ရှီကာဂိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှီကာဂိုမြို့(Chicago)
အထက်မှ လက်ယာရစ် ရှီကာဂိုမြို့လယ်၊ ရှီကာဂို ပြဇာတ်ရုံ၊ ရှီကာဂို အယ်လ်၊ နေဗီ ဘောတံတား၊ မီလေးနီးယမ်း ဥယျာဉ်၊ ဖီးလ် ပြတိုက်၊ ဝီလစ်စ် တာဝါ
အထက်မှ လက်ယာရစ် ရှီကာဂိုမြို့လယ်၊ ရှီကာဂို ပြဇာတ်ရုံ၊ ရှီကာဂို အယ်လ်၊ နေဗီ ဘောတံတား၊ မီလေးနီးယမ်း ဥယျာဉ်၊ ဖီးလ် ပြတိုက်၊ ဝီလစ်စ် တာဝါ
ရှီကာဂို မက်ထရိုပိုလစ်တန်ဒေသကို အီလီနွိုင်းပြည်နယ် အတွင်း တွေ့ရပုံ
ရှီကာဂို မက်ထရိုပိုလစ်တန်ဒေသကို အီလီနွိုင်းပြည်နယ် အတွင်း တွေ့ရပုံ
အုပ်ချုပ်ရေး
 - မြို့တော်ဝန် ရန် အီမန်နျူရယ်
လူဦးရေ
 - Total ၂ ၆၉၅ ၅၉၈
 - လူဦးရေ သိပ်သည်းမှု ၄၄၄၇.၄/km² (၁၁၅၁၈.၇/sq mi)
  (၂၀၁၀ လူဦးရေစာရင်း)

ရှီကာဂိုမြို့(Chicago)သည် အမေရိကန်ပြည်ထောင်စုအီလီနွိုင်းပြည်နယ်တွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်သည်။ လူဦးရေ ၂.၇ သန်း ရှိသဖြင့် အမေရိကန် ပြည်ထောင်စုတွင် တတိယမြောက် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းတွင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ရှီကာဂိုးမြို့သည် အမေရိကန်ပြည်ထောင်စု၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်၍ အီလီနွိုင်ပြည်နယ်တွင် တည်ရှိသည်။ မီရှီဂန်ရေအိုင်ကြီး၏ ကမ်းပါးအနီး ရွံ့တောပွက်တောထဲ၌ တည်ထားသော ကျိုးတိုးကျဲတဲ အိမ်ခြေစုကလေးတစ်ခုအဖြစ်မှ အနှစ်တစ်ရာခန့်အတွင်း အံ့လောက်စဖွယ် အကြီးအကျယ် ပြောင်းလဲတိုးတက်လာသော မြို့ကြီးဖြစ်သည်။ ယင်းသို့ ထူးကဲ လှစွာ ဖွံ့ဖြိုးတိုးတက်လာရသော အကြောင်းရင်းမှာ မြို့၏ တည်နေပုံကို ပထဝီဝင် အနေအထား ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေသည်။

ရှီကာဂိုးမြို့သည် မီရှီဂန်ရေအိုင်ကြီး၏ တောင်ဘက်စွန်း၌ တည်ရှိ၍ ရှီကာဂိုးမြစ်၏ သဘာဝသင်္ဘော ဆိပ် ကောင်းပေါ်၌ မြို့တည်ထားသည်။ထိုပြင် မစ်စစ်စပီမြစ်ဝှမ်း၏ ဂျုံစပါးအထွက် ကောင်းသော ဒေသများနှင့်လည်း ကပ်လျက်ရှိသည်။ ထိုမြို့ကြီး ၏ တည်နေရာသည် မီရှီဂန်ရေအိုင်ကြီးအတွင်း ကူးသန်းသွား လာနေသော သင်္ဘောကြီးငယ်များဆုံရာ၊ တိုက်ဖြတ်မီးရထား လမ်းဆုံရာ အချက်အခြာကျနေပေသည်။ ထိုကြောင့် ၁၉ ရာစု နှစ်အစပိုင်း၌ နယူးယော့မြို့ကြီး ထိပ်တန်းသို့ ရောက်သည့် အချိန်တွင် ကျေးရွာဇနပုဒ်ကလေးမျှသာ ဖြစ်နေသေးသော ရှိကာဂိုးသည် ယခုအခါ နယူးယော့မြို့မှလွဲလျှင် လူဦးရေ များပြားမှုနှင့် စည်ကားဖွံ့ဖြိုးမှု၌ ဒုတိယလိုက်နိုင်သည်။ ရှိကာဂိုးမြို့ကို တည်ထောင်သည့် ၁၃၃ ခုနှစ်တွင် လူဦးရေ ၁၅ဝ ခန့်မျှသာ ရှိခဲ့သော်လည်း ယခုအခါ လူဦးရေ သုံးသန်း ခွဲကျော် ရှိနေသည်။ လူဦးရေ ထိုမျှ တိုးတက်များပြားရုံသာ မက၊ မြို့ဧရိယာသည်လည်း ၁၃၇ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်း စတုရန်းမိုင် ၂ ၁/၂ မိုင်မှ ၂၁၂ ၄/၅ မိုင်အထိ တိုးတက် ကျယ်ပြန့်လာခဲ့လေသည်။

