လေဆင်နှာမောင်း

ဝီကီပီးဒီးယား မှ
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
 
ဥတုလေးပါး ပြက္ခဒိန်
နွေဦး နွေဥတု

ဆောင်းဦး ဆောင်းဥတု

ခြောက်သွေ့ ရာသီ စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း Supercell
စိုက်ဆင်းလေပြင်း မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း နှင်းမုန်တိုင်းရေခဲမုန်တိုင်း

သဲမုန်တိုင်း%;"| မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း မိုးရွာခြင်း နှင်းကျခြင်း နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း ရေခဲစေ့ ရွာခြင်း မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်
ဥက္ကလာဟိုးမား ပြည်နယ်တွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်း

လေဆင်နှာမောင်းမှာ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်တိုက်ခတ်သော မုန်တိုင်းအမျိုးအစားဖြစ်သည်။ မြေပြင်ရှိ အဆောက်အအုံများကို လေထဲသို့ မြောက်တက်ကျွတ်ပါသားအောင် တိုက်ခတ်တတ်သော အင်အားပြင်းမုန်တိုင်း အမျိုးအစားဖြစ်သည်။


လေဆင်နှာမောင်း စတင်ဖြစ်ပေါ်ခြင်းကို လေ့လာကြည်လျှင် နေပူရှန်ကြောင့် မြေမျက်နှာပြင်အပူချိန်သည် ရုတ်တရက် မြင့်တက်လာပြီး စိုစွတ်သော လေထုမှာ ပူနွေးလာရာမှ လေထုစတင်၊ အထက်သို့မြင့်တက်လာသည်။

ယင်းလေထုမှာ ပူနွေးလာချိန်တွင် စိုစွတ်သော လေထုနှင် အပေါ်ရှိ အေးမြခြောက်သွေ့သည့် လေထုနှင့် ပေါင်းဆုံမိသည်။ မိုးအရွာတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပေါ်ပြီး ထစ်ချုန်းမိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်ကာ လေဆင်နှာမောင်းအဖြစ်သို့ ရောက်ရှိလာသည်။

ယင်းလေဆင်နှာမောင်းသည် လျင်မြန်စွာ အားကောင်းလာပြီ မိုးရွာခြင်း၊ လျှပ်စီးများလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဖြစ်ပေါ်သည်။ ထောင်လိုက် ရွေ့လျားနေသောလေထုမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီ လေများမှာ လားရာအမျိုးမျိုးကြောင့် ပတ်ချာလည်နေသည်။ မြေပြင်နှင့် တိမ်တိုက်များအကြား ဖန်ကတော့ပုံ အနေအထားအတိုင်း ရွေ့လျား တိုက်ခတ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ယင်းတိုက်ခတ်နေသော လေပွေ၊ လေဝဲသည် အရွယ်အစားနှင် ပုံသဏ္ဌာန်အမျိုးမျိုးသို့ ပြောင်းလဲနိုင်သည်။ အရွယ်အစားမှာ မီတာ ရာနှင်ချီ ကျယ်ပြန့်လာနိုင်သည်။ လေဆင်နှာမောင်းတစ်ခုသည် စက္ကန့်ပိုင်းမှ တစ်နာရီအထက်ကြာမြင့်စွာ တိုက်ခတ်နိုင်သည်။ ရွေ့လျားတိုက်ခတ်သည်လမ်းကြောင်းမှာလည်း နာရီပိုင်းအတွင်း မိုင်အများအပြားတိုက်ခတ်နိုင်သည်။

လေဆင်နှာမောင်းအတွင်းရှိ လေများသည် လျင်မြန်စွာ တိုက်ခတ်နေသဖြင့် တိုင်းတာရန် မလွယ်ကူပေ။ သို့သော် လေဆင်နှာမောင်းတစ်ခု၏တိုက်ခတ်နှုန်းကို ဖူဂျီတာစကေးဖြင့် ခန့်မှန်းတိုင်းတာကြသည်။

အက်ဖ်အို[ပြင်ဆင်ရန်]

အက်ဖ်အို လေဆင်နှာမောင်း အမျိုးအစားသည် တစ်နာရီ ၇၅မိုင်နှုန်း တိုက်ခတ်ပြီး သာမန်ပျက်စီးမှုဖြစ်ပေါ်နိုင်သည့် လေမုန်တိုင်း အမျိုးအစား ဖြစ်သည်။ သစ်ကိုင်းများ ကျိုးကျခြင်းလောက်သာ ဖြစ်နိုင်သည်။

