အင်္ဂလန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အင်္ဂလန်နိုင်ငံ
Flag of England.svg Royal Banner of England.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "God and my right"
နိုင်ငံတော်သီချင်း - မရှိ
ပထဝီ
Europe location ENG2.png
မြို့တော် လန်ဒန်မြို့
ဧရိယာ
  • ဧရိယာ - ၁၃၀,၃၉၅ (အဆင့်: )
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC ဂရင်းနစ် +၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
  • ဘုရင်မ - အဲလိဇဘက် ၂
  • ဝန်ကြီးချုပ် - ဒေးဗစ်ကင်မရွန်
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) ၁.၉ ထရီလီယံ (အဆင့် - )
GDP(PPP) အမေရိကန်ဒေါ်လာ ၃၈,၀၀၀ (အဆင့် - )
ငွေ စတာလင်ပေါင်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .uk
Calling code +၄၄


အင်္ဂလန်သည် နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ [၁][၂][၃] အင်္ဂလန်သည် မြောက်ဘက်တွင် စကော့တလန်နိုင်ငံ၊ အနောက်ဘက်တွင် ဝေလနိုင်ငံတို့နှင့် ကုန်းမြေခြင်း ထိစပ်လျှက် ရှိပြီး အနောက်မြောက်ဘက်တွင် အိုင်းရစ်ရှ်ပင်လယ်၊ အနောက်တောင်ဘက်တွင် ဆဲလ်တစ် ပင်လယ်၊ အရှေ့ဘက်တွင် မြောက်ပင်လယ် တို့နှင့် ထိစပ်လျှက် ရှိသည်။ အရှေ့ဘက်တွင်မူ ဥရောပတိုက်နှင့် အင်္ဂလိပ်ရေလက်ကြား ခြားနားလျှက် တည်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ဂရိတ် ဗြိတိန်ကျွန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့တွင် တည်ရှိသည်။ ထို့ပြင် စီလီကျွန်းစုများ နှင့် ဝိုက်ကျွန်းစုများ အစရှိသည့် ကျွန်းငယ် အများအပြားလည်း ပါဝင်သည်။

ယခုအချိန်တွင် အင်္ဂလန်ဟု ခေါ်ဆိုကြသော နေရာမှာ လူသားတို့ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Palaeolithic period) ကာလကပင် အခြေချ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံ၏ အမည်မှာ ၅ ရာစုနှင့် ၆ ရာစု များအတွင်း အခြေချ နေထိုင်ခဲ့ကြသည့် ဂျာမန်လူမျိုးစု တစ်စုဖြစ်သော အိန်ဂျယ်လ် လူမျိုးစု၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် အေဒီ ၉၂၇ ခုနှစ်တွင် တစုတစည်းတည်း ဖြစ်ခဲ့ပြီး စူးစမ်း ရှာဖွေရေးခေတ် (Age of Discovery) ဟုခေါ်သည့် ၁၅ ရာစုနှစ်တွင်ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာအားဖြင့် တကမ္ဘာလုံးသို့ ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိကန်ဘုရားကျောင်းနှင့် တကမ္ဘာလုံးရှိ နိုင်ငံအတော်များများရှိ တရားဥပဒေ စနစ် အတော်များများ၏ အခြေခံ ဖြစ်သော အင်္ဂလိပ် ဥပဒေတို့ကို အင်္ဂလန်တွင် တီထွင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ အစိုးရ၏ ပါလီမန်စနစ် ပုံစံကိုလည်း နိုင်ငံ အတော်များများတွင် ကျင့်သုံးလျှက် ရှိကြသည်။ စက်မှုတော်လှန်ရေးသည် အင်္ဂလန်တွင် ၁၈ ရာစု၌ စတင်ဖြစ်ပွားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကမ္ဘာပေါ်တွင် ပထမဆုံး စက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။ အင်္ဂလန်ရှိ တော်ဝင်အဖွဲ့အစည်းသည် ခေတ်သစ် သိပ္ပံစမ်းသပ်မှုများ၏ အခြေခံ အုတ်မြစ်ကို ချပေးခဲ့သည်။

