အာဆီယံနေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အာဆီယံကြေငြာချက် သို့မဟုတ် ဘန်ကောက်ကြေငြာချက် သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်သည့် ကြေငြာချက်စာတမ်းဖြစ်ကာ ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ အာဆီယံကို စတင်တည်ထောင်သည့် ငါးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံစင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုကြေငြာချက်တွင် အာဆီယံ၏ အခြေခံ မူဝါဒများ၊ ပူးပေါင်းဆောင်ရွက်ရေးများ၊ ချစ်ကြည်ရေးနှင့် မစွက်ဖက်ရေး များကို ဖော်ပြထားသည်။[၁] ကြေငြာခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကို ယခုအခါတွင် အာဆီယံနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Bernard Eccleston, Michael Dawson, Deborah J. McNamara (1998). The Asia-Pacific Profile. Routledge (UK). ISBN 0-415-17279-9. 
  2. ASEAN Day။ 11 February 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]


Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။