အက်ဖ်-၁[ပြင်ဆင်ရန်]

အက်ဖ်-၁ လေဆင်နှာမောင်း အမျိုးအစားသည်လည်း ပျက်စီးမှု နည်းပါးသည်။ တစ်နာရီ၇၃မိုင်မှ ၁၁၂မိုင် တိုက်ခတ်သည်။ သို့သော် မော်တော်ကားများ လွင့်ပါနိုင်သည်။ နေအိမ်များလည်း အုတ်မြစ်မှ ကျွတ်ပါသွားနိုင်သည်။

အက်ဖ်-၂[ပြင်ဆင်ရန်]

အက်ဖ်-၂ လေဆင်နှာမောင်းအမျိုးအစားသည် အားပြင်း လေဆင်နှာမောင်း အမျိုးအစားဖြစ်သည်။ တစ်နာရီ၁၁၃မိုင်မှ ၁၅၇မိုင်နှုန်း တိုက်ခတ်သည်။ နေအိမ်များ လွင့်ပါနိုင်ပြီး ကြီးမားသော သစပင်ကြ်းများ အမြစ်မှ ကျွတ်ထွက်ပါသွားနိုင်သည် မုန့်တိုင်းမျိုးဖြစ်သည်။

အက်ဖ်-၃[ပြင်ဆင်ရန်]

အက်ဖ်-၃ လေဆင်နှာမောင်း အမျိုးအစားသည် မီးရထားများ တိမ်းမှောက်နိုင်သည့် အားပြင်းလေမုန်တိုင်း အမျိုးအစားဖြစ်သည်။ တစ်နာရီလျှင် ၁၅၈ မိုင်မှ ၂ဝ၆မိုင်အထိ တိုက်ခတ်သည်။ သစ်ပင်ကြီးများ၊ ကုန်တင်ကားကြီးများ၊ နေအိမ်အုတ်တံတိုင်းများ လွင့်ပါလဲပြိုနိုင်သည့် မုန်တိုင်းအမျိုးအစားဖြစ်သည်။

အက်ဖ်-၄[ပြင်ဆင်ရန်]

အကဖ်-၄ လေဆင်နာမောင်း အမျိုးအစားသည်တစ်နာရီလျှင်၂ဝ၇မိုင် မှ မိုင် ၂၆ဝအထိ တိုက်ခတ်သည်။ ပျက်စီးမူများပြီး ပြင်းထန်သည် လေမုန်တိုင်း အမျိုးအစားဖြစ်သည်။ အခိုင်အမာဆောက်လုပ်ထားသော အဆောက် အအုံများ၊ ကြီးမားသောအရာဝတ၊များ လေထဲတွင် လွင့်ပါသွားနိုင်သည်။

အက်ဖ်-၅[ပြင်ဆင်ရန်]

အက်ဖ်-၅ လေဆင်နှာမောင်း အမျိုးအစားသည် တစ်နာရီလျှင်၂၆၁ မိုင်မှ ၃၁၈မိုင်အထိ တိုက်ခတ်သည်။ အလွန်ပြင်းထန်သည် လေမုန်တိုင်း အမျိုးအစားဖြစ်သည်။ မော်တော်ကားများ မီတာ၁ဝဝကျော်အထိ လွင့်သွား နိုင်သည်။ ကြီးမားသောအဆောက်အအုံများ တံမြက်စည်းဖြင့် လှဲချလိုက် သကဲ့သို့ လွင့်ပါသွားနိုင်သည့် မုန်တိုင်းအမျိုးအစားဖြစ်သည်။

အဆိုးရွားဆုံး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရေထု၊ မြေထု အပူချိန်များ မြင့်တက်လာရာမှအစပြု၊မုန်တိုင်းကြီးများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းမုန်တိုင်းများကြောင့် နှစ်စဉ် လူ့အသက်ပေါင်းများစွာ သေကျေပျက်စီး နေရသကဲ့သို့ ဆုံးရှုံးမှုအားဖြင့်လည်း များပြားလျက်ရှိ၊အဆိုးရွားဆုံး သဘာဝဘေးအန္တာယ်များအနက်မှလေဆင်နှာမောင်းမုန်တိုင်းဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ အလင်း (၁၆ စက်တင်ဘာ ၂၀၀၈)