ဘန်ဒါဆရီဘဂါဝမ်မြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဘန်ဒါဆရီဘဂါဝမ်မြို့ မြင်ကွင်း

ဘန်ဒါဆရီ ဘဂါဝမ်မြို့သည် ဘရူနိုင်းနိုင်ငံမြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၁၄၀,၀၀၀ ခန့်မျှ ရှိသည်။ မြို့ပြဧရိယာ အတွင်း နေထိုင်သူ လူဦးရေ ၂၉၆,၅၀၀ ဦးခန့် ရှိသည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ဘန်ဒါဆရီဘဂါဝမ်ဟူသောနာမည်သည် မလေးဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး တိုက်ရိုက်ဘာသာပြန်ပါက ဆရီဘဂါဝမ်မြို့ ဖြစ်သည်။ အဓိပ္ပါယ်မှာ ဘုရားသခင်၏ ပတ်ဝန်းကျင်ဖြစ်သည်။ ထိုအမည်ကို ဘရူးနိုင်းဘုရင် အိုမာ အလီ ဆိုင်ဖူဒီရမ်း မှ ပေးခဲ့ခြင်းဖြစ်သည်။

ဘရူးနိုင်ငံသားများအနေဖြင့် ဘန်ဒါဟုသာ အတိုကောက်ခေါ်ဆိုကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘရူနိုင်းနိုင်ငံတွင် လူသားများစတင် အခြေချနေထိုင်လာခဲ့သည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ၆ရာစု ၇ရာစုခန့် မလေးတို့၏ ကုန်သွယ်ရေးနှင့် ငါးဖမ်းဆိပ်ကမ်းအဖြစ် တည်ရှိနေထိုင်ခဲ့သည်ဟု မှတ်ယူကြသည်။​[၁] ယခု မြို့လယ်နေရာဖြစ်သော ဘရူနိုင်းမြစ်ကမ်းတစ်လျှောက်တွင်မူ ၈ရာစုခုန့်မှ စတင်အခြေချနေထိုင်ခဲ့သည်ကို တွေ့ရှိကြသည်။​[၂]

၁၅ရာစုနှင့် ၁၇ရာစုအတွင်းတွင် ဘရူနိုင်းအင်ပါယာသည် ဘော်နီယိုကျွန်းတစ်ခုလုံးနီးပါးနှင့် မနီလာမြို့ပါဝင်သော ဖိလစ်ပိုင်ကျွန်းစုတောင်ပိုင်းတို့ပါ ပါဝင်ခဲ့သည်။ ၁၈ရာစုတွင်မူ ဥရောပမှ ဗြိတိသျှနှင့် စပိန်တို့နယ်ချဲ့မှုကြောင့် ဘရူနိုင်းဘုရင်၏ အာဏာကျဆင်းခဲ့ရသည်။ ၁၈၈၈ခုနှစ်မှ ၁၉၈၄ခုနှစ် လွတ်လပ်ရေးမရခင်ကာလအထိ ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သည်။​

၁၉၀၆ခုနှစ်တွင် ဘန်ဒါဆရီဘဂါဝမ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဗြိတိသျှအစိုးရက စတင်လုပ်ဆောင်ခဲ့ပြီး ပြည်သူများကို အနောက်ဘက်ကမ်းရိုးတမ်းရှိ ဖို့မြေများပေါ်တွင် နေရာချထားခဲ့သည်။ ၁၈၉၉ခုနှစ်တွင် ဘန်ဒါဆရီဘဂါဝန်မြို့အနီး၊​ အေရာ ဘီခွန်ချီတွင် ပထမဆုံးရေနံစတင်တူးရန်ကြိုးစားခဲ့သည်။ သို့သော် ၂၅၉မီတာ (ပေ ၈၅၀)​အထိ တူးခဲ့သောလည်း ရေနံမထွက်ရှိခဲ့ပေ။ ၁၉၂၄ ခုနှစ်တွင် ရေနံတူးဖော်ရေးကို ဆရီးယားနဲ့ ဘဲလ်အိတ်ပ်ခရိုင်များသို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၀၉ ခုနှစ် ဘုရင် မိုဟာမက် ဂျက်မဲလ် အဲလဲန် ၂ လက်ထပ်တွင် ဗြိတိသျှတို့၏ ထောက်ခံမှုဖြင့် အနောက်ဘက်ကမ်းတွင် နန်းတော်အသစ် တည်ဆောက်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် အစိုးရအဆောက်အအုံများ၊​ ဗလီများကို အနောက်ဘက်ကမ်းတွင် ထပ်မံဆောက်လုပ်ခဲ့သည်။ ထို့နှစ်တွင်ပင် ဘဒါဆရီဘဂါဝမ်မြို့ကို မြို့တော်အသစ်အဖြစ် ကြော်ငြာခဲ့သည်။


  1. [၁]
  2. [၂]