ပြည်ထောင်စုအင်္ဂါစဉ်
ပုံပန်းသွင်ပြင်
ပြည်ထောင်စုအင်္ဂါစဉ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတော်အခမ်းအနားများနှင့် နိုင်ငံတော်သမ္မတဦးဆောင်သော အစည်းအဝေးများတွင်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ရာတွင်လည်းကောင်း စနစ်တကျရှိစေရန်နှင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်ရန်အတွက် သတ်မှတ်ထားသော အင်္ဂါစဉ်ဖြစ်သည်။[၁]
အင်္ဂါစဉ် (၂၀၁၆-၂၀၂၁)
[ပြင်ဆင်ရန်]စဉ် | ရာထူး | |
၁ | နိုင်ငံတော်သမ္မတ | |
၂ | နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၁ | |
၃ | ဒုတိယသမ္မတ-၁ | |
၄ | ဒုတိယသမ္မတ-၂ | |
၅ | ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ* | |
၆ | အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ* | |
၇ | ပြည်ထောင်စုတရားသူကြီးချုပ် | |
၈ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
၉ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ | |
၁၀ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ | |
၁၁ | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
၁၂ | ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
၁၃ | အမျိုးသားလွတ်တော် ဒုတိယဥက္ကဋ္ဌ | |
၁၄ | ပြည်ထောင်စုဝန်ကြီးများ | |
၁၅ | ပြည်ထောင်စုရှေ့နေချုပ် | |
၁၆ | ပြည်ထောင်စုစာရင်းစစ်ချုပ် | |
၁၇ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ | |
၁၈ | နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ | |
၁၉ | ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ | |
၂၀ | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
၂၁ | ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) | |
၂၂ | တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ | |
၂၃ | ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ | |
၂၄ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ | |
၂၅ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ | |
၂၆ | ဥပဒေကြမ်းကော်မတီ | |
၂၇ | ပြည်သူ့ငွေစာရင်းကော်မတီ | |
၂၈ | လွှတ်တော်အခွင့်အရေးကော်မတီ | |
၂၉ | အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ | |
၃၀ | တိုင်းစစ်ဌာနချုပ် တိုင်းမှူးများ | |
၃၁ | ဒုတိယဝန်ကြီးများ | |
၃၂ | ဒုတိယရှေ့နေချုပ် | |
၃၃ | ဒုတိယစာရင်းစစ်ချုပ် | |
၃၄ | ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ | |
၃၅ | နေပြည်တော်ကောင်စီဝင်များ | |
၃၆ | ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ | |
၃၇ | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ | |
၃၈ | ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ |
- ၁ယခင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မရှိခဲ့၍ ဒုတိယသမ္မတ-၁မှာ အဆင့်၂နေရာတွင်ရှိသည်။
- *ပြည်ထောင်စုလွှတ်တော်နာယကရာထူးသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလအတွက်သာဖြစ်၍ ပြည်ထောင်စုအင်္ဂါစဉ်တွင် အကျုံးမဝင်ပေ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "အတွဲ (၆၉)၊ အမှတ် (၃၀)၊ ၁၅-၇-၂၀၁၆ ရက်ထုတ်စာစောင်"၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။