ဓနသဟာယနိုင်ငံများအဖွဲ့
ဓနသဟာယ နိုင်ငံများအဖွဲ့ သည် ဗြိတိသျှ နေမဝင် အင်ပါယာ ထဲတွင် ပါဝင်ခဲ့သော နိုင်ငံများ ကို စုစည်း၍ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ မူလက ဗြိတိသျှ ဓနသဟာယ နိုင်ငံများအဖွဲ့ ဟုခေါ်ဆိုခဲ့ပြီး ၁၉၂၆ ခု ဗြိတိသျှ အင်ပါယာ စတင်မပြိုကွဲခင် အချိန်လေး တွင် ဖွဲ့စည်းခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း (၅၃)နိုင်ငံ ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။ မိုဇမ်ဘစ် နိုင်ငံ မှ လွဲ၍ ကျန်နိုင်ငံများမှာ ဗြိတိသျှ ကိုလိုနီဟောင်းများ ဖြစ်သည်။ ထိုအဖွဲ့သည် စီးပွားရေး၊ ကျန်းမာရေး နှင့် ဆင်းရဲမှု တိုက်ဖျက်ရေး စသည့် အရေးကြီးလုပ်ငန်းများ တို့တွင် လက်တွဲ လုပ်ဆောင်ကြသည်။
မာတိကာ
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ဓနသဟာယ နိုင်ငံများအဖွဲ့ ဟူသော အကြံအစည် ကို ၁၈၈၄ တွင် လော့ဒ် ရို့စ်ဘရီ အာချီဘော ပရီမို့စ် က ဩစတြေးလျ နိုင်ငံသို့ အလည်ရောက်ရှိစဉ် စတင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ နောင်တချိန် တွင် ဗြိတိသျှ ကိုလိုနီများ လွတ်လပ်ရေး ရလာနိုင်ကြောင်း နှင့် ထိုနိုင်ငံများ စုစည်း၍ ဓနသဟာယ နိုင်ငံများအဖွဲ့ ဖွဲ့စည်းဖို့ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ရည်ရွယ်ချက်[ပြင်ဆင်ရန်]
ဓနသဟာယ နိုင်ငံများအဖွဲ့ သည် နိုင်ငံရေးအဖွဲ့ မဟုတ်ပေ။ ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက် ၂ သည် တရားဝင် အကြီးအကဲ ဖြစ်သည်။ ထို့ပြင် သူသည် အဖွဲ့ဝင် နိုင်ငံတော်တော်များများ ၏ သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲလည်း ဖြစ်နေသေးသည်။ သို့သော် အတွင်းရေးမှူး သည် သာ အဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်သည်။ သို့သော် ဗြိတိသျှနိုင်ငံ သို့မဟုတ် အတွင်းရေးမှူးသည် ထိုနိုင်ငံများအပေါ် မည်သည့် ထိန်းချုပ်မှုမျိုးကို မှ မလုပ်ဆောင်နိုင်ပေ။ ၅၃ နိုင်ငံလုံး နီးပါး သည် လွတ်လပ်သော နိုင်ငံများ အဖြစ်ရပ်တည်နေပြီး ၎င်းတို့၏ ကိုယ်ပိုင် အစိုးရလည်း ရှိသည်။ ထိုနိုင်ငံများသည် တူညီသော ရည်မှန်းချက်များ ကို လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ရည်မှန်းချက် အချို့မှာ −
- အဖွဲ့ဝင် နိုင်ငံများကြားတွင် စီးပွားရေး ဆိုင်ရာများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊
