မြို့ဝန်
မြို့ဝန်
[ပြင်ဆင်ရန်]မြို့ဝန်ရာထူးကို ယေဘုယျအားဖြင့် မြို့ဝန်ဟူ၍ သာခေါ်ဆိုကြသော်လည်း အမိန့်တော်ပြန်တမ်းများ၌ ရွှေမြို့တော်ဝန်ဟု ဖော်ပြလေ့ရှိသည်။ မြို့ဝန်ရာထူးကို ညောင်ရမ်းခေတ်ကပင် အထင်အရှားတွေ့ရှိရ၏။ အစောဆုံးခန့်အပ်ခံရသူ မြို့ဝန်မှာ မင်းရဲကျော်စွာ ( ၁၆၃၇ - ၁၉၆၈ ) လက်ထက် မြို့ဝန်ရာထူးရရှိခဲ့သူ နေမျိုးကျော်ထင် ဖြစ်ဟန်ရှိသည်။
ရွှေမြို့တော်ဝန်ဇေယျကာမဏိ
[ပြင်ဆင်ရန်]တနဂင်နွေမင်း ( ၁၇၁၄ - ၁၇၃၃ ) လက်ထက်တွင် ဆင်ဝန်ဇေယျကာမဏိအား စလေ မြို့စားရွှေမြို့တော်ဝန် အရာခန့်အပ်ခဲ့သည်။ ရာထူးအားဖြင့်မြို့တော်ဝန်ဖြစ်ပြီး စလေ မြို့မှ ကောက်ခံရရှိသော အခွန်အကောက်များကို ခံစားခွင့်ရသူဟုဆိုနိုင်သည်။ ဇေယျကာမဏိမှာ ရွှေမြို့တော်ဝန်အဖြစ် အမှုထမ်းလျက်ရှိရာမှ မကြာမီဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရ၏။
ညောင်ရမ်းခေတ်မြို့ဝန်များ
[ပြင်ဆင်ရန်]ညောင်ရမ်းခေတ်တစ်လျှောက်တွင် မြို့ဝန်ရာထူးအချို့ကို တွေ့ရှိရသည်။ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် ၁၂ နိုဝင်ဘာ ၁၇၅၃ တွင် ရှေ့ဝင်မှူးလက်ဝဲရန္တသူအား မြို့တော်ဝန်အရာခန့်အပ်ခဲ့သည်။ မဟာဓမ္မရာဇာဓိပတိမင်းသည် သူ၏ ထီးနန်းစိုးစံစဉ်ကာလတစ်လျှောက် အုပ်ချုပ်ရေးဆိုင်ရာအမိန့်တော်တစ်ခုသာ ထုတ်ခဲ့ဖူးကြောင်း တွေ့ရှိရသည်။ ယင်း အမိန့်တော်တွင် မြို့ဝန်တိုသည် ရွှေမြို့တော်အနီးဝန်းကျင်၌ ခိုးသားဓားပြမပေါ်ထွက်စေရန် မပြတ်ကြည့်ရှုကြရမည်ဖြစ်ကြောင်း ပါရှိသည်။ မဟာဓမ္မရာဇာဓိပတိမင်း၏ အမိန့်တော်အရ ညောင်းရမ်းခေတ်နှောင်းကာလတွင် မြို့ဝန်တစ်ဦးထက် မနည်းခန့်အပ်ခဲ့သည်ဟု မှန်ဆရ၏။
စာမဖတ်သောမြို့ဝန်
