မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်ဘာသာ

ဝီကီပီးဒီးယား မှ
Countries with a state religion.[note ၁]
  ခရစ်ယာန်ဘာသာ (အမျိုးအစားသတ်မှတ်မှုမရှိ)
  ပရိုတက်စတင့်
  ရှေးရိုးခရစ်ယာန်
  ကသလစ်
  အစ္စလာမ်ဘာသာ (အမျိုးအစားသတ်မှတ်မှုမရှိ)
  ဆွန်နီ
  ရှီးယက်

နိုင်ငံတော်ဘာသာ (အင်္ဂလိပ်: state religion (သို့) established religion (သို့) official religion) ဟူသည်မှာ နိုင်ငံတစ်ခုက တရားဝင် အတည်ပြုထားသော ဘာသာတရားတစ်ရပ် ကို ဆိုလိုသည်။ ထိုသို့တရားဝင်ပြဋ္ဌာန်းထားသော ဘာသာတရားရှိသည့် တိုင်းပြည်တစ်ခု၌ အုပ်ချုပ်သူ (သို့) အစိုးရခေါင်းဆောင်သည် ဘာသာရေးခေါင်းဆောင် (ဘာသာရေးအဝန်းအဝိုင်းထဲကပုဂ္ဂိုလ်) ဖြစ်နေရန်မလိုအပ်ပေ။ ဆိုလိုသည်မှာ အုပ်ချုပ်သူသည် ဘာသာရေးနှင့်ဆိုင်သောပုဂ္ဂိုလ်လည်းဖြစ်နိုင်သကဲ့သို့ ဘာသာရေးနှင့်တိုက်ရိုက်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်ဘာသာများသည် တရားဝင် (သို့) ဘာသာတရားတစ်ခုနှင့်ပတ်သက်၍ အစိုးရ၏ တရားဝင် ခွင့်ပြုသတ်မှတ်ကျားကန်ပေးထားသော ဘာသာတရားမျိုးဖြစ်ကြပေသည်။ သို့သော်လည်း နိုင်ငံသည် (ဘာသာရေးခေါင်းဆောင်အုပ်ချုပ်သော နိုင်ငံတွင်ကဲ့သို့) ပြဋ္ဌာန်းသတ်မှတ်ထားသော ဘာသာတရား၏ ထိန်းချုပ်မှုအောက်၌ ရှိနေရန်မလိုအပ်သလို ထိုတရားဝင်ဘာသာတရားသည် နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်လည်း မဖြစ်မနေ ရှိနေရန်မလိုအပ်ချေ။

လူ့သမိုင်းခေတ်အဆက်ဆက်က တရားဝင်ဘာသာရေးများသည် ယဉ်ကျေးမှုအလွှာပေါင်းစုံတို့၌ တည်ရှိခဲ့ကြသည်ဟု သိရှိရသည်။ ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ယင်းနိုင်ငံအကြား ဆက်နွယ်ပတ်သက်မှုအကြောင်းကို ရောမခေတ် ရှေးဟောင်းသာရေးဆရာ၊ ပညာရှင် ဝါးရို (Varro) က နိုင်ငံရေးနှင့်ဆိုင်သော ဘာသာရေး (theologia civilis) ဝေါဟာရဖြင့် ဆွေးနွေးတင်ပြထားမှုတစ်ခုရှိသည်။ ပထမဆုံး နိုင်ငံတစ်ခုက ကျားကန်ထောက်ပံ့ပေးသော ခရစ်ယာန်အသင်းတော်မှာ သက္ကရာဇ် ၃၀၁ တွင် တည်ထောင်သော အာမေးနီးယန်း ပုပ်ရဟန်းမင်းနှင့်ဆိုင်သော အသင်းတော် (Armenian Apostolic Church) ဖြစ်သည်။[၂၇]