- အဖွဲ့ဝင် နိုင်ငံများကြားတွင် ဒီမိုကရေစီ ကို မြှင့်တင်ပေးရန်၊
- အဖွဲ့ဝင် နိုင်ငံများသည် လူ့အခွင့်အရေး ကို လေးစားလိုက်နာရန် စသည်တို့ ဖြစ်ကြသည်။
အဖွဲ့ဝင်နိုင်ငံများ[ပြင်ဆင်ရန်]
အင်တီဂွါနှင့် ဘာဘူဒါ
ဩစတြေးလျ
ဘဟားမား
ဘင်္ဂလားဒေ့ရှ်
ဘာဘေးဒိုးစ်
ဘလိဇ်
ဘော့ဆွာနာ
ဘရူနိုင်း
ကင်မရွန်း
ကနေဒါ
ဆိုက်ပရပ်စ်
ဒိုမီနီကာ
ဖီဂျီ
ဂမ်ဘီယာ
ဂါနာ
ဂရီနေဒါ
ဂိုင်ယာနာ
အိန္ဒိယ
ဂျမေကာ
ကင်ညာ
ကီရီဘတ်စ်
လီဆိုသို
မာလဝီ
မလေးရှား
မော်လတာ
မောရစ်ရှ
မိုဇမ်ဘစ်
နမီးဘီးယား
နအူရူးနိုင်ငံ
နယူးဇီလန်
နိုင်ဂျီးရီးယား
ပါကစ္စတန်
ပါပူအာ နယူးဂီနီ
ရဝမ်ဒါ
စိန့်ကစ်နှင့် နီးဗစ်
စိန့်လူစီယာ
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်
ဆမိုးအား
ဆေးရှဲ
ဆီရာလီယွန်
စင်ကာပူ
ဆော်လမွန်ကျွန်းစု
တောင်အာဖရိက
သီရိလင်္ကာ
ဆွာဇီလန်
တန်ဇေးနီးယား
တုံဂါနိုင်ငံ
ထရီနီဒတ်နှင့် တိုဘက်ဂို
တူဗားလူ
ယူဂန်းဒါး
ယူနိုက်တက်ကင်းဒမ်း
ဗနွားတူနိုင်ငံ
ဇမ်ဘီယာ
သိမှတ်ဖွယ်ရာ အချက်အချို့[ပြင်ဆင်ရန်]
- ထို ၅၃ နိုင်ငံ ၏ လူဦးရေ သည် ၁.၉၇၅ ဘီလျှံ ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၃၁% (၃ ပုံ ၁ ပုံ နီးပါး) ရှိသည်။
- လူဦးရေ အများဆုံး နိုင်ငံ ၄ ခုမှာ အိန္ဒိယ ၁.၁ ဘီလျှံ၊ ပါကစ္စတန် ၁၆၀ မီလျှံ၊ ဘင်္ဂလားဒေ့ရှ် ၁၄၀ မီလျှံ နှင့် နိုင်ဂျီးရီးယား ၁၃၇ မီလျှံ တို့ ဖြစ်ကြသည်။
- တူဗလူ နိုင်ငံသည် လူအနည်းဆုံး အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး လူဦးရေ ၁၁၀၀၀ သာ ရှိသည်။
- ထို ၅၃ နိုင်ငံ ၏ ကုန်းမြေဧရိယာ စုစုပေါင်းမှာ ၁၂.၁ မီလျှံ စတုရန်းမိုင် ရှိပြီး ကမ္ဘာ့၏ ၂၁ % (၅ ပုံ ၁ ပုံ )ရှိသည်။
- အဖွဲ့ဝင်များထဲ တွင် အကြီးဆုံးနိုင်ငံများမှာ ကနေဒါ ဖြစ်ပြီး ၃.၈ မီလျှံ စတုရန်းမိုင်၊ ဩစတြေးလျ ၃ မီလျှံ စတုရန်းမိုင် နှင့် အိန္ဒိယ ၀.၇၁၄ မီလျှံ စတုရန်းမိုင် ရှိကြသည်။
- အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးမှာ ကမ္ဘာ့စီးပွားရေး ၏ ၁၆ % ရှိသည်။
မြန်မာနိုင်ငံနှင့် ဓနသဟာယ နိုင်ငံများအဖွဲ့[ပြင်ဆင်ရန်]
မြန်မာနိုင်ငံ သည် လည်း လွတ်လပ်ရေး ရရန်ညှိနိုင်းမှုများ ပြုလုပ်စဉ်အခါ က ဓနသဟာယ နိုင်ငံများအဖွဲ့ သို့ဝင်ရန် အခွင့်အရေး ရသော်လည်း မဝင်ရောက်ခဲ့ပေ။