ပီတိ

ဝီကီပီးဒီးယား မှ

[၁] နှစ်သက်ဝမ်းမြောက်သော-ရောင့်ရဲစေ-တိုး ပွားစေ-သော ပီတိ။ [၂] နှစ်သက်စေတတ် ပွားစေတတ်သော တရားသည် ပီတိမည်၏၊ [၃]

လက္ခဏာ, ရသစသည်[ပြင်ဆင်ရန်]

နှစ်သက်ခြင်း, အာရုံကိုအသင့်အားဖြင့်ယူခြင်းလက္ခဏာ ရှိ၏၊

ကိုယ်စိတ်ကိုပွားစေခြင်း, မွန်မြတ် သောစိတ္တဇရုပ်တို့ဖြင့်ကိုယ်ကာယကို နှံစေခြင်းကိစ္စရှိ၏၊

တက်ကြွသော ကိုယ်စိတ် ဖြစ်ကြောင်းတရားဟူ၍ ဉာဏ်၌ထင်လာ၏၊ [၃]

ပီတိ ငါးမျိုး[ပြင်ဆင်ရန်]

ထိုပီတိသည်-

  • (၁) မွှေးညှင်းထရုံသာပြု တတ်သော ခုဒ္ဒကာပီတိ
  • (၂) လျှပ်စစ်ပြက် သကဲ့သို့ အကြိမ်ကြိမ်များစွာဖြစ်သော ခဏိကာပီတိ
  • (၃) ကမ်းပေါ်သို့ တက်လာ၍ ပျက်ပျက်သွားသော ပင်လယ်လှိုင်းတံပိုးကဲ့သို့ ကိုယ်သို့တက်ရောက်၍ ပျက်သွားသော ဩက္ကန္တိကာပီတိ
  • (၄) ကိုယ်ကို ပေါ့ပါးကြွတက်စေနိုင်လောက်အောင် အားကောင်းသော ဥဗ္ဗေဂါပီတိ
  • (၅) လေပြည့်သောပူစီပေါင်းကဲ့သို့ တကိုယ်လုံးပျံ့နှံနေ သောဖရဏာပီတိ-ဟု ငါးမျိုးရှိသည်။

ပီတိကြောင့် ဖြစ်သော တရား[ပြင်ဆင်ရန်]

ထို ပီတိငါးမျိုး ဖြစ်လတ် ရင့်လတ်သော် ကိုယ်စိတ်ငြိမ်းအေးခြင်းဟူသော ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့ ဖြစ်လာသည်။ ပီတိ၏သားကား ပဿဒ္ဓိ၊ ပဿဒ္ဓိ၏သားကား သုခဖြစ်သည်။ [၄]

ဝိပဿနုပက္ကိလေသ (၁၀)ပါး၌ လာသော ပီတိ အရ ဝိပဿနာစိတ်နှင့်တကွဖြစ်သော ပီတိငါးပါးကိုယူရသည်။ [၅][၃]

ပီတိပါဝင်သော ဈာန်ချမ်းသာ နှစ်မျိုး[ပြင်ဆင်ရန်]

  • ၁။ ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ဝိတက်နှင့် တကွဖြစ်သော, သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ပထမဈာန်၊
  • ၂။ ဝိတက်, ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု သမာဓိကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ဒုတိယဈာန်၊

ပီတိကို ထင်ထင်ရှားရှားသိခြင်း[ပြင်ဆင်ရန်]

ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေ-ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၏၊(သမထပိုင်းတည်း။)

ယင်းပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၍ ယင်းဈာန်မှ ထ၍ ယင်းဈာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း – ပီတိကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန် ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ (ဝိပဿနာပိုင်းတည်း။) အာနာပါနဿတိသုတ်[လင့်ခ်သေ]

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါး[ပြင်ဆင်ရန်]

  • ၁။ မြတ်စွာဘုရားသည်လည်းကောင်း သီတင်းသုံးဖော် တို့သည်လည်းကောင်း ရဟန်းအား တရားဟော၏၊ တရားတော်၌ အနက်ပါဠိကို သိ၏၊ ဝမ်းမြောက်ရ၏၊ နှစ်သိမ့်မှုပီတိ ဖြစ်၏၊ နာမ်ရုပ်အပေါင်း ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်တည်ကြည်၏။
  • ၂။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးကို ဟော၏၊ ။ပ။
  • ၃။ ကြားဖူးသင်ဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ။ပ။
  • ၄။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူ၍ နှလုံးသွင်း၏၊
  • ၅။ သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူနှလုံးသွင်း ခြင်းကြောင့် ။ပ။ [၆]

ချမ်းသာနှစ်မျိုး[ပြင်ဆင်ရန်]

  • ပီတိနှင့်တကွဖြစ်သော ‘သပ္ပီတိကသုခ’ ချမ်းသာ၊
  • ၂။ ပီတိကင်းသော ‘နိပ္ပီတိကသုခ’ ချမ်းသာ၊
  • (တစ်နည်း)
  • ပီတိနှင့်တကွဖြစ်သော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘သပ္ပီတိကာရမ္မဏသုခ’ ချမ်းသာ၊
  • ၂။ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ဖြစ်သော ‘နိပ္ပီတိကာရမ္မဏသုခ’ချမ်းသာ၊ [၇]

ပီတိ၏ အပြစ်များ[ပြင်ဆင်ရန်]