ဗုဒ္ဓဘာသာထွန်းကားသော တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့တို့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လည်းကောင်း လူအများစုကိုးကွယ်ရာ နိုင်ငံတော်၏ အထွတ်အမြတ်ထားရာ (သို့) အထင်ကရ ဘာသာတစ်ခုအဖြစ်သော်လည်းကောင်း သတ်မှတ်ထားကြ၏။ ဘူတန်နှင့် ကမ္ဗောဒီးယားနှစ်နိုင်ငံက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားသည်။[၂၈][၂၉]

ခရစ်ယာန်ဘာသာတွင် church ဝေါဟာရသည် စံအားဖြင့် ခရစ်ယာန်ဘာသာနှင့်ဆိုင်သော ကိုးကွယ်ဝတ်ပြုရာနေရာ (သို့) ထိုသို့သောနေရာများကို ပေါင်းစပ်စုစည်းထားသော အသင်းအဖွဲ့များဟူ၍ အနက်ရရှိသည်။ state church ဆိုသောစကားလုံးမှာ အစိုးရကထောက်ခံအတည်ပြုထားသော ခရစ်ယာန်ဘာသာနှင့်ဆိုင်သည့် နိုင်ငံတော်၏အသင်းတော် ဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် မူလအားဖြင့် အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားကြသည်။ သို့သော် ပြည်သူပြည်သားများ၏ နေ့စဉ်ဘဝကို ကန့်သတ်ချုပ်ချယ်ရာ၌ နိုင်ငံတစ်ခုနှင့် တစ်ခုမတူပေ။ ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ဘာသာရေး နှင့် ဘာသာရေးမဟုတ်သည့် အာဏာနှစ်ရပ်လုံးကို အသုံးပြု၍ အီရန်နိုင်ငံသည်ကား တာဝန်ထမ်းဆောင်သော သမ္မတများသည် ၁၉၇၉ အီရန်တော်လှန်ရေးကာလမှစ၍ ယနေ့အထိ နိုင်ငံတော်၏ အထွတ်အထိပ်ခေါင်းဆောင် (Supreme leader) ၏ ဆုံးဖြတ်ချက်များကို နာခံရသည်။ ထိုအထွတ်အထိပ်ခေါင်းဆောင်မှာ ဘာသာရေးခေါင်းဆောင်ဖြစ်၏။ တူရကီနိုင်ငံသည် အတာတာ့ခ်တော်လှန်ရေးပြီးနောက် ဘာသာရေးအပေါ်အခြေခံသည် နိုင်ငံမဟုတ်တော့ချေ။

တစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးတွင်မူ ယခင် ဆိုဗီယက်ပြည်ထောင်စုသည် နိုင်ငံတော်ကို ဘာသာမဲ့အနေအထားဖြစ်စေခဲ့သည်။[၃၀]

နိုင်ငံက နိုင်ငံသားများအပေါ် ပြဋ္ဌာန်းသော တရားဝင်နိုင်ငံတော်ဘာသာဆိုသည့် အတိုင်းအတာသည် မတူကွဲပြားစွာဖြင့် အမျိုးမျိုးရှိရာ တင်းကျပ်သော ဆော်ဒီအာရေးဘီးယားနိုင်ငံမှသည် တင်းကျပ်မှု အနည်းဆုံး (သို့) တင်းကျပ်မှုမရှိသော ဒိန်းမတ်၊ အင်္ဂလန်၊ အိုက်စလန်နှင့် ဂရိကဲ့သို့သော နိုင်ငံများလည်း ရှိကြသည်။


မြန်မာနိုင်ငံနှင့် နိုင်ငံတော်ဘာသာ

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာ ၁၉၄၇ အခြေခံဥပဒေအရ :

  • "ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။"
  • "နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်"ဟူ၍ ပါရှိသည်။[၃၁]

