ဟီရိုရှီးမားမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဟီရိုရှီးမားမြို့[ပြင်​ဆင်​ရန်​]

ဟီရိုရှီးမားမြို့သည် ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းတောင်ဘက် ကမ်းခြေပေါ်တွင် တည်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည်။ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် တောင်ကုန်းများခြံရံလျက် ရှိသည်။ ယွန်းထည်၊ ကြေးထည်နှင့် အလှအပကုန်ပစ္စည်းများ ထွက်၍ စက်မှုလုပ် ငန်းများလည်းထွန်းကားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ဘက်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို အနည်းငယ်မျှလောက် သာခံခဲ့ရသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့၌ အမေရိကန်လေတပ်သည် ဟီရိုရှီးမားမြို့ပေါ်တွင် အနုမြူဗုံးတစ်လုံးကို ပထမဦးဆုံးအကြိမ်ကြဲချခဲ့လေသည်။ ထိုအနုမြူဗုံးသည် မြို့လယ်အထက် ပေ ၁ဝဝဝခန့်အမြင့်တွင် ပေါက်ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် တစ်မြို့လုံးနီးပါးမျှ မီးလောင်ပျက်စီးခဲ့ရလေသည်။ လူဦးရေ သုံးသိန်းလေးသောင်း ကျော်ရှိသည့်အနက် လူပေါင်းခု နစ်သောင်းရှစ်ထောင်ကျော် သေဆုံး၍ ငါးသောင်းကိုးထောင်ခန့်ဒဏ်ရာရရှိခဲ့ကြသည်။ ၁၉၄ရ ခုနှစ်မှစ၍ မြို့ကိုပြန်လည်ထူထောင်ခဲ့ကြသဖြင့် တဖြည်းဖြည်းအရောင်းအဝယ်စည် ကားလာပြီဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင်လူဦးရေ ၅ဝ၄ဝဝဝ ယောက်ခန့် နေထိုင်လျက် ရှိသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)