စိတ်၏ ညစ်နွမ်းကြောင်းတရား ၁၁ ပါးတွင် ဥပ္ပိလဝ- ဗူးတောင်းအသွင် ပေါ်လွင်သော ပီတိဖြစ်ခြင်းလည်း ပါဝင်သည်။[၈]

နှစ်သက်မှု ပီတိသည် တတိယဈာန်၏ ဆူးငြောင့်ဖြစ်သည်။[၉]

ပီတိ၏ အကျိုးတရား ၅ ပါး[ပြင်ဆင်ရန်]

  • ၁။ ကာမဂုဏ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊
  • ၂။ ကာမဂုဏ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊
  • ၃။ အကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း၊
  • ၄။ အကုသိုလ်ကို မှီ၍ ဝမ်းမြောက်မှု မဖြစ်ခြင်း၊
  • ၅။ ကုသိုလ်ကို မှီ၍ နှလုံးမသာမှု မဖြစ်ခြင်း။ (အံ၊၂၊၁၈၂။) (အံ၊မြန်၊၂။၂၃၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

ပီတိကို ကောင်းစွာ သိခြင်း ၂ မျိုး[ပြင်ဆင်ရန်]

  • ၁။ ဈာန်ရခြင်းကြောင့် အာရုံအားဖြင့် ကောင်းစွာ သိခြင်း၊
  • ၂။ ဝိပဿနာရှုသော အခါ လက္ခဏာကို ထိုးထွင်း၍ သိခြင်းကြောင့် မတွေဝေသောအားဖြင့် ကောင်းစွာ သိခြင်း။ [၁၀]

ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား ၁၁ ပါး[ပြင်ဆင်ရန်]

  • ၁။ အရဟံ အစရှိသော ဘုရားရှင် ဂုဏ်တော် ကိုးပါးကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၂။ တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၃။ သံဃာ့ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၄။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၅။ မိမိ၏ စွန့်ကြဲခဲ့သော ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း၊
  • ၆။ သဒ္ဓါစသော ဂုဏ်နှင့် ပြည့်စုံသော နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့သဒ္ဓါ အစရှိသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၇။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
  • ၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်သူ ဖြစ်ခြင်း၊
  • ၉။ သိမ်မွေ့ နူးညံ့သော ပုဂ္ဂိုလ်ကို မှီဝဲသူ ဖြစ်ခြင်း၊
  • ၁၀။ ကြည်ညိုဖွယ်ရှိသော သုတ်ကို ဆင်ခြင်သူ ဖြစ်ခြင်း၊
  • ၁၁။ ထိုပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်း၌ ညွတ်သော စိတ်ရှိသူ ဖြစ်ခြင်း။ [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပီတိ (ထီ) [ပီ+တိ။ ပိနယတိ ကာယစိတ္တံ တ‌ပ္ပေတိ ဝဍ္ဎေတီတိ ဝါ ပီတိ။ ဝိဘာဝိနီ၊၉၂။
  2. ပမုဒိတဿ ပီတိ ဇာယတိ။ ဒီ၊၁၊၆၉။ တတိယံ ဈာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ။ ဒီ၊၃၊၂၂၁။ ပီဏယတီတိ ပီတိ၊ သာ ဖရဏလက္ခဏာ၊ တုဋ္ဌိလက္ခဏာ ဝါ၊ ကာယစိတ္တာနံ ပီဏနရသာ၊ တေသံယေဝ ဩဒဂျပစ္စုပဋ္ဌာနာ။ မ၊ဋ္ဌ၊၁၊၈၇။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၇။) ပီနယတီတိ ပီတိ။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ ပဋိသံ၊ဋ္ဌ၊၁၊၉၀။ ပီဏေတိ ကာယံ စိတ္တံ စ သန္တပ္ပေတီတိ ပီတိ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၅။ ပီတိ (၃၂၇)န္တိ ဟဒယတုဋ္ဌိံ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၂။ ပီတပ္ပနကန္တီသု၊ ပိဏာတီတိ ပီတိ။ ပီဏနံ ပီတိ၊ တပ္ပနံ ကန္တိ။ ပိဏယတီတိ ပီတိ၊ တပွေတီတိ အတ္ထော။ နီတိ၊ဓာ၊၂၅၂-၃။
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃
  4. အဘိ၊ဋ္ဌ၊၁။၁၅၈။
  5. ဝိဘာဝိနီ။၂၇၁။
  6. (ဒီ၊၃၊၂၀၀-၂၀၁။) (ဒီ၊၃၊၂၃၄။) (အံ၊၂၊၁၇။) (ဒီ၊မြန်၊၃။၂၂၃-၂၂၄။) (ဒီ၊မြန်၊၃။၂၅၇။) (အံ၊မြန်၊၂။၂၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  7. (အံ၊၁၊၇၉-၈၀။) (အံ၊မြန်၊၁။၉၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  8. (ဝိ၊ဋ္ဌ၊၁၊၁၃၂။)
  9. (အံ၊၃၊၃၆၃။)
  10. (သံ၊ဋ္ဌ၊၃၊၃၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  11. (မ၊ဋ္ဌ၊၁၊၃၀၀။) (သံ၊ဋ္ဌ၊၃၊၁၉၈။) (အံ၊ဋ္ဌ၊၁၊၃၉၉။) (အဘိ၊ဋ္ဌ၊၁၊၁၁၇။) (အဘိ၊ဋ္ဌ၊၂၊၂၆၉။) (ဝိသုဒ္ဓိ၊၁၊၁၂၉။) (သာရတ္ထ၊ဋီ၊၂။၂၂၈။) (ဒီ၊ဋီ၊၂၊၁၃၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်