ဂရိတ်ဗြိတိန်ကျွန်း၏ တောင်ဘက်စွန်းတွင် ဝေလပြည်မှတစ်ပါး ကျန်အပိုင်းသည် အင်္ဂလန်ပြည်ဖြစ်သည်။ မြောက်လတ0x048ီတွဒ် ၅ဝ ံ မှ ၅၆ ံ နှင့် အရှေ့လောင်ဂျီတွဒ် ၂ ံ မှ အနောက် လောင်ဂျီတွဒ် ၆ ံ အတွင်း၌တည်ရှိသည်။ ဂရိတ် ဗြိတိန်တစ်ကျွန်းလုံး၏ ကိုးပုံငါးပုံခန့်သည် အင်္ဂလန်ပြည်ဖြစ် သည်။ အကျယ်အဝန်းအားဖြင့် ၅ဝ၈၇၅ စတုရန်းမိုင်ရှိ၍ တောင်ဘက်သလစ်ဇတ်အငူမှ မြောက်ဘက် ဗားဝစ်·အွန်·တွိမြို့ အထိ မိုင် ၄၃ဝ ရှည်ပြီးလျှင် လင်းစအင်းအငူမှ လိုးဝက် စတော့မြို့အထိ မိုင် ၃၇ဝ ကျယ်သည်။ အင်္ဂလန်ပြည်၏ မည်သည့်နေရာမျှ ပင်လယ်ရေရှိရာနှင့် မိုင် ၇ဝ ထက် ပိုဝေး သည်ဟူ ၍မရှိချေ။

အင်္ဂလန်ပြည်ကို မြောက်ဘက်တွင် စကော့တလန်ပြည်၊ အနောက်ဘက်တွင်ဝေလပြည်၊ အိုင်းရစ်ပင်လယ်နှင့် အတ0x048 လ0x1150x048ိတ်ပင်လယ်၊ တောင်ဘက်တွင် အင်္ဂလိပ်ရေလက်0x100ကားနှင့် အရှေ့ဘက်တွင် မြောက်ပင်လယ်တို့ အသီးသီးဝန်းရံလျက်ရှိ သည်။ စကော့တလန်ပြည်နှင့် အင်္ဂလန်ပြည်0x100ကားတွင် တွိမြစ်က နယ်နမိတ်သဖွယ် ခြားလျက်ရှိသည်။

အင်္ဂလန်ဟူသောအမည်သည် အန်းဂဲလူမျိုးတို့၏မြေဟု အဓိပ0x053ာယ်ရသော အန်းဂဲလန်းဆိုသောစကားမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အန်းဂဲလူမျိုးတို့သည် ခရစ်ပေါ်ပြီး ၄ဝဝ နှင့် ၅ဝဝ ပြည့်နှစ်များအတွင်းက ထိုဒေသကို ဝင်ရောက်တိုက်ခိုက်နေထိုင် 0x100ကသေော0x100ကာင့်ဖြစ်သည်။

မြေမျက်နှာသွင်ပြင်[ပြင်​ဆင်​ရန်​]

