ့လျားမှုအပြီး ၉ နှစ်အကြာ တွင် တိုက်ရိုက်ပေးပို့သော စာ၏ နောက်ဆက်တွဲများ ဖြစ်သည်ဟု ယူဆရသည်။ ထို့နောက်တွင် အုပ်ချုပ်သူများ အုပ်စုဖွဲ့၍ မဒီနာမြို့သို့ သွားရောက်ကြကာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းပြီးနောက်တွင် မြောက်ဘက် ကမ်းရိုးတန်းကို လွှမ်းမိုးထားသော လူကြိုက်နည်းသသည့် ဆပ်စေးနစ်တို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။[၂၁] တမန်တော် မိုဟာမက် ကွယ်လွန်ပြီးနောက် ပါရှန်းပင်လယ်ကွေ့၏ တောင်ဘက်ရှိ အစ္စလာမ် အဖွဲ့အစည်းအသစ်များမှ မွတ်စလင် ခေါင်းဆောင်များကို ပုန်ကန်၍ ခွဲထွက်ရန် ကြိုးစားကြသည်။ အဘူဘက်ကာမှ မဒီနာမြို့မှ စစ်တပ်တစ်တပ်ကို စေလွှတ်ခဲ့ပြီး ၎င်းတို့မှ ရစ်ဒါစစ်ပွဲဖြင့် နယ်မြေများကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကာ သွေးလွှမ်းသော ဒစ်ဘာ တိုက်ပွဲတွင် လူဦးရေ ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ယူဆရသည်။[၂၂] ထိုအဖြစ်အပျက်မှ ကယ်လီဖိတ်၏တည်တံ ခိုင်မြဲမှုကို ပြသခဲ့ပြီး အာရပ်ကျွန်းဆွယ်ကို အသစ်ပေါ်ထွန်းလာသော ရာရှီဒွန် ကယ်လီဖိတ်၏ အောက်တွင် စုစည်းနိုင်ခဲ့သည်။

အော့တမန်နှင့် ပေါ်တူဂီခေတ်[ပြင်​ဆင်​ရန်​]

ကြမ်းတမ်းသော သဲကန္တာရ ပတ်ဝန်းကျင်မှ နေ၍ စွယ်စုံရသော လူမျိုးစုများ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ လှည့်လည်သွားလာနေသော အုပ်စုများ ဖြစ်ကြပြီး အသက်ရှင်နေထိုင်ရေး အတွက် တိရစ္ဆာန် မွေးမြူခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်း စသည့် အမျိုးမျိုးသော အလုပ်များကို လုပ်ကိုင်ကြသည်။ ထိုအုပ်စုတို့ ရာသီအလိုက် ပြောင်းရွှေ့နေထိုင်မှုမှ စ၍ အုပ်စုအချင်းချင်း မကြာခဏ ပဋိပက္ခ ဖြစ်ပွာလေ့ ရှိရာမှ ရာသီ အလိုက် သို့မဟုတ် ရာသီတစ်ခု ၏ တစိတ်တဒေသ နေထိုင်ရာ နေရာများ ရှိလာခဲ့ကြသည်။ ၎င်းတို့၏ လူမျိုးစု အဖွဲ့များကို ဖွဲ့စည်းကြပြီး အဘူဒါဘီရှိ ဘာနီရပ်စ် နှင့် အယ်ဘူဖာလာ၊ ကမ်းရိုးတန်းရှိ အယ်လ် အိန်၊ လီဝါ နှင့် အယ်လ်ဘာရိန်း၊ ကုန်းတွင်းပိုင်းရှိ ဒဝါဟီယာ၊ အဝါမီယာ နှင့် မနာဆီယာ၊ အရှေ့ဘက် ကမ်းရိုးတန်းရှိ ရှာကိုင်ရင် နှင့် မြောက်ဘက်ရှိ ကာဝါဆင် တို့ အပါအဝင် အချို့သော အစုအဖွဲ့ အမည်များမှာ ယနေ့ခေတ် အယ်မရိတ်နိုင်ငံသားများ ဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်။