မြို့တည်မည့်နေရာတွင် အမေရိကန်အစိုးရက ဖို့ဒီယာဗွန်း အမည်ဖြင့် နယ်ခြားကင်းတပ်စခန်းတစ်ခုကို ၁၈ဝ၄ ခုနှစ်က ချထားခဲ့သည်။ သို့သော် အင်းဒီးယန်းလူရိုင်းများက တပ်သား များကို သတ်ပစ်သည်။ လူနေအိမ်ခြေ စတည်သည့် နေရာမှာ ထိုစဉ်က ကြက်သွန်ရိုင်းများ ပေါက်ရောက်သည့်နေရာ ဖြစ် သည်။ ကြက်သွန်ရိုင်းကို အင်ဒီးယန်းလူမျိုးတို့ စကားဖြင့် ခေါ် ဝေါ်သည့် အနီးကပ်ဆုံးအသံထွက်မှာ ရှိကက်အွန်း ဖြစ်သည်။ ထိုကြောင့် ထိုအရပ်ကိုလည်း ကြက်သွန်ရိုင်းများ ပေါက်ရောက် ရာဟူ၍ ရှီကက်အွန်းဟု ခေါ်ဝေါ်ရာမှ ကာလ ရွေ့လျောသော် ရှီကားဂိုးဟူ၍ ဖြစ်လာခဲ့လေသည်။

မြို့တည်စအခါက ရွံ့နွံထူပြောသောအရပ်ဒေသ ဖြစ်သဖြင့် ရောဂါဘယ များပြားလှသည်။ နောင်အခါ ရွံ့တောပွက်တော များကို မြေဖို့၍ မြို့မြေမျက်နှာပြင်ကို ၁၂ ပေမှ ၁၄ ပေအထိ မြင့်တက်စေပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ပြုပြင်ခဲ့ကြ သဖြင့် ကူးသန်းသွားလာရေးနှင့် ကုန်သွယ်စီးပွားရေးအတွက် အချက်အခြာကျသောအရပ်လည်း ဖြစ်သည်တစ်ကြောင်းကြောင့် ရှီကားဂိုးမြို့သည် တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သင်္ဘောလမ်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်း၊ လေယာဉ် လမ်းတို့၏ လမ်းဆုံမြို့ကြီးလည်း ဖြစ်လာ၍ ကမ္ဘာပေါ်တွင် သယ်ယူပို့ဆောင်ရေး အကောင်းဆုံးရှိသော မြို့ကြီးလည်း ဖြစ် ပေသည်။ သယ်ယူပို့ဆောင်ရေး ကောင်းမွန်သဖြင့် ရှီကားဂိုးမြို့ သည် သိုး ဆိတ် ဝက် နွား မွေးမြူရေးလုပ်ငန်း၊ အသားစည် သွတ်လုပ်ငန်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ် လုပ်ငန်းများ၏ အချက်အခြာမြို့ ဖြစ်သည်။ ထို့ပြင်သံ၊ သံမဏိ ပစ္စည်းလုပ်ငန်း၊ စက္ကူနှင့်ပုံနှိပ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း စသည်တို့သည်လည်း မြို့၏အရေးပါသော လုပ်ငန်းများတွင် ပါဝင်ကြသည်။