ဝန်ကြီးချုပ်ဦးနုသည် ဆဋ္ဌသင်္ဂါယနာပွဲအတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပါသာဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး]၊ ပါလီမန်လွှတ်တော်အမတ် ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်၊ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ တော်ဘုရားလေး(ဦး) အောင်ဇေ၊၊ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့ နာယက မြို့တော်ဝန် ဝတ်လုံတော်ရ ဦးဘစိုး၊ ပါလီမန်လွှတ်တော်အမတ် ဒေါ်ခင်လှ(စမ်းချောင်း) စသော ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင် အသိအမှတ်ပြု ပြဋ္ဌာန်းရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းရေး အက်ဥပဒေမူကြမ်း အဆိုတင်သွင်းခဲ့သည်။

၁၉၆၁ ခုနှစ် ဩဂုတ်လ (၂၆)ရက်တွင် ဗုဒ္ဓဘာသာသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၊ တတိယပြင်ဆင်ချက်အက်ဥပဒေအရ နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်သမ္မတ ဦးမန်းဝင်းမောင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[၃၂] ဤသို့ကြေညာမှုအပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ၏ကွဲပြားမှုကို ဦးတည်စေခဲ့ပြီး ခရစ်ယာန်နှင့် အစ္စလာမ်အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ကြသည်။။[၃၃][၃၄]

၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့၍ ယခင် ၁၉၆၁ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၊ တတိယပြင်ဆင်ချက်ပါ နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်စသည်များကို ရုပ်သိမ်းခဲ့သည်။[၃၃]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗုဒ္ဓဘာသာကို ဤသို့ဆိုထားသည်။

  • နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။
  • နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။[၃၅]

မှတ်စု

[ပြင်ဆင်ရန်]
  1. Bhutan,[], Mauritania,[] Western Sahara (via Sahrawi Arab Democratic Republic[] and Morocco,[] which divide control), Morocco,[] Tunisia,[] Egypt,[] Jordan,[] Iraq,[] Afghanistan,[] Pakistan,[၁၀] Bangladesh,[၁၁] United Arab Emirates,[၁၂] Oman,[၁၃] Yemen,[၁၄] Maldives,[၁၅] Iran,[၁၆] Algeria,[၁၇] Saudi Arabia,[၁၈] Somalia,[၁၉] Malaysia,[၂၀] Brunei,[၂၁] Greece,[၂၂] Denmark,[၂၃] Norway,[၂၄] Costa Rica,[၂၅] Zambia.[၂၆] See also here.