၁၆ရာစုသို့ ရောက်သော အခါတွင် ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများနှင့် ဒေသတွင်းရှိ လူဦးရေ၏ အချို့အဝက်မှာ အော့တမန်အင်ပိုင်ယာ၏ လွှမ်းမိုးမှုအောက်တွင် တိုက်ရိုက် ကျရောက်လျှက် ရှိသည်။ [၂၃][၂၄][၂၅] ၁၇ ရာစုတွင် ယနေ့ခေတ် အဘူဒါဘီ ဟုခေါ်သော နေရာတွင် တည်ရှိခဲ့သော အားကောင်းသော အဖွဲ့အစည်းမှာ ဘာနီရပ်စ် ကွန်ဖက်ဒရေးရှင်း ဖြစ်သည်။[၂၆][၂၇][၂၈] ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများ အပေါ် ပေါ်တူဂီတို့မှ ဩဇာလွှမ်းမိုးမှု ရှိခဲ့ပြီး အထူးသဖြင့် အရှေ့ဘက် ကမ်းရိုးတန်းရှိ မူစကက်၊ ဆိုဟာ နှင့် ခိုရ်ဖာကန် တို့တွင် ဖြစ်သည်။ ၁၆ ရာစုတွင် ကမ်းရိုးတန်းနေ လူမျိုးစုများအပေါ် အယ်ဘူကာကီ နှင့် ၎င်းနောက်မှ လိုက်သော ပေါ်တူဂီတပ်မှူးများမှ သွေးလွှမ်းသော တိုက်ပွဲများဖြင့် အောင်မြင်ခဲ့ပြီးနောက် ခံတပ်များတည်ဆောက်ခဲ့ကြသည်။[၂၉]

ပါရှန်းပင်လယ်ကွေ့၏ တောင်ပိုင်း ကမ်းရိုးတန်းကို ဗြိတိသျှတို့က ပင်လယ်ဓားပြ ကမ်းရိုးတန် အဖြစ် သတ်မှတ်ခဲ့ကြသည်။ အကြောင်းမှာ ထိုဒေသတွင် အခြေစိုက်သော အယ်လ်ကာဝါဆင်တို့၏ လှေများက ဗြိတိသျှ အလံတင်ထားသော သင်္ဘောများကို ၁၇ ရာစုမှ ၁၉ ရာစု အထိ အနှောက်အယှက် ပေးခဲ့သောကြောင့် ဖြစ်သည်။ [၃၀] အိန္ဒိယ ကုန်သွယ်ရေးကို ဓားပြတိုက် နှောက်ယှက်သူများ၏ ဘေးရန် မှ ကာကွယ် ရန် အတွက် ရပ်စ်-အယ်လ်-ခိုင်းမား မှ စခဲ့သော စစ်ဆင်ရေးမှ အစပြု၍ ၁၈၀၉ ခုနှစ်တွင် ဌာနချုပ်နှင့် ကမ်းရိုးတန်း တလျှောက်ရှိ သင်္ဘောဆိပ်များကို ၁၈၀၉ ခုနှစ်တွင် တစ်ကြိမ် ၁၈၁၉ ခုနှစ်တွင် တစ်ကြိမ် ဆိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှ တို့နှင့် ဒေသခံ အုပ်ချုပ်သူ အချို့တို့ ပါရှန်းပင်လယ်ကွေ့ တလျှောက်ရှိ ပင်လယ်ဓာပြများကို တိုက်ခိုက်ရန် အတွက် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ရာမှ တဆင့် ကမ်းရိုးတန်းရှိ စော်ဘွားတိုင်းပြည်များ၏ အနေအထားကို ဖော်ပြသော ထရူရှယ်တိုင်းပြည်များ ဆိုသော အသုံးအနှုန်း ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၃ နှင့် ၁၈၅၃ တို့တွင် နောက်ထပ်စာချုပ်များ ထပ်မံ ချုပ်ဆိုခဲ့ကြသည်။

