ဒယ်လ်တာ လေကြောင်းလိုင်း
|
||||
| တည်ထောင်ခြင်း | ၁၉၂၄ ( ဟပ်ဖ်ဒါလန် ဒပ်စတာအမည်ဖြင့်) Macon, Georgia, US[၁] |
|||
|---|---|---|---|---|
| စတင်ပြေးဆွဲခြင်း | June 17, 1929[၂] | |||
| AOC # | DALA026A[၃] | |||
| အချက်အခြာဌာန | * အမ်စတာဒမ် ရှီပိုးလေဆိပ်
|
|||
| ဖရီးကွင့် ဖလိုင်ယာ ပရိုဂရမ် | စကိုင်းမိုင် | |||
| လေဆိပ် လောင်းချ်များ | ဒယ်လ်တာ စကိုင်း ကလပ် | |||
| အလိုင်းယင့်စ် | စကိုင်းတင်းမ် | |||
| ကုမ္ပဏီခွဲများ | ||||
| လေယာဉ်ပေါင်း | ၇၂၄[၆] (+ ၄၉စင်း မှာထားသည်) | |||
| စုစုပေါင်းပျံသန်းရာနေရာ | ၂၄၇[၇] (mainline only) | |||
| ကုမ္ပဏီဆောင်ပုဒ် | Keep climbing | |||
| ဌာနချုပ် | ဟတ်စ်ဖီး-ဂျက်ဆန် အတ်တလန်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် – College Park, ဂျော်ဂျီယာပြည်နယ်, အမေရိကန်ပြည်ထောင်စု[၄] |
|||
| အရေးပါသူများ | Richard H. Anderson (CEO) Edward Bastian (President) |
|||
| အမြတ်အစွန်း | ▲ US$ ၃၁.၇၅၅ ဘီလီယံ (၂၀၁၀)[၄] | |||
| ဝင်ငွေ | ▲ US$ ၂.၂၁၇ ဘီလီယံ(၂၀၁၀)[၄] | |||
| အသားတင်ဝင်ငွေ | ▲ US$ ၅၉၃ မီလီယံ(၂၀၁၀)[၄] | |||
| ရင်းနှီးမြှုပ်နှံမှုများ | ▼ US$ ၄၃.၁၈၈ ဘီလီယံ (၂၀၁၀)[၄] | |||
| Total equity | ▲ US$ ၈၉၇ မီလီယံ(၂၀၁၀)[၄] | |||
| ဝက်ဘ်ဆိုက် | delta.com | |||
ဒယ်လ်တာ လေကြောင်းလိုင်းသည် အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော လေကြောင်းလိုင်းကြီးတစ်ခုဖြစ်ပြီး ဌာနချုပ်မှာ ဂျော်ဂျီယာပြည်နယ် ကောလိပ်ပတ်ခ်တွင် တည်ရှိသည်။ ထိုလေကြောင်းလိုင်းသည် ပြည်တွင်းနှင့် ပြည်ပ လေကြောင်း ခရီးစဉ်များကို ပြေးဆွဲလျှက် ရှိပြီး အန္တာတိကတိုက်မှ လွဲ၍ အခြားတိုက်ကြီးများသို့ ပြေးဆွဲနေသော နိုင်ငံတကာ ကွန်ယက်များ ရှိသည်။ ဒယ်လ်တာ နှင့် ၎င်း၏ ကုမ္ပဏီခွဲများမှ တစ်နေ့လျှင် ခရီးစဉ်ပေါင်း ၄၀၀၀ ကျော် ပြေးဆွဲလျှက် ရှိသည်။ လေကြောင်းလိုင်း၏ ဌာနချုပ် ဖြစ်သော ဟတ်ဒ်ဖီး-ဂျက်ဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ပြီး ၁၉၉၉ ခုမှစ၍ ခရီးသည် အရေအတွက် နှင့် အတက်အဆင်း အများဆုံး စာရင်းဇယားဖြင့် ကြည့်လျှင် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး လေဆိပ်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည်ပေါင်း ၈၈ သန်းကျော် ဝင်ထွက် သွားလာလျှက် ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဒယ်လ်တာ လေကြောင်းလိုင်း ရှိနေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ဒယ်လ်တာသည် စကိုင်းတင်းမ် အလိုင်းယင့်ကို စတင်တည်ထောင်သူများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။
၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၉ တွင် ဒယ်လ်တာသည် နော့သ်ဝက်စ် လေကြောင်းလိုင်းနှင့် ပေါင်းစပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။ ဒယ်လ်တာသည် ပြိုင်ဘက်ဖြစ်သော ယူနိုက်တက် လေကြောင်းလိုင်း နှင့် ကွန်တီနင်တယ် လေကြောင်းလိုင်းတို့ ပေါင်းစပ်ထားသည့် လေကြောင်းလိုင်းမှ လေကြောင်းလိုင်းတစ်ခုတည်း အဖြစ် ပျံသန်းခွင့် ရသည့် အချိန်အထိ အကြီးဆုံး လေကြောင်းလိုင်း အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ History. news.delta.com. Delta Air Lines Inc. (10 2010). Retrieved on January 11, 2011။ “1924 The Huff Daland Dusters crop-dusting operation, which formed the roots for Delta, founded in Macon, Ga.”
- ↑ (2002) North American Airlines Handbook, 3rd, Sandpoint, ID: Airways International, 40. ISBN 0-9653993-8-9.
- ↑ Airline Certificate Information – Detail View. av-info.faa.gov. Federal Aviation Administration (September 30, 1988). Archived from the original on January 20, 2011။ Retrieved on January 20, 2011။ “Certificate Number DALA026A”
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ 2010 Form 10-K, Delta Air Lines, Inc.. United States Securities and Exchange Commission. Retrieved on July 1, 2011။
- ↑ Delta Renames Business Jet Subsidiary ‘Delta Private Jets'. deltaprivatejets.com. Delta Private Jets, Inc (September 9, 2010). Archived from the original on January 20, 2010။ Retrieved on January 20, 2010။ “Delta Private Jets, formerly Delta AirElite Business Jets, is a wholly owned subsidiary of Delta Air Lines...”
- ↑ Aircraft Fleet. delta.com. Delta Air Lines, Inc (September 30, 2010). Archived from the original on January 20, 2011။ Retrieved on January 20, 2011။ “Excludes all grounded aircraft, including 25 DC-9, 10 CRJ-100 and nine SAAB 340B+ aircraft that were grounded during the nine months ended September 30, 2010.”
- ↑ Template:Cite press release