အော့တမန် အင်ပိုင်ယာ
အော်တိုမန်အင်ပါယာ (Ottoman Empire) သည် တူရကီတို့ ထူထောင်ခဲ့သော အင်ပါယာ ၁၆ ခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၂၉၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် အထိ သက်တမ်းကြာမြင့်ခဲ့သည်။ အော်တိုမန် အင်ပါယာသည် သမိုင်းကြောင်းတွင် အကြီးဆုံးနှင့် အကြာမြင့်ဆုံးသော အင်ပါယာများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုအင်ပါယာသည် အစ္စလာမ် ဘာသာဝင်နှင့် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတို့မှ ထူထောင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အော်တိုမန် အင်ပါယာကြီးကို တူရကီ အင်ပါယာ[၄](သို့) အော်တိုမန် အင်ပါယာ[၅][၆]လို့လဲ ခေါ်ဆိုကြပြီး ၁၃ရာစု အကုန်တွင် တူရကီ လူမျိုးခေါင်းဆောင် အိုစမန်မှ Bilecik နှင့် Sogut အနီးတွင် စတင်တည်ထောင်ခဲ့သည်[၇]။ ၁၃၅၄ ခုနှစ် နောက်ပိုင်းတွင် အော်တိုမန် အင်ပါယာကြီးမှာ ဥရောပထိ ကျယ်ပြန့်လာခဲ့ပြီး ဘော်လကန် ဒေသအောင်မြင်မှုနှင့် အတူ တိုက်ကြီးများဖြတ်ကျော်ပိုင်ဆိုင်သော အင်ပါယာကြီးဖြစ်လာခဲ့သည်။ အော်တိုမန် အင်ပါယာကြီးသည် ၁၄၅၃ တွင် ကွန်စတန်တီနိုပယ်ကို အောင်နိုင်ပြီး ဘိုင်ဇန်တိုင်း အင်ပါယာကို အဆုံးသတ်ပေးခဲ့သည်။[၈]
၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များအတွင်း ဩဇာအာဏာ အထွဋ်အထိပ်သို့ ရောက်နေချိန်တွင် ထိန်းချုပ်ထားသော နယ်မြေများတွင် ဥရောပ အရှေ့တောင်ပိုင်း၊ အာရှ အနောက်တောင်ပိုင်း နှင့် အာဖရိကမြောက်ပိုင်းတို့ ပါဝင်သည်။ အော်တိုမန် အင်ပါယာတွင် ဒေသပေါင်း ၂၉ ခုပါဝင်သည်။ဩဇာခံ နယ်မြေများလည်း အများအပြားရှိပြီး အချို့ကို နောက်ပိုင်းတွင် အင်ပါယာ အတွင်းသို့ သွတ်သွင်းခဲ့ပြီး အချို့ကိုမူ ရာစုနှစ်များအတွင်း အမျိုးမျိုး ကွဲပြားခြားနားသော ကိုယ်ပိုင် အုပ်ချုပ်ရေးများ ပေးအပ်ခဲ့သည်။
မြို့တော်မှာ ယနေ့ခေတ် အစ္စတန်ဘူလ်မြို့ နေရာဖြစ်သော ကွန်စတန်တီနိုပယ်လ် ဖြစ်သည်။ မဟာ ဆူလေမန် အုပ်ချုပ်နေစဉ်ကာလက မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းရှိ ကျယ်ပြန့်သော နယ်မြေများကို အုပ်စိုးထားခဲ့သည်။ ထိုအင်ပါယာသည် အရှေ့တိုင်းကမ္ဘာ နှင့် အနောက်တိုင်းကမ္ဘာတို့ ဆက်ဆံရေးတွင် ဗဟို အချက်အချာနေရာအဖြစ် ရာစုနှစ် ၆ ခုတိုင်အောင် ရှိနေခဲ့သည်။
အော်တိုမန်အင်ပါယာ - မူလ၊ နေရာ[ပြင်ဆင်ရန်]