ပြင်သစ် နှင့် ရုရှားနိုင်ငံ အစရှိသော အခြားသော ဥရောပနိုင်ငံများ၏ ရည်ရွယ်ချက်ကို တုံ့ပြန်ရန် အတွက် ဗြိတိသျှတို့နှင့် ထရူရှယ် စော်ဘွားနိုင်ငံများသည် ၁၈၉၂ ခုနှစ် စာချုပ်တွင် ဆက်ဆံရေး ပိုမို နီးကပ်စွာ တည်ဆေက်ခဲ့ကြပြီး ဗြိတိသျှတို့ အနေနှင့် အခြားသော ပါရှားပင်လယ်ကွေ့ နိုင်ငံများနှင့်လည်း အလားတူ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ စော်ဘွားများမှ ၎င်းတို့၏ နယ်မြေများကို ဗြိတိသျှတို့မှ အပ အခြားသူများအား မပေးအပ်ရန်နှင့် ဗြိတိသျှတို့၏ သဘောတူညီချက် မပါဝင်ဘဲ အခြားသော နိုင်ငံခြား အစိုးရများနှင့် ဆက်ဆံခြင်း မပြုရန် သဘောတူခဲ့ပြီး ဗြိတိသျှ တို့မှလည်း ထရူရှယ်နိုင်ငံများ၏ ကမ်းရိုးတန်းအား ပင်လယ်မှ ဝင်ရောက်တိုက်ခိုက်ခြင်းကို အကာအကွယ်ပေးရန်နှင့် ကုန်းမြေပေါ်မှ တိုက်ခိုက်လာပါကလည်း အကူအညီပေးရန် ကတိပြုခဲ့သည်။ ထိုသီးသန့် သဘောတူညီချက်ကို အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ ရပ်စ်-အယ်လ်-ခိုင်းမား နှင့် အွမ်-အယ်-ကူဝိန်း တို့အား အုပ်ချုပ်သူများမှ ၁၈၉၂ ခုနှစ် မတ်လ ၆ ရက်မှ ၈ ရက်ကြားတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အား အိန္ဒိယ ဘုရင်ခံ နှင့် လန်ဒန်ရှိ ဗြိတိသျှ အစိုးရတို့မှ ဆက်လက်၍ လက်မှတ် ရေးထိုးခဲ့ကြသည်။[၃၁] ဗြိတိသျှတို့၏ ပင်လယ်ပြင် စောင့်ကြပ်ပေးမှုကြောင့် ပုလဲရှာ သင်္ဘောများ အနေနှင့် အတန်အသင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ခဲ့သည်။ သို့သော် ဗြိတိသျှတို့မှ ကျွန်ကုန်သွယ်မှုကို တားမြစ်ထားသဖြင့် အချို့သော စော်ဘွားများ နှင့် ကုန်သည်များအတွက် အရေးကြီးသော ငွေရပေါက် ရလမ်း တစ်ခု ပိတ်သွားခဲ့သည်။[၃၂] ပင်လယ်ဓားပြမှုများနှင့် ပတ်သက်သော စွပ်စွဲချက်ကို ခေတ်သစ် အီမရိတ် သမိုင်းပညာရှင်တို့က ငြင်းဆိုခဲ့ပြီး ယခုလက်ရှိ ရှာဂျာ၏ စော်ဘွားမှလည်း ၎င်း၏ ၁၉၈၆ ခုနှစ်ထုတ် စာအုပ် "ဆန်းကြယ်သော အာရပ် ပင်လယ်ဓားပြမှုများ"တွင် ငြင်းဆိုထားခဲ့သည်။[၃၃]

ဗြိတိသျှခေတ် နှင့် ရေနံတွေ့ရှိခြင်း[ပြင်​ဆင်​ရန်​]

၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းတွင် ပုလဲရှာဖွေရေး လုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့ပြီး ပါရှန်းပင်လယ်ကွေ့တွင် နေထိုင်သူများ အတွက် ဝင်ငွေ နှင့် အလုပ်အကိုင် ရရှိစေခဲ့သည်။ ပထမ ကမ္ဘာစစ် ဖြစ်ပွားခြင်းကြောင့် ထိုလုပ်ငန်းကို ကြီးမားစွာ ထိခိုက်စေခဲ့သော်လည်း အဓိကအားဖြင့် ထိုလုပ်ငန်း ကွယ်ပျောက်သွားရသည့် အကြောင်းမှာ ၁၉၂၀ ခုနှစ် နှောင်းပိုင်း နှင့် ၁၉၃၀ ခုနှစ်များ အတွင်း ဖြစ်ပွားခဲ့သော ငွေကျုံ့ခြင်း နှင့် ပုလဲမွေးမြူရေး လုပ်ငန်း ပေါ်ပေါက် လာခြင်းကြောင့် ဖြစ်သည်။ ကျန်ရှိနေသေးသော လုပ်ငန်းများမှာ ဒုတိယကမ္ဘာစစ် အပြီး မကြာမီတွင် လွတ်လပ်ရေး ရပြီးခါစ အိန္ဒိယ အစိုးရသစ်မှ ပါရှားပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများမှ တင်ပို့သော ပုလဲများကို အခွန်အတုပ် ကြီးမားစွာ ကောက်ခံခြင်းကြောင့် ကွယ်ပျောက်သွားခဲ့သည်။ ပုလဲလုပ်ငန်း ကျဆင်းခြင်းကြောင့် ထရူရှယ်နိုင်ငံများတွင် ကြီးစွာသော စီးပွားရေး အကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရသည်။[၃၄]

