မာတိကာသို့ ခုန်သွားရန်

ခဏ္ဍသိမ်

ဝီကီပီးဒီးယား မှ

[] ပိုင်းဖြတ်အပ်သော အပိုင်းအခြား၊ ပိုင်းဖြတ်အပ်သော သိမ်၊ ငယ်သောသိမ်။ (ယင်းသိမ် သည်—ဗဒ္ဓ, အဗဒ္ဓ-သိမ်နှစ်မျိုးတွင် ဗဒ္ဓသိမ် မျိုးဖြစ်သည်။ ခဏ္ဍ, သမာနသံဝါသ, အဝိပ္ပဝါသဟူသော ဗဒ္ဓသိမ် သုံးလုံးတို့တွင် တလုံးအပါအဝင်ဖြစ်သည် []။ သင်္ကန်းဖြစ်ရာဌာန “မာတိကာ” ရှစ်မျိုးအနက် ပဌမမာတိကာ၌ ပါဝင်သော သိမ် ၁၅-လုံးတို့တွင် တလုံး အပါအဝင် ဖြစ်သည် []

ယင်း သိမ်ကို ဗောဓိပင်, စေတီ, ဆွမ်းစားကျောင်း စသည်တို့နှင့်တကွ ဆောက်လုပ်အပ်ပြီးသော ကျောင်းတိုက် လူသူအသွားအလာ နည်းပါးသော ကျောင်းမြေအစွန်၌ သမုတ်အပ်၏၊ အဆောက်အဦ မရှိသော ကျောင်းတိုက်၌ ဗောဓိပင်, စေတီစသည်တို့ တည်ရာ အရပ်ကို မှတ်သားချန်ထား၍ အထက်ဆိုခဲ့ပြီးသော အရပ်၌ သမုတ်အပ်၏။ အငယ်ဆုံး အပိုင်း အခြားအားဖြင့် နှစ်ကျိပ်တစ်ယောက်သော ရဟန်း, အကြီးဆုံး အပိုင်းအခြားအားဖြင့် ၁-ထောင်သော ရဟန်းတို့ စုဝေးထိုင်နေ နိုင်လောက်အောင် သမုတ်ရသည် [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. ခဏ္ဍသီမာ (ထီ) [ခဏ္ဍာ+သီမာ]
  2. (ကင်္ခါ၊ ၉၀။ ဝိ၊ဝိနိစ္ဆယ၊ ၂၄၆။ ဝိ၊ဝိနိစ္ဆယ၊ဋီ၊၂၊၁၇၉။ ဝိနယာလင်္ကာရ၊ဋီ၊၁၊၃၄၇)
  3. (ဝိ၊ဋ္ဌ၊၃၊၄၁၇။ ဝိ၊သင်္ဂဟ၊၂၄၈။ ဝိ၊ ဝိနိစ္ဆယ၊ဋီ၊၂၊၂၄၃)
  4. (ဝိ၊ဋ္ဌ၊၃၊၃၂၃။ ဝိ၊သင်္ဂဟ၊၁၈၇။ ဝိနယာလင်္ကာရ၊ဋီ၊၁၊၃၇၅)။ သံယကမ္မာနံ သုခကရဏတ္ထံ ပဌမံ ခဏ္ဍသီမာ ဗန္ဓိတဗ္ဗာ။ ဝိ၊ဋ္ဌ၊၃၊၃၂၃။ ဝိ၊သင်္ဂဟ၊၁၈၇။ (ကင်္ခါ၊၁၅၉-၆၀။ ဝဇိရ၊၄၅၄၊ ၅၀၁။ သာရတ္ထ၊၃၊၂၇၁။ ဝိမတိ၊၂၊၉၄။ ကင်္ခါ၊ဋီ၊၇၄။) သမာနသံဝါသာဝိပ္ပဝါသာနမန္တရေ ခဏ္ဍာ ပရိစ္ဆန္နာ တာဟိ အသင်္ကရာ ခဏ္ဍသီမာ နာမ။ ဝိ၊ဝိနိစ္ဆယ၊ဋီ၊၂၊၁၇၈-၉။ ခဏ္ဍသီမာ နာမ ခုဒ္ဒကသီမာ။ ကင်္ခါ၊ဋီ၊သစ်၊ ၁၄၃။ ကင်္ခါ၊ ယော၊ မဟာ၊ဋီ၊၁၊၁၂၃။
  5. တိပိဋကအဘိဓာန် အတွဲ-၆