အင်္ဂလန်ပြည်၏ မြေမျက်နှာသွင်ပြင်သည် ယေဘူယျ အားဖြင့် အနောက်ဘက်ကမြင့်၍ အရှေ့ဘက်သို့ နိမ့်လျှောသွား သည်ဟုဆိုရပေမည်။ စကော့တလန်ပြည်နှင့်စပ်နေသော နယ် နမိတ်နေရာမှ အင်္ဂလန်ပြည် အလယ်ပိုင်းကုန်းမြေမြင့်ဒေသအထိ မြောက်မှတောင်သို့ တန်း၍တည်ရှိနေသော ပင်းနိုင်းတောင် တန်းသည် အင်္ဂလန်ပြည်၏ ကျောရိုး0x100ကီးပင်ဖြစ်သည်။ ပင်းနိုင်း တောင်တန်းသည် အနောက်ဘက်သို့ မတ်စောက်စွာနိမ့်ဆင်း သွား၍ အရှေ့ဘက်သို့မူ အလွန်ပြေပြစ်စွာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ယင်းတောင်တန်းတွင် ကရော့ဖဲခေါ် တောင်ထိပ်သည် အမြင့်ဆုံးဖြစ်၍ ပေ ၂၉၃ဝ မြင့်သည်။ မစ်ဒလန်းခေါ် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် နိမ့်သော ကုန်းမြေမြင့်များနှင့် မြေ0x100သဇာထက်သန်သော မြစ်ဝှမ်းဒေသများ ပါဝင်သည်။ အင်္ဂလန်ပြည်၏ အနောက်မြောက်ပိုင်း၌မူ လိတ် ဒိစ0x100တိတ်ခေါ် အိုင်ဒေသရှိရာ ရှုမျော်ခင်း ကောင်း၍ကျော်0x100ကား သည်။ အင်္ဂလန်ပြည်၏ အမြင့်ဆုံးတောင်ဖြစ်သော စကားဖဲ ပိုက်သည် ထိုဒေသ၌ရှိ၍ ပေ ၃၂၁ဝ မြင့်သည်။ အရှေ့တောင် ဘက်ကမ်းခြေဖြစ်သော အင်္ဂလိပ်ရေလက်0x100ကား ကမ်းခြေတွင် ထုံးတောင်များဖြင့် ဖြူဖွေးနေသည်။ ဒိုဗာမြို့အနီးတစ်ဝိုက်ရှိ ထုံးတောင်စောင်း0x100ကီးများမှာ အထင်ရှားဆုံးဖြစ်သည်။ အနောက် တောင်ကမ်းခြေမူကား ကျောက်တောင်ထူထပ်သည်။

အင်္ဂလန်ပြည်၏ ကမ်းရိုးတန်းသည် မိုင် ၁၈ဝဝ ရှည် သည်။ အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်းသည် အကွေ့ အကောက်များ၍ မြစ်ဝများစွာရှိသည်။ မြင့်မား၍ ကျောက် ထူထပ်သော ကမ်းစောက်0x100ကီးများရှိသည်။ ရေထဲသို့ ထိုးထွက် နေသောကျောက်ဆောင်0x100ကီးများလည်း အများအပြားရှိသည်။ အနောက်ဘက်ကမ်းတွင် ဆော်လဝေမြစ်ဝ၊ ဖတ်မြစ်၊ မိုးကမ်း ပင်လယ်အော်နှင့် ဗရစ0x038တိုရေလက်0x100ကား၊ ရစ်ဗယ်၊ မာဆီနှင့် ဒီးမြစ်ဝငယ်တို့ဖြစ်သည်။ အရှေ့ဘက်ကမ်းရိုးတန်းတွင်မူ မြစ်ဝ ကျယ်0x100ကီးအချို့ရှိသည်မှတစ်ပါး အကွေ့အကောက်မရှိဖြောင့်တန်း သည်။ များသောအားဖြင့် မြေနိမ့်သဲသောင်များဖြစ်သည်။ အရှေ့ ဘက်ကမ်းရှိ ထင်ရှားသောမြစ်ဝများမှာ တိုင်း၊ တီး၊ ဟမ်းဗား၊ ဂရိတ်အုနှင့် တင်းမြစ်ဝများဖြစ်သည်။ တောင်ဘက်ကမ်းရိုးတန်း ၏ အလယ်ဗဟိုလောက်တွင်တည်ရှိသော ဝိုက်ကျွန်းက ထို ကမ်းရိုးတန်းကို အသွင်အပြင်မတူသည့် အပိုင်းနှစ်ခုအဖြစ် ခွဲခြားထားသကဲ့သို့တည်ရှိသည်။ ဝိုက်ကျွန်း၏ အရှေ့ပိုင်းသည် အရှေ့ဘက်ကမ်းရိုးတန်းကဲ့သို့ မြေနိမ့်သဲသောင်နှင့် ထုံးတောင် စောင်းများသာရှိ၍ ဝိုက်ကျွန်း၏အနောက်ပိုင်းသည် အနောက် ဘက်ကမ်းရိုးတန်းကဲ့သို့ ကျောက်ထူထပ်သော ကမ်းစောက်0x100ကီး များ ဖြစ်သည်။