၁၉၅၀ ခုနှစ် ဒူဘိုင်းမြို့

ဗြိတိသျှတို့က စော်ဘွားနယ်များအတွင်းရှိ အသေးစား ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီရန် အတွက် ဒေသဖွံ့ဖြိုးရေး ရုံးတစ်ရုံးအား ဖွင့်လှစ်ခဲ့သည်။ စော်ဘွားနယ်များ အတွင်းမှ စော်ဘွား ၇ ယောက်တို့က ၎င်းတို့အကြားရှိ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် ကောင်စီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးရေးရုံးအား လွှဲပြောင်းရယူခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထရူရှယ်နိုင်ငံများကောင်စီကို ဖွဲ့စည်းခဲ့ပြီး [၃၅] ဒူဘိုင်းစော်ဘွား ရာရှစ်၏ ဥပဒေ အတိုင်ပင်ခံ အဒီဘီတာအား ကောင်စီ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥပဒေ အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုကို တည်ထောင်ပြီးနောက်တွင် ကောင်စီကို ဖျက်သိမ်းခဲ့သည်။[၃၆] လူမျိုးစု အသွင်သဏ္ဌန် နေထိုင်ကြသော လူ့အဖွဲ့အစည်း ပုံစံနှင့် စော်ဘွားနယ်များ အကြားတွင် နယ်နိမိတ် မရှိခြင်းကြောင့် အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး ညှိနှိုင်းမှု ဖြင့် ဖြစ်စေ ရှားရှားပါးပါး အင်အားသုံး၍ ဖြစ်စေ ဖြေရှင်းလေ့ ရှိသည်။ ဗြိတိသျှတို့က ထရူရယ် အိုမန် စကောက်ဟု ခေါ်သော စစ်တပ် အသေးစားကလေး တစ်ခုကို အသုံးပြု၍ ငြိမ်းချမ်းရေး ထိန်းသိမ်း ခဲ့ကြသည်။

၁၉၅၅ ခုနနှစ် အိုမန်နှင့် အဘူဒါဘီ တို့အကြား တောင်ပိုင်းရှိ နယ်နိမိတ် တစ်ခုဖြစ်သည့် ဘူရိုင်မီ အိုအေစစ် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာတွင် ဗြိတိသျှတို့က အဘူဒါဘီ ဘက်မှ ရပ်တည်ခဲ့သည်။[၃၇] ၁၉၇၄ ခုနှစ် သဘောတူညီချက်ဖြင့် အဘူဒါဘီ နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ကြား နယ်စပ်အငြင်းပွားမှု ပြဿနာအား ဖြေရှင်းနိုင်ခဲ့သော်လည်း ထိုသဘောတူညီချက်မှာ အတည်မပြုရ သေးပေ။[၃၈] အာရပ်စော်ဘွားများ ပြည်ထောင်စု နှင့် အိုမန်နိုင်ငံတို့ အကြားရှိ နယ်စပ်ကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ [၃၉]

၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ အစိုးရမှ ထရူရှယ်နိုင်ငံ ခေါင်းဆောင်များ ထံမှ နိုင်ငံခြား ကုမ္ပဏီများအား လုပ်ပိုင်ခွင့် မပေးရန် တရားဝင် ကတိကို ရရှိခဲ့သည်။ ပါရှားတွင် ၁၉၀၈ မှ စ၍ လည်းကောင်း၊ မက်ဆိုပိုတေးမီးယားတွင် ၁၉၂၇ ခုနှစ်မှ စ၍ လည်းကောင်း ရေနံ ရှာဖွေ တွေ့ရှိခဲ့မှုကြောင့် သဘာဝ အရင်းအမြစ်များ ထုတ်လုပ်ရန် အလားအလာ ရှိကြောင်း သိရှိခဲ့ရသဖြင့် ဗြိတိသျှ တို့ ဦးဆောင်သော ရေနံကုမ္ပဏီ တစ်ခု ဖြစ်သည့် အီရတ် ရေနံ ကုမ္ပဏီ (အိုင်ပီစီ) မှ ဒေသအား စိတ်ဝင်စားမှု ပြသခဲ့သည်။ နောင်တွင် ဘီပီ ရေနံကုမ္ပဏီ ဖြစ်လာမည့် အင်ဂလို ပါရှား ရေနံကုမ္ပဏီ (အေပီအိုစီ) မှ အိုင်ပီစီတွင် ရှယ်ယာ ၂၃.၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။ ၁၉၃၅ မှ စ၍ ကုန်းတွင်း ရေနံ ရှာဖွေရန် အတွက် ဒေသတွင်း ခေါင်းဆောင်များနှင့် သဘောတူညီမှု ရရှိခဲ့ပြီး အိုင်ပီစီ၏ အပေါင်းအပါ ကုမ္ပဏီ တစ်ခု ဖြစ်သော ရေနံ ကွန်ဆက်ရှင်း လိမိတက်၏ ကိုယ်စား အေပီအိုစီမှ ပထမဆုံး အကြိမ် လက်မှတ် ရေးထိုးခဲ့သည်။[၄၀] အေပီအိုစီ အနေနှင့် အိုင်ပီစီမှ တဆင့် လုပ်ကိုင်ရန် လိုအပ်သော အနီရောင်မျဉ်းကြောင်း သဘောတူညီချက်ကြောင့် ဒေသဖွံ့ဖြိုးရေးကို တစ်ဦးတည်း လုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ ပီစီအယ်လ် နှင့် ထရူရှယ် ခေါင်းဆောင်များ အကြားတွင် စာချုပ်အချို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ပုလဲကုန်သွယ်မှု ပြိုလဲသွားပြီးနောက် ဆင်းရဲမှုနှင့် ကြုံတွေ့နေရသော ဒေသများ အတွက် အသုံးဝင်သော အကျိုးအမြတ်များကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သို့သော် ခေါင်းဆောင်များ အနေနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီရန်၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ နှင့် ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ ရေနံကြောင့် တိုးပွားလာသော ချမ်းသာမှုများကို လက်တွေ့ မြင်တွေ့နိုင်ရန်မူ ခဲယဉ်းနေသေးသည်။ အဘူဒါဘီရှိ ပထမဆုံး လွန်တွင်းကို အိုင်ပီစီမှ လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည့် ထရူရှယ် ကမ်းရိုးတန်း ရေနံ ဖွံ့ဖြိုးရေး ကုမ္ပဏီ (ပီဒီတီစီ) မှ ၁၉၅၀ တွင် ရပ်စ်ဆာဒါ၌ စတင် တူးဖော်ခဲ့သည်။ ပေပေါင်း ၁၃,၀၀၀ နက်သော လွန်တွင်းနက် ဖြစ်ပြီး ၁ နှစ်မျှ ကြာအောင် တူးဖော်ခဲ့သော်လည်း ရေနံ မတွေ့ရှိခဲ့ပဲ ထိုခေတ်အခါက များပြားလှသော ကုန်ကျစရိတ်ဖြစ်သည့် စတာလင်ပေါင်တစ်သန်း မျှ ကုန်ကျခဲ့သည်။

လွတ်လပ်ရေးရခြင်း(၁၉၇၁)[ပြင်​ဆင်​ရန်​]

လွတ်လပ်ရေး ရပြီးနောက်[ပြင်​ဆင်​ရန်​]

ပထဝီဝင်[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဥပဒေ[ပြင်​ဆင်​ရန်​]