[ပြင်ဆင်ရန်]မဟာဓမ္မရာဇာဓိပတိမင်း ( ၁၇၃၃ - ၁၇၅၂ ) သည် ပျို့အလင်္ကာ၊ မော်ကွန်း၊ ဧချင်း၊ သီးချင်းစာပေများတွင် အလွန်စိတ်ဝင်စားသူဖြစ်သည်။ သို့ဖြစ်၍ သူ၏အမိန့်တော်အများစုတွင် ပျို့၊ အလင်္ကာ၊ မော်ကွန်း စသည်တို့အား ကိုးကားဖော်ပြလေ့ ရှိတက်ပါသည်။ ထိုခေတ်ကမြို့ဝန်များ စာပေဖတ်ရှုလေ့လာကြဟန်တူပါ။ ဘုရင်မင်းမြတ်အနဖြေင့် ဤကိစ္စအပေါ်အားမလိုအားမရ ဖြစ်မိဟန်တူသည်။ အမိန့်တော်တစ်ဆောင်တွင် “ ပျို့အလင်္ကာသမိုင်းမော်ကွန်အစောင် စောင်စပ်ဟပ်၍ရှိသည်ကို မြို့ဝန်၊ လက်မထောက်မှူး၊ ထောင်စချီ၊ မြို့ဝန်စာရေးတို့သည် မလေ့လာမကြည့်မရှုသောကြောင့် ပေါ့လျေ့သည်ထင်သည်။ ဝန်တိုမှာ လက်မထောက်မှူး၊ ထောင်စာချီ၊ မြို့ဝန်စာရေးတို့ကို သိသာအောင်ပြသပြန်ဆိုရသည်။ မြို့ဝန်တို့ ပျို့အလင်္ကာကို မလေ့မလာမကြည့်မရှုလျှင် ဝန်တို့မှာ လက်မထောင်မှူး၊ ထောင်မှူး၊ ထောင်စာချီ၊ မြို့ဝန်စာရေးတို့ကို သတိရအောင်ဆိုမိန့်ရမည် ” ဟူ၍ ဖော်ပြပါရှိ၏။
ကုန်းဘောင်ခေတ်မြို့ဝန်များ
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်တစ်လျှောက်တွင် ယေဘုယျအားဖြင့် မြို့ပြင်လေးရပ်၌ မြို့ဝန်လေးဦးစီ ခန့်အပ်ခဲ့သည်ဟု ဆိုနျုင်ပါသည်။ သို့သော်အချို့သော မင်းများလက်ထက်တွင် အပြည့်အဝ ခန့်ထားမှုမရှိခဲ့ကြောင်း တွေ့ရှိရ၏။ ယခု ကုန်းဘောင်ခေတ်မင်းများလက်ထက် မြို့ဝန်ရာထူးဖြင့် အမှုထမ်းခဲ့ဖူးသူများကို ရှာဖွေတွေ့ရှိသ၍ စုစည်းတင်ပြထားသည်။ ဤစာရင်းတွင် ဖြည့်စွက်စရာ များစွာကျန်ရှိနေဦးမည် ဖြစ်သည်။
အလောင်းမင်းတရား ( ၁၇၅၂ - ၁၇၆၀ )
[ပြင်ဆင်ရန်]အလောင်းမင်းတရားလက်ထက် မြို့ဝန်အဖြစ်အမှုထမ်းခဲ့ဖူးသူများမှာ
- ဇေယရန္ဒသူ
- လက်ယာစည်သူ
- လက်ဝဲစည်သူ
- နေမျိုးဇေယကာမဏိ
တို့ဖြစ်ကြသည်။ ၁၉ အောက်တိုဘာ ၁၇၅၇ တွင်ထုတ်ပြန်ခဲ့သည့် အမိန့်တော်တွင် မြို့ဝန်ဇေယရန္တသူနှင့် မြို့ဝန်လက်ယာစည်သူတို့အား ဆင်းရဲသားများကို မတရားနှိပ်စက်လျှင် မင်းဆွေမင်းမျိုးပင် ဖြစ်စေကာမှု အပြစ်ပေးရန်ဖော်ပြထား၏။ ရွှေဘိုနယ် ဒင်းတဲရွာတွင် အလောင်းမင်းတရား၏ ညီတော် သတိုးသခင်သူ၏ သားသမီးများက ဒေသခံ ရွာသူရွာသားများအား နှိပ်စက်စော်ကားကြောင်း ကြားသိရ၍ ယင်းသို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒီပဲယင်းမင်း ( ၁၇၀၆ - ၁၇၆၃ ) လက်ထက်တွင် ခမည်းတော် အလောင်းမင်းတရားလက်ထက် မြို့ဝန်များကိုပင် ဆက်လက်ခန့်အပ်ခဲ့ဟန်တူသည်။ နေမျိုးဇေယကာမဏိကို မြို့ဝန်ဆက်ခန့်ကြောင်း ကုန်းဘောင်မင်း ( ပထမတွဲ ) စာ - ၂၆၈၌ တွေ့ရှိရသည်။
