ဘီလ် ကလင်တန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘီလ် ကလင်တန်
ဘီလ် ကလင်တန်
အမည်​ရင်း ဝီလီယမ် ဂျက်ဖာဆန် ဘီလ် ကလင်တန်
မွေး​သက္ကရာဇ် ၁၉ ဩဂုတ် ၁၉၄၆
ဟုတ်ပ်၊ အာကင်းဆပ်ပြည်နယ်၊ အမေရိကန်
နိုင်ငံသား အမေရိကန်
ပညာရေး ဂျော့ခ်ရှ်တောင်း တက္ကသိုလ် B.S.
ယူနီဗာစတီ ကောလိပ် အောက်စဖို့ဒ်
ယေးလ် ဥပဒေကျောင်းJ.D.
အလုပ်အကိုင် ရှေ့နေ
မွေးရပ်ဇာတိ အာကင်းဆပ်ပြည်နယ်၊ အမေရိကန်
ကြင်ဖော် ဟီလာရီ ကလင်တန်
သားသမီး ချယ်လ်ဆီး ကလင်တန်
လက်မှတ် Signature of Bill Clinton.svg
ဝက်ဘ်ဆိုက် William J. Clinton Presidential Library

ဝီလီယမ် ဂျက်ဖာဆန် ဘီလ် ကလင်တန် (၁၉၄၆ ဩဂုတ် ၁၉ရက်မွေး) သည် အမေရိကန်ပြည်ထောင်စု ၏ ၄၂ ယောက်မြောက် သမ္မတဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ် အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၄၆ နှစ် အရွယ်တွင် သမ္မတ ဖြစ်ခဲ့သဖြင့် သူသည် တတိယမြောက် အငယ်ဆုံး အမေရိကန် သမ္မတဖြစ်သည်။ သူသည် စစ်အေးတိုက်ပွဲ အပြီးတွင် ပထမဆုံး သမ္မတဖြစ်ခဲ့ပြီး ဘေဘီဘွန်မာခေါ် စစ်အပြီးခေတ် မွေးဖွားသူများတွင် ပထမဆုံး သမ္မတဖြစ်သည်။ သူ၏ ဇနီး ဟီလာရီ ကလင်တန် သည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး သူတို့ နှစ်ဦးစလုံးသည် ယေးလ် ဥပဒေကျောင်းမှ ဂျူရစ် ဒေါက်တာ (J.D.) ဘွဲ့ကို ရရှိခဲ့ကြသည်။