မာတိကာသို့ ခုန်သွားရန်

နတ္ထိပစ္စည်း

ဝီကီပီးဒီးယား မှ

[] ထင်ရှားမရှိ သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော သတ္တိ၊ နတ္ထိပစ္စည်း။ (မိုက်မှောင်ဖြစ်စေ ငြိမ်း သေလေပြီး ဆီမီးပုံသွေး ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော တရား။ [] ရဟန္တာတို့၏ စုတိကြဉ်သော ရှေးရှေးသောစိတ် ၈၉ စေတသိက် ၅၂-ပါးသည် နတ္ထိပစ္စည်း၏ ပစ္စည်းတရား ဖြစ်သည်၊ ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက် နောက်သောစိတ် ၈၉ စေတသိက် ၅၂-ပါးသည် နတ္ထိပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သည်၊ စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်, ဗာဟိရရုပ်, အာဟာရဇရုပ်, အသညသတ်ကမ္မဇရုပ်, ပဝတ္တိကမ္မဇရုပ်သည် နတ္ထိပစ္စည်း၏ ပစ္စနိက်ဖြစ်သည်။ [][]

နတ္ထိ, ဝိဂတပစ္စယော

[ပြင်ဆင်ရန်]

ပါဠိလို “နတ္ထိ”သည် မြန်မာလို “မရှိ”ဟု အဓိပ္ပါယ်ရသည်။ “ဝိဂတ”ကား ကင်းပျောက်ခြင်းဟု အဓိပ္ပါယ်ရသည်။ ငြိမ်းလေပြီးသော ဆီမီးသည် အမိုက်မှောင်ဖြစ်ရန် ခွင့်ပေးသကဲ့သို့ မိမိတို့ မရှိခြင်းမျှဖြင့် နောက်တရားတို့အား ဖြစ်စေရန် ကျေးဇူးပြုခြင်းသည် နတ္ထိပစ္စည်းမည်၏။ နေရောင်၏ ပျောက်ကင်းခြင်းသည် လရောင်လင်းဖို့ရာ ကျေးဇူးပြုသကဲ့သို့ မိမိတို့ ချုပ်ကင်းကွယ်ပျောက်မှုဖြင့် နောက် နောက်တရားစုအား အခွင့်ပေးမှုကျေးဇူးပြုခြင်းသည် ဝိဂတပစ္စည်းမည်၏။ နတ္ထိသဘောကား ချုပ်ပြီးသည့် အခြားမဲ့၌ ကင်းဆိတ်ခြင်း, ဘာမျှမရှိတော့ခြင်းသဘောတည်း။ ဝိဂတသဘောကား ချုပ်ကင်းမှုတည်း။ ချုပ်ပြီးနောက် ရှိခြင်းမရှိခြင်းမှာ ဝိဂတသတ္တိ၏တာဝန်မဟုတ်, နတ္ထိ၏တာဝန်တည်း။

အချို့ကား-“နတ္ထိနှင့်ဝိဂတ, အတ္ထိနှင့်အဝိဂတတို့ကို ဒေသနာဝိလာသ ပုဂ္ဂလဇ္ဈာသယအားဖြင့် အရတူပါလျက် ၂ မျိုးဟောတော်မူသည်ဟု ဆိုကြ၏။ ထိုဆရာတို့ကား “သတ္တိချင်းလည်း တူသည်”ဟု ယူလိုဟန်ရှိသည်။ စင်စစ်မှာ - ပြခဲ့သည့်အတိုင်း နတ္ထိသတ္တိနှင့်ဝိဂတသတ္တိ, အတ္ထိသတ္တိနှင့်အဝိဂတသတ္တိတို့ ကွဲပြားပေသည်သာ။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. နတ္ထိပစ္စယ (ပု) [နတ္ထိ+ပစ္စယ]
  2. ပရမတ္ထ၊၂၊၃၇၉။
  3. ၃-ချက်စုကြည့်။) အတ္တနော အနန္တရံ ဥပ္ပဇ္ဇမာနာနံ အရူပဓမ္မာနံ ပဝတ္တိဩကာသဿ ဒါနေန ဥပကာရကာ သမနန္တရနိရုဒ္ဓါ အရူပဓမ္မာ နတ္ထိပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၅၂။ ဝိသုဒ္ဓိ၊၂၊၁၇၂။ (အဘိ၊ဋ္ဌ၊၁၊၉။ အဘိ၊ဋ္ဌ၊၃၊၃၈၆။ ဝိသုဒ္ဓိ၊၂၊၁၆၃၊)
  4. တိပိဋကအဘိဓာန် အတွဲ-၁၁
  5. ဝီထိနှင့်သုံးချက်စု ဘာသာဋီကာ၂၉၅-၂၆၀
  6. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်