မီဒီယာ[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Labor Migration in the United Arab Emirates: Challenges and Responses။ migrationpolicy.org။
  2. Oil – proved reserves။ Cia.gov။ Archived from the original on 20 October 2012။
  3. Natural Gas. BP Statistical Review of World Energy June 2012
  4. United Arab Emirates profile။ BBC News (14 November 2012)။
  5. Iyer၊ Srinivasan။ "Dubai International is world’s busiest airport"၊ The National၊ 30 December 2014။ 
  6. IMF Data Mapper။ Imf.org။
  7. The World Factbook
  8. WTO Trade Statistic 2009Stat.wto.org
  9. Economic diversification in the GCC countries
  10. Sharia law and Westerners in Dubai: should non-Muslims in UAE be made to face Islamic justice?
  11. United Arab Emirates: Torture and FloggingFanack
  12. Country Reports on Human Rights Practices for 2008Jeffrey T. Bergner
  13. Laipson၊ Ellen (3 September 2014)။ The UAE and Egypt's New Frontier in LibyaThe National Interest။ 26 October 2014 တွင် ပြန်စစ်ပြီး။
  14. Evans၊ Gareth (29 June 2011)။ Middle Power Diplomacy။ 26 October 2014 တွင် ပြန်စစ်ပြီး။
  15. Pennington၊ Roberta။ "UAE archaeologist discovers the Swiss Army knife from 130,000 years ago"၊ The National၊ 5 February 2014။ November 2014 တွင် ပြန်စစ်ပြီး 
  16. Abu Dhabi Islands Archaeological Survey (ADIAS)။ Adias-uae.com။
  17. (2001) United Arab Emirates, a New Perspective, 83–84. ISBN 978-1-900724-47-0. 
  18. Bey, Frauke (1996). From Trucial States to United Arab Emirates, 22–23. ISBN 0582277280. 
  19. Thomas၊ Jen။ "Ancient secrets of Sir Bani Yas unveiled"၊ The National၊ 12 December 2012။ November 2014 တွင် ပြန်စစ်ပြီး 
  20. Hawley, Donald (1971). The Trucial States, 48–51. ISBN 9780049530058. 
  21. Bey, Frauke (1996). From Trucial States to United Arab Emirates, 127. ISBN 0582277280. 
  22. Bey, Frauke (1996). From Trucial States to United Arab Emirates, 127–128. ISBN 0582277280. 
  23. History of the UAE. Sinimar.eu. Retrieved on 10 October 2015.
  24. History of The United Arab Emirates – Ottoman Rule. Liquisearch.com. Retrieved on 10 October 2015.
  25. Diabetes, Fight. (17 March 2012) British and Ottoman rule. Historyuaeedu.blogspot.com.tr. Retrieved on 10 October 2015.
  26. Bey, Frauke (1996). From Trucial States to United Arab Emirates, 43. ISBN 0582277280. 
  27. 'Kashf Al Gumma' "Annals of Oman from Early times to the year 1728 AD" – Journal of the Asiatic Society of Bengal, 1874
  28. Ibn Ruzaiq, translated by GP Badger, "History of the Imams and Sayids of Oman", London 1871
  29. Bey, Frauke (1996). From Trucial States to United Arab Emirates, 282. ISBN 0582277280. 
  30. November 3, 2008 – The UAE is the old Pirate Coast. Not much has changed.Wayne Madsen Report
  31. Tore Kjeilen (4 April 2007)။ Trucial States။ Looklex.com။
  32. United Arab Emirates – The Economy". Library of Congress Country Studies. Countrystudies.us. Retrieved 14 July 2013.
  33. Al Qasimi, Sultan (1986). The Myth of Arab Piracy in the Gulf. ISBN 0709921063. 
  34. UAE History & Traditions: Pearls & pearlingUAEinteract
  35. Al Khaleej News Paper။ Archived from the original on 3 August 2008။
  36. Trucial States Council until 1971 (United Arab Emirates)။ Fotw.net။ Archived from the original on 29 April 2011။
  37. United Arab Emirates (06/07)။ State.gov။
  38. (7 October 2014) Global Security Watch – Saudi Arabia. Santa Barbara: ABC-CLIO, 99. ISBN 978-0-313-38699-2. Retrieved on 20 June 2015. 
  39. "Historic UAE-Oman accord involves 272km of border"၊ Gulf News၊ 22 July 2008။ November 2014 တွင် ပြန်စစ်ပြီး 
  40. Heard, David (2013). From Pearls to Oil, 41–42. ISBN 9781860633119.