ပကိဏ်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဝိတက္က၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ စသည့်ခြောက်ပါးတို့သည် အလုံးစုံသော စိတ်တို့မယှဉ်၊ အချို့အချို့သော စိတ်တို့၌သာ ယှဉ်သည်ဖြစ်၍ ပကိဏ်းစေတသိက် မည်သည်။
သဗ္ဗစိတ္တက ခုနစ်ပါး ပေါင်းသည်ရှိသော် တစ်ဆယ့်သုံးပါး ဖြစ်၏။ ဤတစ်ဆယ့်သုံးပါးတို့သည် ကောင်း၊ မကောင်း နှစ်ဖက်ရောယှက်ခြင်းကြောင့် ဝိမိဿက မည်ကုန်၏။ စိတ်သည်လည်း ကောင်း၊ မကောင်း နှစ်ဖက်နှင့် ရောယှက်သည်သာ ဖြစ်၏။[၁]
ဝိတက်
[ပြင်ဆင်ရန်]ဝိတက်ဆိုသည်မှာ စိတ်၏ ထွေထွေပြားပြား အကြံပွားခြင်း ဖြစ်သည်။ သင်္ကပ္ပဟုလည်း ခေါ်၏။ သမ္မာသင်္ကပ္ပ၊ မိစ္ဆာသင်္ကပ္ပဟူ၍ (၂) မျိုး ရှိသည်။[၁]
ဝိစာရ
[ပြင်ဆင်ရန်]ဝိစာရ ဆိုသည်မှာ အာရုံ၏ စိတ်၏ တရစ်ဝဲဝဲနေခြင်း ဖြစ်သည်။[၁]
ဝီရိယ
[ပြင်ဆင်ရန်]ဝီရိယ ဆိုသည်မှာ အမှုကိစ္စတို့၌ စိတ်၏ အထအကြွ ပေါ့ပါးခြင်း ဖြစ်သည်။ သမ္မာဝါယာမ၊ မိစ္ဆာဝါယာမ နှစ်ပါးရှိ၏။[၁]
ပီတိ
[ပြင်ဆင်ရန်]ပီတိ ဆိုသည်မှာ စိတ်၏ နှစ်သက်ခြင်း ဖြစ်သည်။ စိတ်လုံးကြီးထွားခြင်း ဖြစ်သည်။ စိတ်၏ ရွှင်လန်းတက်ကြွ တဟုန်တည်း မြောက်ကြွခြင်း ဖြစ်သည်။[၁]
ဆန္ဒ
[ပြင်ဆင်ရန်]ဆန္ဒ ဆိုသည်မှာ အလိုရှိခြင်း ဖြစ်သည်။ သွားလိုသည်၊ လာလိုသည်၊ ပြောလိုသည် အစရှိသည်တို့ကို ဆိုလိုသည်။[၁]
အဓိမောက္ခ
[ပြင်ဆင်ရန်]အဓိမောက္ခ ဆိုသည်မှာ အာရုံ၌ ကျွတ်လွတ်ခြင်း ဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သည်လိုလား ဟိုလိုလားဟူ၍ နှစ်ခွမရှိ၊ အငြိအတွယ်မှ စိတ်၏ ကျွတ်လွတ်ခြင်း ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |