နာထကရဏတရား
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
(မိမိ၏) ကိုးကွယ်-အားထား-ထောက်တည်-မှီခိုရာကိုပြုတတ်သော (တရား) ၁၀-ပါး ရှိပါသည်။ [၁][၂]
နာထတရား (၁၀)ပါး
[ပြင်ဆင်ရန်]"သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။"[၃]
"ရဟန်းတို့. ....မှီခိုအားထားရာ နာထတရား ထင်ရှားရှိကုန်လျက် နေထိုင်ကြပါ။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ မနေထိုင်ကြပါကုန်လင့်။
ရဟန်းတို့....မှီခိုအားထားရာ နာထတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။"
မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထပုဂ္ဂိုလ်)သည်ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲ လည်းသေကျေပျက်စီးရတတ်၏။
လောက၌ ရှိကြသူအပေါင်းတို့သည် တစ်ဦးအပေါ် တစ်ဦးအမှီပြု၍ အသက်မွေးဝမ်း ကျောင်း ကြရသည်။ အမှီမရှိသောသူသည် ကြီးပွားတိုးတတ်ရန်မဖြစ်နိုင်ပေ။ အနည်းဆုံးအားဖြင့် သားသမီးတိုသည် မိဘကိုမှီကြရသည်။ မှီစရာမိဘမရှိသော် မိမိကိုယ်ကိုမှီကြရသည်။ မိမိသည်သာလျင် မိမိ၏အကောက်းဆုံးသော မှီရာဖြစ်သော်လည်း မှီပုံမှီနည်း မှန်ကန်မှုရှိရပါမည်။ မြတ်စွာဘုရားရှင်သည် မှီခိုအားထားရာ အစစ်အမှန်တို့ကို ထုတ်ယူပြသဟောကြားထားတော်မူပါသည်။ ထိုတရားတို့မှာ____
၁။ သီလရှိခြင်း
[ပြင်ဆင်ရန်]ပထမနာထဖြစ်သော သီလသည် မိမိ၏မှီခိုရာ အစစ်ဖြစ်သည်။ သီလရှိသောသူ ၏ စိတ်၌ဖြစ်ပေါ်သောတောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံလိမ့်မည်ဟု ဟောတော်မူသည့်အတိုင်း နောက်အနာဂတ် သံသရာခရီးတလျှောက်တွင် အမှီပြုနိုင်သော အမှီကောင်းတစ်ခုဖြစ်သည်။
၂။ ဗဟုသုတရှိခြင်း
[ပြင်ဆင်ရန်]အကြား+အမြင် (ဗဟုသုတ ) များပြားခြင်းဆိုသည်မှာ ကောင်းခြင်းသုံးဖြာနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားတရားတော်တို့ကို ရှေးဦးစွာဆရာထံမှ စနစ်တကျသင်ယူခြင်းသည် အကြား နှင့်ပြည့်စုံခြင်းဖြစ်သည်။ထို့နောက် ကိုယ်တိုင်မျက်မှောက်သိအောင် မြင်အောင် အားထုတ်ခြင်း အမြင်နှင့် ပြည့်စုံခြင်းဖြစ်သည်။ အောက်ထပ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးကို သင်သိကျင့်သိအနေဖြင့် ထွင်းဖောက်သိရှိပါက မိမိသည်ကျိန်းသေအပါယ်သို့မကျရောက်ရသော စူဠသောတာပန် အဖြစ်သို့ရောက်မည်ဖြစ်သည်။ ဤသည်မှာ ဒုတိယအမှီကောင်းဖြစ်သည်။
၃။ ကလျာဏမိတ္တ ရှိခြင်း
[ပြင်ဆင်ရန်]မိတ်ဆွေကောင်ရရှိခြင်းသည် အမှီကောင်း စင်စစ်ဖြစ်သည်။ မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို ရရှိကြသဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားကြကုန်သော သူတို့သည် မရေမတွတ်နိုင်အောင် ရှိကြပြီဖြစ်သည်။ မိမိသည်လည်း မိမိနှင့် လျော်ကန်သင့်မြတ်သော မိတ်ဆွေကောင်းကို ရရှိခြင်းသည် သံသရာခရီးအဆုံးသတ်ဖို့ရန်အတွတ် အမှီကောင်းဖြစ်ပေသည်။
၄။ ဆုံးမလွယ်ခြင်း