ရည်ညွှန်းချက်များ

[ပြင်ဆင်ရန်]
  1. https://www.academia.edu/4109874/THE_INSCRUTABLE_GUARDIAN_OF_THUNDER_AND_SILENCE_The_Dragon_druk_in_Himalayan_Symbology
  2. Mauritania CIA World Factbook 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  3. Toby Shelley. Endgame in the Western Sahara: What Future for Africa's Last Colony?. Zed Books; 2004. ISBN 978-1-84277-341-3. p. 174[လင့်ခ်သေ].
  4. 1 2 Morocco CIA World Factbook 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  5. Tunisia CIA World Factbook 16 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  6. The 2012 Constitution of Egypt, Translated by Nivien Saleh, with Index (Article 2)
  7. Jordan CIA World Factbook 21 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  8. Iraq CIA World Factbook 25 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  9. The Constitution of Afghanistan 28 October 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Chapter one, Article two), afghan-web.com
  10. Pakistan CIA World Factbook 24 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  11. Bangladesh CIA World Factbook 4 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  12. United Arab Emirates CIA World Factbook 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  13. Oman CIA World Factbook 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  14. Yemen CIA World Factbook 6 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  15. Maldives CIA World Factbook 18 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  16. Iran - Constitution (Article 12), unibe.ch, "The official religion of Iran is Islam and the Twelver Ja'fari school, ..."
  17. Algeria CIA World Factbook 17 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  18. The Basic Law of Governance 23 March 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Chapter one, Article one), saudiembassy.net, "The Kingdom of Saudi Arabia is a sovereign Arab Islamic State. Its religion is Islam. Its constitution is Almighty God's Book, The Holy Qur'an, and the Sunna (Traditions) of the Prophet (PBUH). Arabic is the language of the Kingdom. The City of Riyadh is the capital."
  19. Somalia CIA World Factbook 1 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  20. Federal Constitution 24 August 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., agc.gov.my 30 December 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  21. Ibp Usa; International Business Publications, USA (2007)။ Brunei Sultan Haji Hassanal Bolkiah Mu'Izzaddin Waddaulah Handbook။ Int'l Business Publications။ pp. 133ISBN 978-1-4330-0444-5[လင့်ခ်သေ]
  22. Greece CIA World Factbook 25 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  23. Denmark CIA World Factbook 18 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  24. Norway CIA World Factbook 6 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2020 တွင် ပြန်စစ်ပြီး။
  25. Title VI, Article 75 16 June 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . of The Constitution of Costa Rica 26 June 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., costaricalaw.com.
  26. Zambia's Constitution of 1991 with Amendments through 2009 CIA World Factbook
  27. The Journal of Ecclesiastical History. p. 268 by Cambridge University Press, Gale Group, C.W. Dugmore
  28. Draft of Tsa Thrim Chhenmo constitution.bt (1 August 2007)။ 27 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-18 တွင် ပြန်စစ်ပြီး။
    Article 3, Spiritual Heritage
    1. Buddhism is the spiritual heritage of Bhutan, which promotes the principles and values of peace, non-violence, compassion and tolerance.
    2. The Druk Gyalpo is the protector of all religions in Bhutan.
    3. It shall be the responsibility of religious institutions and personalities to promote the spiritual heritage of the country while also ensuring that religion remains separate from politics in Bhutan. Religious institutions and personalities shall remain above politics.
    4. The Druk Gyalpo shall, on the recommendation of the Five Lopons, appoint a learned and respected monk ordained in accordance with the Druk-lu, blessed with the nine qualities of a spiritual master and accomplished in ked-dzog, as the Je Khenpo.
    5. His Holiness the Je Khenpo shall, on the recommendation of the Dratshang Lhentshog, appoint monks blessed with the nine qualities of a spiritual master and accomplished in ked-dzog as the Five Lopons.
    6. The members of the Dratshang Lhentshog shall comprise:
       (a) The Je Khenpo as Chairman;
       (b) The Five Lopons of the Zhung Dratshang; and
       (c) The Secretary of the Dratshang Lhentshog who is a civil servant.
    7. The Zhung Dratshang and Rabdeys shall continue to receive adequate funds and other facilities from the State.Bhutan's Constitution of 2008 29 October 2017 တွင် ပြန်စစ်ပြီး။
  29. Constitution of Cambodia cambodia.org။ 2011-04-13 တွင် ပြန်စစ်ပြီး။ (Article 43).
  30. Kowalewski, David (October 1980). "Protest for Religious Rights in the USSR: Characteristics and Consequences". Russian Review 39 (4): 426–441. doi:10.2307/128810.
  31. ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) Burmalibrary။ ၂၆၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  32. ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  33. 1 2 Buddhism and State Power in Myanmar (PDF)။ Asia Report N°290 (International Crisis Group)။ 5 September 2017။ p. 6။ *The State Religion Promotion Act of August 1961, personally championed by Nu, never came into force and was repealed by General Ne Win following his 1962 coup d’état."
    • "Prime Minister Nu’s abortive attempts in the early 1960s to designate Buddhism as the state religion were divisive, and a factor behind the Kachin rebellion. They also drew criticism from Muslim and Christian religious leaders. Cite has empty unknown parameter: |1= (အကူအညီ); line feed character in |quote= at position 170 (အကူအညီ)
  34. N Ganesan; Kyaw Yin Hlaing (2007)။ Myanmar: State, Society and Ethnicity။ Institute of Southeast Asian Studies။ pp. 263–။ ISBN 978-981-230-434-6
  35. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (အပိုဒ်-၃၆၁-၃၆၂) မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်)။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။