ပင်လယ်ကွေ့ စစ်ပွဲ
| Persian Gulf War | |||||||
|---|---|---|---|---|---|---|---|
ထိပ်ဆုံးမှ စ၍ လက်ယာရစ်၊ အမေရိကန် လေတပ် လေယာဉ်မှ ကူဝိတ်နိုင်ငံရှိ လောင်ကျွမ်းနေသာ ရေနံတွင်းများ အပေါ်တွင် ဖြတ်၍ ပျံသန်းနေပုံ၊ ဂရန်ဘီ စစ်ဆင်ရေးမှ ဗြိတိသျှ တပ်များ၊ လော့ဒ်ဟိ AC-130 မှ ကင်မရာဖြင့် ရိုက်ထားသော မြင်ကွင်း၊ မရဏ ဟိုင်းဝေး၊ M728 တိုက်ခိုက်ရေးယာဉ် |
|||||||
|
|||||||
| စစ်ရင်ဆိုင်သည့်နိုင်ငံများ | |||||||
| မဟာမိတ် တပ်ပေါင်းစုများ
|
|||||||
| တပ်မှူးများ | |||||||
|
|||||||
| စစ်အင်အား | |||||||
| ၉၅၉,၆၀၀[၅] | ၅၄၅,၀၀၀ ( ကူဝိတ်တွင် ၁ သိန်း)[ကိုးကားချက်လိုသည်] | ||||||
| အသေအပျောက် | |||||||
| မဟာမိတ်တပ်ပေါင်းစု: ၃၉၂ဦး သေဆုံး[၆] ၇၇၆ ဦး ဒဏ်ရာရ[၇] ကူဝိတ်: ၁၂၀၀ သေဆုံး[ကိုးကားချက်လိုသည်] |
၂၀,၀၀၀ မှ ၃၅,၀၀၀ အထိ သေဆုံး[၇] | ||||||
| ကူဝိတ် အရပ်သား သေဆုံးမှု: ၁၀၀၀ ကျော် သေဆုံး[၈] Iraqi civilian losses: |
|||||||
ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲ (ဩဂုတ်လ ၂ ရက် ၁၉၉၀ - ဖေဖော်ဝါရီလ ၂၈ရက် ၁၉၉၁) ကို ပင်လယ်ကွေ့ စစ်ပွဲဟုသာ ခေါ်ဝေါ်လေ့ ရှိကြပြီး ကုလသမဂ္ဂ မှ ခွင့်ပြုထားသော နိုင်ငံပေါင်း ၃၄နိုင်ငံမှ မဟာမိတ် တပ်များကို အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း တို့မှ ဦးဆောင်ပြီး အီရတ်နိုင်ငံကို တိုက်ခိုက်ခဲ့သော စစ်ပွဲ ဖြစ်သည်။
ထိုစစ်ပွဲကို အီရတ်ခေါင်းဆောင်ဟောင်း ဆဒမ်ဟူစိန်မှ စစ်ပွဲများအားလုံး၏ မိခင်စစ်ပွဲဟု ရည်ညွန်းလေ့ရှိပြီး ပြန်လှန်တိုက်ခိုက်သော စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး အမည်နှင့် ရောနှော၍ ကန္တာရမုန်တိုင်း စစ်ဆင်ရေး ဟု လွဲမှားစွာ ခေါ်ဝေါ်လေ့ ရှိကြသည်။ ၂၀၀၃-၂၀၁၀ အီရတ်စစ်ပွဲ ပေါ်မူတည်၍ ပထမ ပင်လယ်ကွေ့ စစ်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ ၁၊ အီရတ်စစ်ပွဲ စသည်ဖြင့်လည်း ခေါ်ဝေါ်လေ့ ရှိကြသည်။
အီရတ်တပ်ဖွဲ့များက ၁၉၉၀ ဩဂုတ်လ ၂ ရက်တွင် ကူဝိတ်နိုင်ငံကို ကျူးကျော်ခြင်းကို နိုင်ငံတကာမှ ဝိုင်းဝန်းရှုံ့ချမှုများဖြင့် တုံ့ပြန်ခဲ့သည်။ အီရတ်နိုင်ငံကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများမှ ချက်ချင်း စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်က အမေရိကန် တပ်များကို ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းတွင် ၆ လအကြာတွင် ပို့ဆောင် တပ်စွဲစေခဲ့သည်။ အခြားနိုင်ငံများကိုလည်း ထိုနေရာသို့ သူတို့၏ တပ်များ ပို့ဆောင်ရန် တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားကပင် မဟာမိတ်တပ်သို့ ပူးပေါင်း ဝင်ရောက်ခဲ့ကြသည်။ မဟာမိတ် တပ်များတွင် စစ်အင်အားအများစုကို အမေရိကန် ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အီဂျစ်တို့မှ ပါဝင်ပံ့ပိုးကြသည်။ ယူအက်စ် ဒေါ်လာ ၆၀ ဘီလီယံ ကုန်ကျရာတွင် ၃၆ ဘီလီယံကို ဆော်ဒီအာရေဗျ နိုင်ငံမှ ပေးခဲ့သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ Historical Events on 30th November. Historyorb.com. Retrieved on 2010-03-18။
- ↑ Den 1. Golfkrig. Forsvaret.dk (2010-09-24). Retrieved on 2011-02-01။
- ↑ Gulf War, the Sandhurst-trained Prince Khaled bin Sultan al-Saud was co commander with General Norman Schwarzkopf www.casi.org.uk/discuss
- ↑ General Khaled was Co-Commander, with U.S. General Norman Schwarzkopf, of the allied coalition that liberated Kuwait www.thefreelibrary.com
- ↑ Gulf War Coalition Forces (Latest available) by country www.nationmaster.com
- ↑ 2010 World Almanac and Book of Facts, Pg. 176, Published 2009, Published by World Almanac Books; ISBN 1-60057-105-0
- ↑ ၇.၀ ၇.၁ Persian Gulf War - MSN Encarta. Archived from the original on 2009-10-31။
- ↑ The Use of Terror during Iraq’s invasion of Kuwait. The Jewish Agency for Israel. Archived from the original on 2005-01-24။ Retrieved on 2010-06-22။
- ↑ The Wages of War: Iraqi Combatant and Noncombatant Fatalities in the 2003 Conflict. Project on Defense Alternatives. Retrieved on 2009-05-09။