[ပြင်ဆင်ရန်]ဆုံးမလွယ်သော သူသည် အများတကာချစ်ခင်ကြသဖြင့် မိမိ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင် ကူညီအကျိုးဆောင်မည့်သူများနှင့် တွေ့ဆုံရန်အခွင့်အရေးများစွာရိသည့်အတွက် ဆုံးမလွယ်ခြင်းသည် မိမိ၏အမှီကောင်းတစ်ခုဖြစ်သည်။
၅။ ကူညီရိုင်းပင်းမှုရှိခြင်း
[ပြင်ဆင်ရန်]တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှုသည် လိုအပ်လှပါသည်။ သီလကျင့်စဉ်ကို အပြန်အလှန် ကူညီဖြည့်ကျင့်ခြင်း ၊ သမာဓိကျင့်စဉ်ဖြစ်ပေါ်စေရန်ကူညီခြင်း၊ ပညာကျင့်စဉ် ဖြစ်ပေါ်လာစေရန် သင်ကြားပြသခြင်း ယင်းဓမ္မဒါနကုသိုလ်တို့သည် ကောင်းကျိုးတရားကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့် မိမိ၏ မှီခိုအားထားရာ တရားတစ်ခုပင်ဖြစ်သည်။
၆။ တရားကိုမြတ်နိုးခြင်း
[ပြင်ဆင်ရန်]သုတ္တန်တရားတော်၊ အဘိဓမ္မာတရားတော်၊ ဝိနည်းတရားတော်တို့ အပေါ်၌ ရိုသေလေးစားစွာ သင်ယူပို့ချ ကျင့်ကြံခြင်းသည် ကောင်းကျိုးကိုသာဖြစ်ပေါ်စေတတ်သော သဘောကြောင့် မှီခိုအားထားရာ တရားတစ်ပါးပင်ဖြစ်သည်။
၇။ လုံလဝီရိယ ရှိခြင်း
[ပြင်ဆင်ရန်]ဝီရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်း ရပ်သည် မပြီးစီးဘဲ ပြည့်စုံနိုင်ပါအံနည်း။ ပြီးစီးပြည့်စုံနိုင်သည်သာ ဖြစ်၏။ ဟု ဟောတော်မူသည့်အတိုင်း မိမိအားထုတ်နေသော တရားတို့အပေါ်၌ လုံလဝီရိယ ရှိမှသာပြည့်စုံနိုင်မည်ဖြစ်သည်။ ကြိုးစားက ဘုရားဖြစ်နိုင် ဆိုသည်စကားအတိုင်း ထကြွသောလုံလဝီရိယ ရှိခြင်းသည် မိမိ၏မှီခိုရာ အစစ်ပင်ဖြစ်သည်။
၈။ ရောင့်ရဲလွယ်ခြင်း
[ပြင်ဆင်ရန်]ရဟန်းတို့..... ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော၊ လိုချင်မှု ဣစ္ဆာ(တဏှာ)မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူသဖြင့် မိမိသည် အလိုနည်းသောသူ မိမိရရှိသမျှနှင့် ရောင့်ရဲလွယ်ကာ မိမိအားထုတ်သင့်သည်များကို အားထုတ်နိုင်ခြင်းသည်မှီခိုရာအစစ်တစ်ခုဖြစ်ပေသည်။
၉။ သတိရှိခြင်း
[ပြင်ဆင်ရန်]သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုး ဟူသော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးကြီးဆုံးသောကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသော အာရုံတို့ကို အမြဲအမှတ်ရနေမှုနှင့် ပြည့်စုံနေသောသူသည် မိမိ၏ မှီခိုရာ အစစ်ကိုရရှိသောသူပင်ဖြစ်သည်။
၁၀။ ဝိပဿနာပညာ မဂ်ပညာ ရှိခြင်း
[ပြင်ဆင်ရန်]ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ပြည့်စုံသောသူ ဖြစ်ပါက အကောင်းဆုံးသော မှီခိုအားထားရာကို ရရှိနေသောသူပင်ဖြစ်သည်။[၄]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ (၎င်းတရား ၁၀-ပါး ဒီ၊၃၊၂၂၀-၃၊ ၂၅၅-၆။ အံ၊၃၊၂၇၅-၆-တို့ ကြည့်။) နာထကရဏာ-(ဒီ၊၃၊၂၂၁)တိ.... အတ္တနော ပတိဋ္ဌာကရာ ဓမ္မာ။ ဒီ၊ဋ္ဌ၊၃၊၂၂၉။ နာထံ ကရောန္တီတိ နာထကရဏာ၊ အတ္တနော သနာထဘာဝကရာ ပတိဋ္ဌာကရာတိ အတ္ထော။ အံ၊ဋ္ဌ၊၃၊၂၉၀။ (အံ၊၃၊၂၇၅-၆။ ဒီ၊ဋ္ဌ၊၃၊၅၈။ သုတ္တနိ၊ဋ္ဌ၊၂၊၁၉။ ဝဇိရ၊၂၈။ အံ၊ဋီ၊၃၊၃၀၈။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၁
- ↑ (အံ၊၃၊၂၇၅။)
- ↑ ကိုးကွယ်အားထားရာဟူသည်။ ဖားအောက်တောရဆရာတော်