မြေဒူးမင်း ( ၁၇၆၃ - ၁၇၇၆ ) လက်ထက်
[ပြင်ဆင်ရန်]ဆင်ဖြူရှင် ( မြေဒူးမင်း ) နန်းတက်လာပြီနောက် အသစ်ခန့်အပ်ခဲ့သည့် မြို့ဝန်များမှာ
- နေမျိုးဇေယျကာမဏိ
- ဥတ္တမသီရိဇေယသူရ
တို့ဖြစ်ကြသည်။ ဤတွင် မြို့ဝန်နေမျိုးဇေယကာမဏိသည် အလောင်းမင်းတရားလက်ထက်နှင့် ဒီပဲယင်းမင်း ( နောင်တော်ကြီး) တို့လက်ထက်၌ မြို့ဝန်ဖြစ်ခဲ့သူဖြစ်သည်။ နောက်ပိုင်း နေမျိုးဇေယကာမဏိကို ဝန်ကြီးရာထူးခန့်အပ်ခဲ့သည်။
စဉ့်ကူးမင်း ( ၁၇၇၆ - ၁၇၈၂ ) လက်ထက်
[ပြင်ဆင်ရန်]စဉ့်ကူးမင်းလက်ထက်မြို့ဝန်အဖြစ် အသစ်ခန့်အပ်ခံခဲ့ရသူများမှာ
- ဇေယကာမဏိ
- မင်းလှရွှေတောင်ကျော်
တို့ဖြစ်ကြ၏။ ဖောင်းကားစားမောင်မောင်မှာ ၇ ရက်မျှသာထီးနန်းစိုးစံခဲ့ရာ မြို့ဝန်ရာထူးပင် ခန့်အပ်နိုင်ခြင်း မရှိပါ။
ဗဒုံမင်း ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်
[ပြင်ဆင်ရန်]ဗဒုံမင်း ( ဘိုးတော်ဘုရား ) သည် နန်းသက်အလွန်ရှည်သော မငူ်ဖြစ်သည်။ ဗဒုံမင်းလက်ထက်တွင် မြို့ဝန်ရာထူးဖြင့် ကမှုထမ်းရွက်ခဲ့သူ၊ မြို့ဝန်အဖြစ် အသစ်ခန့်အပ်ခဲ့ရသူ အများအပြားရှိသည်။ ရှာဖွေတွေ့ရှိသ၍ မြို့ဝန်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
- မဟာသီရိဖေယျ
- ဂါမဏိစန္ဒ
- ဒေဝသူရကျော်ထင်
- မင်းလှရွှေတောင်ကျော် ( ဦးထွေး )
- သီရိမဟာသီဟသူ ( ဦးရွှဖြေူ )
- နေမျိုးနန္ဒသူ ( ဦးလွန်ပြေ )
- မဟာသင်္ခယျာ( ဦးဘေး )
- နေမျိုးနော်ရထာ ( ဦးဘဲ )
- နေမျိုးနော်ရထာ ( ဘွဲ့မည်တူ ) ( ဦးအိမ် )
- မဟာသီဟသူရ ( ဦးရောက်ကြီး )
တို့ဖြစ်ကြသည်။
စစ်ကိုင်းမင်း ( ၁၈၁၉ - ၁၈၃၇ ) လက်ထက်
[ပြင်ဆင်ရန်]စစ်ကိုင်းမင်း ( ဘကြီးတော် ) လက်ထက်မြို့ဝန်အဖြစ် ခန့်အပ်ခ့ခဲ့ရသူများမှာ
- မဟာသင်္ခယျာ ( ဦးပေ )
- မဟာသီဟသူရ ( ဦးရောက်ကြီး )
- မင်းရဲဇေယကျော် ( ဦးကံ )
- နေမျိုးသီရိလွှမ်းကျော် ( ဦးမြတ်ရာ )
- မင်းလှသင်္ခယျာ ( ဦးရွှေသွေး )
- မင်းလှမင်းထင် ( ဦးစု )
တို့ဖြစ်ကြသည်။
သာယာဝတီမင်း ( ၁၈၇၃ - ၁၈၄၆ )
[ပြင်ဆင်ရန်]သာယာဝတီမင်းလက်ထက် မြို့ဝန်အဖြစ်အမှုထမ်းရွက်ခဲ့သူများမှာ
- နေမျိုးမင်းလှဇေယျသူ ( ဦးကြွယ်ဝ )
- နေမျိုးဇေယျကျော်ထင်( ဦးစိုး )
- မဟာမင်းလှကျော်သူ ( ဦးစိုး+ သီးလုံး )
- မင်းကြီးမဟာမင်းလှသီရိသီဟသူ ( ဦးရွှေသွေး )
- မဟာမင်းလှရာဇာ ( ဦးရွှေမောင်း )
- မဟာမင်းလှသီရိရွှေအောင် ( ဦးရှေမောင်း၊ နောက်တော်ပါ )
- မဟာမင်းလှကျော်စွာ ( ဦးမြတ်ငြိမ်း )
တို့ဖြစ်ကြ၏။ မြို့ဝန်နှစ်ဦးရှိခဲ့ရာ တစ်ဦးမှာ ရွှေဘိုနယ်သီးလုံးရွာ ဇာတိဖြစ်သည်။
ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ )
[ပြင်ဆင်ရန်]- မင်းကြီးမဟာမင်းလှသီရိ ( ဦးရွှေမောင်း )
- မင်းကြီးမဟာမင်းခေါင်ကျော်ထင် ( ဦးအုပ် )
- ဘိုင်းဇတ် ( ဆေယက်ခန် )
- ဦးအုပ် ( အမည်တူ )
- မဟာစည်သူ ( ဦးမောင်ကလေး )
တို့ဖြစ်ကြသည်။
မင်းတုန်းမင်း ( ၁၈၅၂ - ၁၈၇၈ )
[ပြင်ဆင်ရန်]မင်းတုန်းမင်းလက်ထက် မြို့ဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူများမှာ
- မြို့သာမြို့စား မင်းကြီးသီရီမဟာမင်းလှမင်းခေါင်သူရိန် ( ဦးသာအိုး )
- ယင်းတော်မြို့စားမင်းကြီး မဟာမင်းထင်စည်သူ ( ဦးပေစေ့ )
- ရန်အောင်မြင်မြို့စား မင်းကြီးမဟာမင်းခေါင်ကျော်ထင် ( ဦးအို )
- သစ်တောမြို့ဝန် မင်းကျော်မင်းလှစည်သူ ( ဦးရွှေတုတ် )
သီပေါမင်း( ၁၈၇၈ - ၁၈၈၅ ) လက်ထက်
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက် မြို့ဝန်အရာရရှိခဲ့သူများမှာ
- ပင်လယ်မြို့စား မင်းကြီးမဟာမင်းထင်ရာဇာ ( ဦးချုံ )
- ကောလင်းမြို့စား မင်းကြီးမဟာမငါ်းငေ်နော်ရထာ ( ဦးချက် )
- ယင်းတောင်မြို့စား မင်းကြီးမဟာဇေယကာမဏိ ( ဦးပေစေ့ )
- ပခန်းငယ်မြို့သားမင်းကြီး သီရိမဟာဇေယျကျော်ထင်
တို့ဖြစ်ကြသည်။