မာတိကာသို့ ခုန်သွားရန်

ဓမ္မာရာမတ္ထေရ်

ဝီကီပီးဒီးယား မှ

ဓမ္မာရာမ အမည်ရှိသော ထေရ်[]၊ တရားအလုပ်၌ မွေ့လျော်သောမထေရ်။ (၄-လလွန်မြောက်လျှင် ပရိနိဗ္ဗာန်ဝင်စံတော့မည်ဟု ဘုရားရှင် မိန့်ကြားတော်မူသဖြင့် ရဟန်း ထောင်ပေါင်း များစွာတို့ ဘုရားရှင်နှင့် မကွေမကွာ အတူရှိကြ၏၊ ပုထုဇဉ်ရဟန်းတို့ မျက်ရည်လွှတ်စို ငိုယိုကြ၏၊ ရဟန္တာများ ဓမ္မသံဝေဂ ဖြစ်ကြ၏၊

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ဘယ်လို လုပ်ကြရမည်နည်းဟု နောင်ရေးတွေးကြံ လှည့်လည်ကြကုန်၏၊ ဓမ္မာရာမထေရ်သည် ရဟန်း များထံမချဉ်းကပ်ပဲ ဘုရားရှင် ပရိနိဗ္ဗာန်မစံမီ ရဟန္တာဖြစ်ရန် တရားအားထုတ်၍ နေ၏၊ ရဟန်းတို့က မေးသောအခါ စကားတို့မျှပင် မပေးပဲနေရာ ဘုရားရှင်အား လျှောက်ထားကြ၏၊ ဘုရားရှင်က ဓမ္မာရာမမထေရ်အား မေးမြန်းတော်မူရာ ဓမ္မာရာမထေရ်က ဘုရားရှင် ပရိနိဗ္ဗာန်မစံမီ ရဟန္တာဖြစ်လိုသဖြင့် တရားအားထုတ်၍ နေပါကြောင်း လျှောက်ထားရာ ဘုရားရှင်က သာဓုခေါ်တော်မူ၍ ရဟန်းတို့ သင်တို့ ငါဘုရားကို ချစ်ခင်လေးမြတ်တယ်ဆိုလျှင် ဓမ္မာရာမလို တရားအလုပ်ကို အပတ် တကုတ်အားထုတ်နေရမည်၊ ပန်းနံ့သာတို့ဖြင့် ပူဇော်သူသည် ငါဘုရားအား ပူဇော်သူမမည်၊ ဓမ္မာနုဓမ္မအကျင့်ကို ကျင့်သူသည်သာ ငါ ဘုရားအား ပူဇော်သူမည်၏ဟု မိန့်ကြားတော်မူ၏၊ ဒေသနာအဆုံး ဓမ္မာရာမထေရ် ရဟန္တာဖြစ်သည်။ [] D.P.လည်း ကြည့်။) [] []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဓမ္မာရာမတ္ထေရ (ပု) [ဓမ္မာရာမ+ထေရ]
  2. ဓမ္မ၊ဋ္ဌ၊၂၊၃၆၄-၅။
  3. ဓမ္မာရာမတ္ထရံ အာရဗ္ဘ ကထေတိ။ ဓမ္မ၊ဋ္ဌ၊၂၊၃၆၄။
  4. တိပိဋကအဘိဓာန် အတွဲ-၁၁