ရှီကာဂိုးမြို့၏ လမ်းများကို စံနစ်တကျ ဖောက်လုပ်ထား၍ လမ်းများကို ရှာဖွေရန် လွယ်ကူသည်။ အချို့ လမ်းရှည်ကြီးများ သည် မြို့ဆုံးမြို့ဖျားတိုင်အောင် ရှည်လျားသည်။ အချို့လမ်းများ ကို ထောင့်ဖြတ်ဖောက်လုပ်ထားသည်။ မြို့တွင်း ရေပေးစံနစ်၊ သန့်ရှင်းရေးစံနစ်တို့ကိုလည်း ကြံဖန်တီထွင် လုပ်ကိုင်ထား သဖြင့် အထူးကောင်းမွန်လှပေသည်။

ကျဉ်းမြောင်းသော ရှီကာဂိုးမြစ်သည် မြို့ကို ဖြတ်သန်း၍ မီရှီဂန်အိုင်ကြီးအတွင်းသို့ စီးဆင်းသည်။ တစ်နေရာတွင် မြစ် သည် နှစ်ခွခွဲထွက်ရာ အင်္ဂလိပ်အက္ခရာဝိုင်ပုံသဏ္ဌာန် ဖြစ် ပေါ်သဖြင့် မြို့ကို မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်း ခွဲခြားထားသကဲ့သို့ ရှိသည်။ မီးရထားလမ်းမြင့်များဖြင့် လေး ဖက် လေးတန် ဝိုင်းရံလျက်ရှိသော လူခေါ်ရပ်ကွက်သည် ရောင်းရေးဝယ်တာ အစည်ကားဆုံးဖြစ်သည်။ မြစ်ကူးတံတား ကြီးများ၊ ကျယ်လွင့်သော ပန်းခြံဥယျာဉ်များ၊ ရိပ်သာလမ်းမ ကြီးများဖြင့် ရှီကာဂိုးမြို့သည် သာယာလှပေသည်။ ရှီကာဂိုး မြို့တွင် ပညာရေးအဖွဲ့အစည်း အဆောက်အအုံများ ပေါများ သည်။ ကင်ဒါဂါတင် သူငယ်တန်းကျောင်းမှ အစပြု၍ လက်မှု စက်မှုအသက်မွေးဝမ်းကျောင်း အတတ်သင်ကျောင်းများ အပါ အဝင် ကောလိပ်များ တက္ကသိုလ်များအထိ ကျောင်းပေါင်း ၄ဝဝ ကျော်ရှိသည်။ ရှီကာဂိုးတက္ကသိုလ်သည် ကမ္ဘာကျော် တက္ကသိုလ်တစ်ခု ဖြစ်သည်။ နော့ဝက်စတင်း၊ လွိုင်ယိုလာ စသော အခြားတက္ကသိုလ်များလည်း ရှိသေးသည်။ ရှီကာဂိုးမြို့တွင် လှပကြီးကျယ် ခံ့ညားသော အဆောက် အအုံကြီးများ ရှိသည်။ အနုပညာဗိမာန်၊ ရှီကာဂိုး သဘာဝ သမိုင်းပြတိုက်၊ ရှက်အကွေရီယမ်၊ သိပ္ပံနှင့် စက်မှုပြတိုက် စသည်တို့ကား ကမ္ဘာကျော် အဆောက်အအုံများ ဖြစ်ကြပေ သည်။

ရှီကာဂိုးမြို့တွင် လှပကြီးကျယ် ခန့်ညားသောအဆောက် အအုံကြီးများ ရှိသည်။ အနုပညာဗိမာန်၊ ရှိကာဂိုး သဘာဝ သမိုင်းပြတိုက်၊ ရှက်အကွေရီယမ်၊ သိပ္ပံနှင့် စက်မှုပြတိုက် စသည်တို့ကား ကမ္ဘာကျော် အဆောက်အအုံများ ဖြစ်ကြပေ သည်။

ရှိကာဂိုးမြို့၌ ပထမဆုံး ခြေချသော မျက်နှာဖြူတို့မှာ မားကတ်နှင့် ဂျိုးလီယက်အမည်ရှိ နယ်သစ်ရှာ ပြင်သစ်လူမျိုး များ ဖြစ်ကြ၍ ၁၆၇၃ ခုနှစ်တွင် ရှီကာဂိုးဖြစ်လာမည့် အရပ်ကို ရောက်ခဲ့ကြသည်။ ထိုအရပ်၌ ပထမဆုံး အခြေစိုက်နေထိုင် သော မျက်နှာဖြူလူမျိုးသည် ဂျွန်ကင်ဇီဖြစ်၍ ဖို့ဒီယာဗွန်းကို တည်ဆောက်နေစဉ်က ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)