အင်္ဂလန်ပြည်၏ ထင်ရှားသောမြစ်0x100ကီးများမှာ တွိ၊ တိုင်း၊ တင်း၊ ဟမ်းဗား၊ မာစီ၊ ဆဲဗန်းနှင့် အေဗွန်မြစ်တို့ ဖြစ်သည်။ ယင်းတို့အနက် ဆဲဗန်းမြစ်သည် အရှည်ဆုံးဖြစ် သည်။ အင်္ဂလန်ပြည်တွင် အိုင်ဟူ၍ 0x100ကီး0x100ကီးကျယ်ကျယ် မရှိ သော်လည်း စတုရန်းမိုင် ၃ဝ အတွင်း အိုင်ပေါင်း ၁၆ အိုင် ခန့်ရှိသော လိတ်ဒိစ0x100တိတ်ခေါ် အိုင်ဒေသဟူ၍ သီးသန့်ရှိသည်။ ဝီလျံဝပ်ဇဝပ်ကဲ့သို့သော အင်္ဂလိပ်စာဆိုတော်0x100ကီးများ၏ အမွှန်း တင်စပ်ဆို ရေးသားမှေု0x100ကာင့် ထိုအိုင်ဒေသနှင့်အိုင်များသည် အလွန်ထင်ရှားသည်။

အင်္ဂလန်ပြည်တွင် ထင်ရှားသောကျွန်းတို့မှာဗိုက်ကျွန်း၊ ဖန်းကျွန်း၊ ဟိုးလီးကျွန်း၊ ကိုကေး ကျွန်း၊ ဖောင်းလနက်ကျွန်း၊ ဝေါလနေကျွန်း၊ လွန်ဒေကျွန်း၊ ဆီလီကျွန်းနှင့် မင်းကျွန်းတို့ ဖြစ်သည်။ မင်းကျွန်းသည် သူ့အစိုးရနှင့် သူ့တရားဥပဒေဖြင့် သီးသန့်အုပ်ချုပ်သဖြင့် အင်္ဂလန်ပြည်ထဲ၌ လုံးဝပါဝင်သည် ဟူ၍ကား မဆိုနိုင်ချေ။

လူမျိုး[ပြင်​ဆင်​ရန်​]

အင်္ဂလန်ပြည်၏လူဦးရေသည် ၁၉၇၂ ခုနှစ်ခန့်မှန်းခြေ စာရင်းအရ၊ ၄၆၃ဝ၆ဝဝဝ ယောက်ရှိသည်။ ပျမ်းမျှခြင်းအားဖြင့် စတုရန်းတစ်မိုင်လျှင် လူ ၇ဝဝ နေထိုင်သောတိုင်းပြည် ဖြစ်လေ သည်။