အော်တိုမန်အင်ပါယာ ၎င်းသည် အင်ဒီပိုလီယာ (အာရှမိုင်းနား) တွင် တူရကီလူမျိုးစုများ ဖန်တီးခဲ့သော အင်ပါယာတစ်ခုဖြစ်ပြီး လက်ရှိခေတ်၏ ၁၅ နှင့် ၁၆ ရာစုအတွင်း ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ၎င်းသည် နှစ်ပေါင်းခြောက်ရာကျော် တည်ရှိပြီး ၁၉၂၂ ခုနှစ်တွင် တူရကီသမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းမှ ပေါ်ထွက်လာသော အခြားပြည်နယ်များဖြင့် အစားထိုးသည့်အချိန်အထိ၎င်းတည်ရှိသည်။ အင်ပါယာသည် ဥရောပအရှေ့တောင်ပိုင်းတွင် ယခုဟန်ဂေရီ၊ ဘော်လကန်ဒေသ၊ ဂရိ၊ ယူကရိန်း၏ အစိတ်အပိုင်းများ၊ အရှေ့အလယ်ပိုင်းဒေသများ၊ မြောက်အာဖရိကနှင့် အာရေဗျကျွန်းဆွယ်များအပါအဝင် ဗီယင်နာဂိတ်များ အထိသယ်ဆောင်သွားသည်။ အင်ပါယာသည် ကွန်စတန်တီနိုပယ်ကို သိမ်းပိုက်ပြီး အခြားနယ်မြေများကိုသိမ်းပိုက်နိုင်သည့်အခါ ၎င်းသည်အရှေ့နှင့် အနောက် ကမ္ဘာနှစ်ခုလုံးတွင် ရာစုနှစ် ခြောက်ခုမျှကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှု၏ ဗဟိုတွင်ရောက်ရှိခဲ့သည်။ တိုင်းပြည်၏ ခေါင်းဆောင်မှုနှင့် ဆက်စပ်သော ပြဿနာများစွာပြီးနောက် အင်ပါယာသည် ပထမကမ္ဘာစစ်တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ဂျာမန်များနှင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး နောက်ဆုံးတွင် အော်တိုမန်များ ရှုံးနိမ့်သွားပြီး နောက်ဆုံး အင်ပါယာကိုဖျက်သိမ်းခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Stanford Shaw, History of the Ottoman Empire and Modern Turkey (Cambridge: University Press, 1976), vol. 1 p. 13
- ↑ ၂.၀ ၂.၁ "In 1363 the Ottoman capital moved from Bursa to Edirne, although Bursa retained its spiritual and economic importance." Ottoman Capital Bursa. Official website of Ministry of Culture and Tourism of the Republic of Turkey. Retrieved 26 June 2013.
- ↑ In Ottoman Turkish the city was known with various names, among which were Kostantiniyye (قسطنطينيه) (replacing the suffix -polis with the Arabic nisba), Dersaadet (در سعادت) and Istanbul (استانبول). Names other than Istanbul gradually became obsolete in Turkish, and after Turkey's transition to Latin script in 1928, the city's Turkish name attained international usage.
- ↑ Hamish Scott (2015)။ The Oxford Handbook of Early Modern European History, 1350–1750: Volume II။ p. 612။"The Ottoman Empire-also known in Europe as the Turkish Empire"
- ↑ Raphaela Lewis (1988)။ Everyday Life in Ottoman Turkey။ Dorset Press။ ISBN 978-0-88029-175-0။
- ↑ Godfrey Goodwin (1977)။ Ottoman Turkey။ Scorpion Publications။
- ↑ Finkel၊ Caroline (2006)။ Osman's Dream: The Story of the Ottoman Empire, 1300–1923။ Basic Books။ pp. 2, 7။ ISBN 978-0-465-02396-7။
- ↑ Quataert၊ Donald (2005)။ The Ottoman Empire, 1700–1922 (2 ed.)။ Cambridge University Press။ p. 4။ ISBN 978-0-521-83910-5။