နာနုဗန္ဓနသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
(ပဝတ္တိနီနာနုဗန္ဓနသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ဥပဇ္ဈာယ် ဆရာမနောက်သို့ (ပြုစုလုပ်ကျွေး၍) ၂-နှစ် လောက်မှ မလိုက်ကြမှု။
အမှုသည်—ဘိက္ခုနီဖြစ်ခါစကလေးများ။ [၁]
ထိုသို့ ဥပဇ္ဈာယ်ဆရာမနှင့် အတူလိုက်၍ မနေကြသဖြင့် အဆုံးအမ ဩဝါဒမရ၍ အရာရာ၌မကျွမ်းကျင် မလိမ္မာရကား အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဝုဋ္ဌာပိတံ ပဝတ္တိနိံ ဒွေ ဝဿာနိ နာနုဗန္ဓေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]မိမိကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေသော ဥပဇ္ဈာယ်ဆရာမနောက်သို့ ၂-နှစ်ပတ်လုံး လိုက်၍ မနေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ [ဥပဇ္ဈာယ်ဆရာမကို “ပဝတ္တိနီ = မိမိကို ဖြစ်စေသူ၊ ဝါ-ကြီးပွားစေသူ”ဟု ခေါ်၏။]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။