အင်္ဂလိပ်လူမျိုးများသည် အင်္ဂလန်ပြည်ကို ဝင်ရောက် သိမ်းပိုက်ခဲ့0x100ကသော ကဲ့၊ ရောမ၊ အန်းဂဲ၊ ဆက်ဆုံ၊ ဂျု၊ ဒိန်း၊ နော်မန်စသောလူမျိုးတို့နှင့် သွေးရောခဲ့0x100ကသည်။ ဖလင်းမစ်၊ ဂျစ်ပဆီ၊ ပြင်သစ် ဟျူးဂျနိုး အနည်းငယ်လည်း ဝင်ရောက် နေထိုင်ခဲ့0x100ကသည်။ ၁၈ဝဝ ပြည့်နှစ်ကျော်ခန့်က စကော့လူမျိုး၊ ဝေလလူမျိုးနှင့် အိုင်းရစ်လူမျိုးများသည် အင်္ဂလန်ပြည်၌ အလုပ် အကိုင်လာရောက်လုပ်ကိုင်ရင်း အခြေတကျနေထိုင်0x100ကသည်။ ၁၉၃၃ ခုနှစ်ခန့်ကစ၍ ဥရောပတိုက်ဘက်မှ ပြောင်းရွှေ့၍ လာရောက်ခိုလှုံ0x100ကသော လူပေါင်းမှာ ၃၅ဝယဝဝဝ ပင် ကျော် လေသည်။ ကဲ့၊ ဂျာမန်နှင့် နော်မန်လူမျိုးများသည် ရောစပ် သွားရာ ယင်းတို့၏ဓလေ့ထုံးစံ၊ ဘာသာစကားတို့လည်း ထွေးရော ယှက်တင်ဖြစ်ကာ ယခုထင်ရှားတည်ရှိနေသော အင်္ဂလိပ်တရား ဥပဒေ၊ အင်္ဂလိပ်အစိုးရနှင့် အင်္ဂလိပ်ဘာသာ စကားတို့ ဖြစ်ပေါ်လာလေသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

အင်္ဂလန်ပြည်သည် အီကွေတာမှ ဒီဂရီ ၅ဝ ကျော်မျှ ဝေးကွာသော်လည်း အခြားထိုမျှအကွာအဝေးတူ ဒေသများထက် ရာသီဥတုမျှတညီညွတ်သည်။ အဘယေ်0x100ကာင့်ဆိုသော် ပင်လယ် ရေပြင်0x100ကီး ပတ်လည်ဝိုင်းနေသည်ကတစေ်0x100ကာင်း၊ နွေးသောရေ စီးေ0x100ကာင်းကပ်၍ စီးသွားသည်ကတစေ်0x100ကာင်းေ0x100ကာင့်ဖြစ်သည်။ အင်္ဂလန်ပြည်အနောက်တောင်ပိုင်းတွင် ဆောင်းရာသီ၌ အအေး လွန်ကဲခြင်းမရှိဘဲ နှင်းလည်းမကျချေ။ အလယ်ပိုင်းနှင့် အရှေ့ ပိုင်းဒေသမူကား အနောက်ပိုင်းထက်ပို၍အေးသည်။ တစ်ပြည် လုံးတွင်အအေးဆုံးလဖြစ်သော ဇန်နဝါရီလ၌ ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၄ဝ ံ ရှိ၍ အပူဆုံးလဖြစ်သော ဇူလိုင်လတွင် ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၆၁ ့၅ ံရှိသည်။

မိိုးသည် တစ်နှစ်ပတ်လုံးမပြတ်ရွာသည်။ အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်နှင့် လိတ်ဒိစ0x100တိတ်တွင် မိုးပို၍များသည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မိုးလက်မ ၆ဝ ခန့်ရွာသည်။ ဝေလပြည်မှ တောင်တန်းမျာက ကာဆီးနေ သဖြင့် အရှေ့ဘက်ကမ်းရိုးတစ်လျှောက်သည် မိုးနည်းသည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ၂၅ လက်မခန့်သာရွာသည်။ အင်္ဂလန်ပြည်၏ ရာသီဥတုတွင် နှင်းပိတ်များ ကျခြင်းသည် ထူးခြားသောအချက်တစ်ရပ်ဖြစ်သည်။ တစ်ခါတစ်ရံ မည်မျှ ထူထဲစွာကျသနည်းဟူမူ မော်တော်ကားများသွား၍မရ၊ လူများ လမ်းလျှောက်၍မရအောင် တစ်ဦးနှင့်တစ်ဦး မမြင်ရသည့်အခြေ အထိဖြစ်သည်။ အထူးသဖြင့် လန်ဒန်မြို့တွင် အဆိုးဆုံးဖြစ်ရာ၊ စက်ရုံ0x100ကီးများမှ မီးခိုးများနှင့်ရောကာ မဲမှောင်ပိတ်ဖုံး၍ နေ တတ်လေသည်။

