မိုင်ယာမီမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုင်ယာမီမြို့ မြင်ကွင်း

မိုင်ယာမီမြို့သည် ဖလော်ရီဒါပြည်နယ် အရှေ့တောင်ပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ၏ ကမ်းရိုးတန်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မိုင်ယာမီ-ဒိတ် ကောင်တီ၏ မြို့တော် ဖြစ်သည်။ ထိုကောင်တီမှာ ဖလော်ရီဒါ ပြည်နယ်တွင် လူဦးရေ အများဆုံး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် အဌမမြောက် လူဦးရေ အများဆုံး ဖြစ်ကာ လူဦးရေ ၂,၅၀၀၀,၆၂၅ ဦး ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ၄၂ မြို့မြောက် လူဦးရေ အများဆုံး မြို့ ဖြစ်ပြီး မြို့တွင်း လူဦးရေ ၃၉၉,၄၅၇ ဦး ရှိသည်။ တောင်ဖလော်ရီဒါ မက်ထရိုပိုလစ်တန် ဧရိယာ အတွင်း အဓိက၊ အလယ်ဗဟိုကျကာ၊ လူဦးရေ အများဆုံး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု သန်းခေါင်စာရင်း ဗျူရို၏ အဆိုအရ မိုင်ယာမီ မက်ထရို ဧရိယာသည် သတ္တမမြောက် လူဦးရေ အများဆုံးနှင့် ပဉ္စမမြောက် အကြီးဆုံး မြို့ပြဧရိယာဖြစ်ပြီး လူဦးရေ ၅.၅ သန်းမျှ ရှိသည်။