နိဿဂ္ဂိယပါစိတ်

ဝီကီပီးဒီးယား မှ

[၁] နိဿဇ္ဇီတဗ္ဗံ = စွန့်ထိုက်၏၊ ဣတိ = ထို့ကြောင့်၊ နိဿဂ္ဂိယံ = နိဿဂ္ဂိမည်၏၊ နိဿဇ္ဇီယတေ = စွန့်ခြင်း၊ နိဿဂ္ဂိယံ စွန့်ခြင်း၊ အဿ = ထိုပါစိတ်အာပတ်၏၊ နိဿဂ္ဂိယံ = စွန့်ခြင်း ဝိနည်းကံသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထို့ကြောင့်။ တံ = ထိုပါစိတ်အာပတ်သည်။ နိဿဂ္ဂိယံ = နိဿဂ္ဂိယမည်၏၊[၂]

စွန့်ထိုက်, စွန့်အပ်သော ပစ္စည်း (ကမ္မသာဓန)[ပြင်ဆင်ရန်]

ဒေသနာမကြားမီ ရှေ့အဖို့၌ စွန့်ခြင်းဝိနည်းကံ (ဘာဝသာဓန)၊ သင်္ကန်း စသော နိဿဂ္ဂိယဝတ္ထုကို စွန့်ပြီးနောက်၌ ဒေသနာကြားအပ်သောကြောင့် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ် (အဿတ္ထိတဒ္ဓိတ်)၊ နိဿဂ္ဂိပါစိတ် အာပတ်နှင့် စပ်၍ စွန့်ထိုက်သော သင်္ကန်း, စွန့်ထိုက်သော ဆွမ်း, စွန့်ထိုက်သော ကျောင်း, စွန့်ထိုက်သော ဆေး, စွန့်ထိုက်သော အခင်း စသော အသုံးအဆောင်, စွန့်ထိုက်သော ရွှေငွေ စသည်ဖြင့် သိက္ခာပုဒ်(၃၀) ရှိသည့်အားလျော်စွာ နိဿဂ္ဂိ ပါစိတ်အာပတ်များ များစွာသင့်ရောက်နိုင်သဖြင့် သတိရှိသင့်ပေသည်။[၂]

အာပတ်ကုစားခြင်း[ပြင်ဆင်ရန်]

နိဿဂ္ဂိပါစိတ်အာပတ်သည် ဒေသနာပြောကြား၍ ငြိမ်းပျောက်ကောင်း သော အာပတ်ဖြစ်သော်လည်း စွန့်သင့် စွန့်ထိုက်သော နိဿဂ္ဂိဝတ္ထုပစ္စည်းများကို ဝိနည်းကံနှင့်အညီ စွန့်ပြီးမှသာလျှင် ဒေသနာကြားရမည် ဖြစ်သည်။နိဿဂ္ဂိယဝတ္ထုပစ္စည်းများကို မစွန့်လွှတ်ဘဲ ဒေသနာပြောကြားခြင်း အကြိမ် ရာထောင် ပြုသော်လည်း ယင်းနိဿဂ္ဂိအာပတ်မှ မထမြောက်နိုင် မလွတ်နိုင်ကြောင်း သတိရှိသင့်လှသည်။ ပစ္စည်းဥစ္စာ ခင်တွယ်စွဲလမ်းသူတို့ စွန့်လွှတ်နိုင်ရန် ခဲယဉ်းလှသည်။ သံဃာဒိသေသ်အာပတ်ထက်ပင် ကုစားရန် ခဲယဉ်းနိုင်ကြောင်း ဂရုပြုသင့်သည်။[၂]

အာလျပြတ် စွန့်ရမည့်ပစ္စည်းများ[ပြင်ဆင်ရန်]

မိမိကိုယ်တိုင် သာယာ၍ အလှုခံထားသော ရွှေငွေနှင့် ထိုရွှေငွေတို့ဖြင့် ဝယ်ယူထားသော အသုံးအဆောင်ပစ္စည်းများ, ကုလဒူသနမှု အနေသနမှု မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိထားသော ပစ္စည်းများကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ အပြီးအပိုင် အာလျပြတ် စွန့်ပြီးမှသာ ဒေသနာကံပြု၍ အာပတ်မှ ထမြောက် ငြိမ်းပျောက်နိုင်၏၊ ထို့ကြောင့် အဆိုပါပစ္စည်းတို့ကို အပြီးအပိုင် အာလျပြတ် စွန့်သင့်ကြသည်။ ထိုမှ ကြွင်းသော နိဿဂ္ဂိယပစ္စည်းတို့ကိုမူ ဆိုင်ရာဝိနည်းကံ ပြုပြီး၍ တချို့ နိဿဂ္ဂိယဝတ္ထုတို့၌ တခြားအသုံးအဆောင်ပစ္စည်း ပြင်ဆင်၍ ဝိနည်းဓိုရ်က စီရင်ပြီး ပြန်ပေးလျှင် သုံးစွဲကောင်းသော နိဿဂ္ဂိပစ္စည်းများ ရှိသေးသည်ကိုလည်း သိရှိမှတ်သား လေ့လာထားသင့်သည်။[၂]

နိဿဂ္ဂိပစ္စည်း စွန့်နည်းများ[ပြင်ဆင်ရန်]

နိဿဂ္ဂိပစ္စည်းများကို စွန့်ရာ၌ (၁) သံဃာထံ စွန့်နည်း၊ (၂) နှစ်ပါး သုံးပါး ဂိုဏ်းထံ စွန့်နည်း၊ (၃) တစ်ပါးတည်း ပုဂ္ဂိုလ်ထံ စွန့်နည်းဟု ပါဠိတော်၌ (၃)နည်း ဟောကြားထားတော်မူသည်။ အနာမာသရွှေငွေကို စွန့်ခြင်း, ရွှေငွေနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ပစ္စည်းတို့ နိဿဂ္ဂိထိုက်၍ စွန့်ရာ၌ သံဃာ အလယ်၌ စွန့်ရသည်။ ဂိုဏ်းပုဂ္ဂိုလ်ထံ စွန့်၍ မရသောကြောင့် ဂိုဏ်း, ပုဂ္ဂိုလ်ထံ စွန့်နည်းတို့ကို မဟောကြားပါ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. နိဿဇ္ဇီယတေ နိဿဂ္ဂိယံ၊ နိဿဇ္ဇနံ နိဿဂ္ဂိယံ၊ နိဿဇ္ဇိတဗ္ဗန္တိ နိဿဂ္ဂိယံ၊ နိဿဂ္ဂိယံ အဿာတိ နိဿဂ္ဂိယံ။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း