သဘာဝပစ္စည်းများ[ပြင်​ဆင်​ရန်​]

အင်္ဂလန်ပြည်၏ အရေး0x100ကီးဆုံးသော သဘာဝဓာတ်သတ0x048ုများမှာ သံနှင့်ကျောက်မီးသွေးဖြစ်သည်။ ထေို့0x100ကာင့် လည်း အင်္ဂလန်ပြည်သည် စက်မှုနိုင်ငံ0x100ကီးအဖြစ် ထင်ရှားခြင်း ဖြစ်သည်။ သံနှင့် ကျောက်မီးသွေးကို ပင်းနိုင်းတောင်တန်းတွင် အများဆုံးရရှိသည်။ တစ်နှစ်တစ်နှစ်လျှင် ကျောက်မီးသွေး တန် ချိန် သန်း ၂၆ဝ ကျော်တူးဖော်ရရှိသည်။ ကျောက်မီးသွေးတွင်း ဒေသများအနီးတွင် သံနှင့်ထုံးကျောက် များစွာထွက်သော ဒေသ များရှိသဖြင့် အင်္ဂလန်ပြည်အလယ်ပိုင်းသည် သံနှင့်ဆိုင်သည့် စက်မှုလုပ်ငန်းထွန်းကားရာ အရပ်ဖြစ်နေလေသည်။ ခဲနှင့်သံဖြူ ကိုလည်း ကျောက်တောင်ထူထပ်သော ဒက်ဗွန်နှင့် ကွန်းဝေါ ခရိုင်တို့တွင်တွေ့ရှိရသည်။ ေ0x100ကးနီ၊ သွပ်၊ ဆား၊ ဂျစ်ပဆမ် များလည်း အနည်းငယ်စီထွက်သည်။

အင်္ဂလန်ကမ်းခြေအလွန် မြောက်ပင်လယ်ထဲတွင် ကွန် တီနင်တယ်ရှဲ့ခေါ် ရေအလွန်တိမ်သည့်ဒေသရှိရာ ငါးများပေါက် ဖွားခိုလှုံရန် အလွန်ကောင်းသဖြင့် အင်္ဂလန်ကမ်းရိုးတန်း တစ်လျှောက်တွင် တံငါလုပ်ငန်းကို အ0x100ကီးအကျယ်လုပ်ကိုင်0x100က သည်။ နေရာအကျယ်အဝန်းနှင့်မလိုက်အောင် ထူထပ်များပြား သော အင်္ဂလန်လူဦးရေအတွက် ကမ်းလွန်ရေတိမ်ဒေသမှ များ ပြားစွာရသောငါးအမျိုးမျိုးက စားရေရိက0x034ာဖူလုံစေသည်။ အများ ဆုံးရရှိသောငါးမျိုးမှာ ဟက်ဒဂ်၊ ဟဲရင်း၊ မက်ကရဲငါးများ ဖြစ်သည်။ ဟား၊ ဟားမောက်နှင့် ဂရင်းစဗီးမြို့များသည် တံငါ လုပ်ငန်း အ0x100ကီးအကျယ်လုပ်ကိုင်ရာမြို့0x100ကီးများဖြစ်သည်။ ထိုမြို့ များမှတစ်ဆင့် ကမ0x056ာ့အ0x100ကီးဆုံးသော ငါးဈေးမြို့0x100ကီးဖြစ်သည့် လန်ဒန်မြို့သို့ တင်ပို့0x100ကလေသည်။အင်္ဂလန်ပြည်တွင် သစ်တော အတန်ငယ်ရှိသော်လည်း၊ သစ်လုပ်ငန်းကို အ0x100ကီးအကျယ် မလုပ်ကိုင်0x100ကချေ။

