ကုသိုလ်ဇောစောရခြင်း

ဝီကီပီးဒီးယား မှ

ဤအကြောင်းတရားတို့ကြောင့် ကုသိုလ်ဇော စောရခြင်း ဖြစ်ပေသည်။[၁][၂]

ကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားခြင်း[ပြင်ဆင်ရန်]

နိယမိတငါသည် ကုသိုလ်ကိုသာ ပြုထိုက်၏ဟု ကုသိုလ်ကို ပြုလုပ်ခြင်း၌ စိတ်ကို အမြဲသတ်မှတ်ထား၏၊ ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားအပ်သော စိတ်၏ စွမ်းအင် ကြောင့်လည်းကောင်း,[၂]

ကုသိုလ်ကိုပြုခြင်း၌ ညွတ်ကိုင်းရှိုင်းထားသော စိတ်[ပြင်ဆင်ရန်]

ပရိဏာမိတ— အကုသိုလ်ဖြစ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေ၍ ကောင်းမှုကုသိုလ် ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းရှိုင်းထား၏၊ ယင်းသို့ ကောင်းမှုကုသိုလ်ကိုပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,[၂]

ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်[ပြင်ဆင်ရန်]

သမုဒါစာရဒါန သီလ သမထ ဝိပဿနာ အစရှိသော ကုသိုလ်တရားတို့ကို အမြဲမပြတ် လိုက်နာပြုကျင့်လျက် စိတ်ဓာတ်ကို ကုသိုလ်တရားတို့၌သာ အဆက်မပြတ် ဆက်တိုက်ဖြစ်နေအောင် လေ့ကျင့်ထား၏၊ ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,[၂]

ယောနိသောမနသိကာရ၏ စွမ်းအင်[ပြင်ဆင်ရန်]

အာဘုဇိတပတိရူပဒေသဝါသ = ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခြင်း,

သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း,

သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း,

ပုဗ္ဗေ ကတပုညတာ = ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ထူးရှိခြင်း –– ဤသို့စသော အကြောင်းတရားတို့ကြောင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း နှလုံးသွင်းတတ်ခြင်း ယောနိသောမနသိကာရ၏ စွမ်းအင်ကြောင့်လည်းကောင်း ––[၂]

ကုသိုလ်စိတ်ဖြစ်ရသော အကြောင်းတရား (၄)ပါး[ပြင်ဆင်ရန်]

  1. “ငါ့မှာ မည်သည့် အာရုံနှင့်ပင်တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြစ်စေရမည်”ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊
  2. အကုသိုလ် မဖြစ်အောင် စိတ်ကိုစောင့်စည်း၍ ကုသိုလ်ဖြစ်ဖို့ရန် စိတ်ညွတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊
  3. ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက်ရနေသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊
  4. ဘယ်လုပ်ငန်းကိစ္စ၌မဆို သင့်တော်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြုံရသော်လည်း လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည် ဟူလို။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (အဘိ၊ဋ္ဌ၊၁၊၁၁၇။)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း