မာရီလင်မွန်ရိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မာရီလင်မွန်ရိုး

မာရီလင်မွန်ရိုးသည် အမေရိကန်လူမျိုးသရုပ်ဆောင် မင်းသမီး၊ အဆိုတော် နှင့် မော်ဒယ်လ် တစ်ဦး ဖြစ်သည်။ ၁၉၂၆ ဇွန်လ ၁ ရက်တွင် နော်မာ ဂျင်းန် မော်တန်ဆန် ဟူသော အမည်ဖြင့် မွေးဖွားခဲ့ပြီး နှစ်ခြင်းပြုသော အချိန်တွင် နော်မာ ဂျင်းန် ဘိတ်ကာ ဟူသော အမည်ဖြင့် နှစ်ခြင်း ပြုခဲ့သည်။ မော်ဒယ်လုပ်ငန်းဖြင့် သရုပ်ဆောင် အလုပ်ကို စတင်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် ပထမဆုံး ရုပ်ရှင် ကန်ထရိုက်ကို ချုပ်ဆိုခဲ့သည်။ အစပိုင်းက လူငယ် သရုပ်ဆောင် အနေဖြင့် စတင်ခဲ့သော်လည်း ၁၉၅၀ ခုနှစ်တွင် ထုတ်လုပ်သော အက်စဖော့တောနက် (The Asphalt Jungle) နှင့် ဧဝအကြောင်းများ (All About Eve) ဇာတ်ကားတို့ဖြင့် ပရိသတ်၏ လက်ခံမှုကို ကောင်းစွာ ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အဓိက ဇာတ်ဆောင်အဖြစ် စတင် သရုပ်ဆောင်ခဲ့သည်။

မွန်ရိုးကို ပေါ့ပ်ဂီတနှင့် ယဉ်ကျေးမှု၏ ပြယုဂ်အဖြစ် ညွှန်းဆိုလေ့ ရှိကြပြီး အမေရိကန်၏ ထင်ရှားသော လိင်မှုဆိုင်ရာ သင်္ကေတ တစ်ခုအနေနှင့်လည်း ရည်ညွှန်းလေ့ ရှိကြသည်။ ၁၉၅၂ ခုနှစ် ဩဂုတ်လ ၆ ရက် အသက် ၃၆ နှစ်တွင် ကွယ်လွန်ခဲ့သည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်