လုပ်ငန်းကြီးများ[ပြင်​ဆင်​ရန်​]

အင်္ဂလန်ပြည်၏စီးပွားရေးသည် စက်မှုလုပ်ငန်းပေါ်၌ အဓိကတည်နေသည်။ စက်မှုလုပ်ငန်းများသည် သံနှင့် ကျောက်မီးသွေးထွက်ရာ အင်္ဂလန်ပြည်အလယ်ပိုင်း၌ များသောအားဖြင့် ရှိကြသည်။ ဗာမင်ဂမ်မြို့တွင် အင်္ဂလန်ပြည်၏ သံမဏိစက်ရုံကြီးများ အများဆုံးတည်ရှိသည်။


ဗာမင်ဂမ် မြို့၏မြောက်ဘက် အိုင်းရစ်ပင်လယ်နှင့် မြောက်ပင်လယ်0x100ကား အလယ်ဗဟိုခန့်တွင်တည်ရှိသော ရှက်ဖီးမြို့သည်လည်း သံမဏိ လုပ်ငန်းမြို့0x100ကီးဖြစ်သည်။ အထူးသဖြင့် ဓား၊ ကတေ်0x100ကး စသော သံမဏိထည်များအတွက် ရှက်ဖီးမြို့သည်ကျော်0x100ကား သည်။


ရှက်ဖီးမြို့မြောက်ဘက်နားရှိ လိမြို့သည် သိုးမွေးထည် လုပ်ငန်း၌လည်းကောင်း၊ ရှက်ဖီးမြို့ အနောက်မြောက်ရှိ မန်ချက်စတာမြို့သည် ချည်ထည်လုပ်ငန်း၌လည်းကောင်း၊ လိမြို့ အနီးရှိ ဗရက်ဒဖို့မြို့သည် ချည်ထည်နှင့်ပိုးထည်လုပ်ငန်းများ အတွက်လည်းကောင်း၊ လန်ဒန်မြို့အနောက်ဘက်၌တည်ရှိသော ဗရစ္စတိုမြို့သည် ဖန်ထည်၊ ဓာတုဗေဒပစ0x038ည်း၊ ဆပ်ပြာ၊ သ0x100ကား စသောလုပ်ငန်းများအတွက်လည်းကောင်း ကျော်0x100ကားသည်။ လစ်ဗာပူမြို့တွင် သင်္ဘောတည်သည့်လုပ်ငန်း အ0x100ကီးအကျယ် လုပ်ကိုင်သည်။


အင်္ဂလန်ပြည်တွင် လယ်ယာလုပ်ငန်းသည် စက်မှု လုပ်ငန်း၏ ငါးပုံတစ်ပုံခန့်သာရှိသော်လည်း အရေး0x100ကီးသော လုပ်ငန်းဟုကား ဆိုရပေမည်။ အထူးသဖြင့် ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ အာလူးတို့ကို အဓိကစိုက်ပျိုး0x100ကသည်။ အင်္ဂလန် ပြည်သည် မိုးအလွန်များ၍ မြက်ပေါသဖြင့် နွား၊ သိုး၊ ဝက် စသောတိရစ0x039ာန်များကို အ0x100ကီးအကျယ်မွေးမြူ0x100ကသည်။ ဒါဟမ် နှင့် ဒက်ဗွန်ရှိုင်ယာနွား၊ ကော့စဝိုးသိုးနှင့် ဆောက်ဒေါင်းသိုး၊ ဗက်ရှိုင်ယာဝက်တို့သည် နာမည်ကျော်များဖြစ်0x100ကသည်။ အင်္ဂလန်ပြည်သည် ကမ0x056ာပေါ်၌အ0x100ကီးကျယ်ဆုံးသော ဈေးကွက်ဒေသ0x100ကီးတစ်ခုဖြစ်သည်။ အဓိကထုတ်ကုန်များမှာ ချည်ထည်၊ သိုးမွေးထည်နှင့် ပိတ်ချောထည်များ ဖြစ်သည်။ ကမ0x056ာအရပ်ရပ်မှ ကုန်ရိုင်းများကိုသွင်း၍ ကုန်ချောများအဖြစ် ပြုလုပ်0x100ကသည်။ အမေရိကန်၊ အီဂျစ်နှင့် အိ0x1150x050ိယနိုင်ငံတို့မှ ဝါဂွမ်း၊ ချည်ခင်များ၊ 0x100သစေ0x100တးလီးယားနိုင်ငံမှ သိုးသားနှင့် သိုးမွေး၊ အရှေ့ဖျားနိုင်ငံများမှ လက်ဖက်ခြောက်နှင့် ဟင်းခတ် အမွေးအ0x100ကိုင်များ၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ နို့ထွက် ပစ0x038ည်းများကို ဝယ်ယူတင်သွင်းရသည်။

သမိုင်းနှင့်ဖြစ်ရပ်များ[ပြင်​ဆင်​ရန်​]

ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဂရိ၊ ဖီနီရှန်းနှင့် ကားသေ့လူမျိုးများသည် အင်္ဂလန်ပြည်သို့ လာရောက်နေထိုင်0x100က သည်။ ဘီစီ ၁ယဝဝဝ ခန့်က ကဲ့လူမျိုးများ စတင်ဝင်ရောက် နေထိုင်0x100ကသည်။ ဘီစီ ၅၅ ခုနှစ်ခန့်တွင် ဂျူးလယပ်ဆီဇာက ဝင်ရောက်သိမ်းပိုက်သည်။ ထိုအချိန်မှစ၍ ရောမယဉ်ကျေးမှု သည် အင်္ဂလန်ပြည်၌ထွန်းကားလာသည်။ လမ်းများ၊ ရေသွယ် မြောင်းများတည်ဆောက်ခြင်း၊ မြို့ကွက်များပြုလုပ်ခြင်း၊ ခရစ် ယာန်အယူဝါဒ ဝင်ရောက်လာခြင်းတို့ဖြစ်လာသည်။ သို့ရာတွင် ငါးရာစုနှစ်ခန့်၌ ရောမတပ်များ ပြန်လည်ရုပ်သိမ်းသွားသော အခါ ဂျု၊ ဆက်ဆွန်၊ အန်းဂဲလူမျိုးများ ဝင်ရောက်သိမ်းပိုက် နေထိုင်0x100ကပြန်သည်။ အန်းဂဲနှင့် ဆက်ဆွန်လူမျိုးတို့သည် ၈၂၇ ခုနှစ်တိုင် အမြဲတိုက်ခိုက်ခဲ့0x100ကသည်။ ထိုနှစ်တွင် ဝက်ဆက် ဘုရင် အဂ0x035ဗတ်က တစ်ပြည်လုံးကိုသိမ်းပိုက်လိုက်ကာ အန်းဂဲ လန်းဟု မှည့်ခေါ်လိုက်သည်။ ဤသည်ကစ၍ အင်္ဂလန်ပြည်ဟု လူသိများလာသည်။

၁ဝ၁၃ ခုနှစ်ခန့်တွင် ဒိန်းလူမျိုးတို့က အင်္ဂလန်ပြည် နေရာများများကို သိမ်းပိုက်လိုက်၍ ၁ဝ၁၆ ခုနှစ်တွင် ဒိန်း ဘုရင် ကနွတ်က အုပ်ချုပ်လေသည်။ ကနွတ်ဘုရင်၏ အဆက် အနွယ်များသည် ၁ဝ၄၂ ခုနှစ်တွင် ဆက်ဆွန်အက်ဒွပ်-သ- ကွန်ဖက်ဆာဘုရင် ဝင်ရောက်အုပ်ချုပ်သည့်အချိန်ထိ သိမ်းပိုက် ထားခဲ့သည်။ ၁ဝ၆၆ ခုနှစ်တွင် နော်မန်လူမျိုးများက သိမ်းပိုက် အုပ်ချုပ်ပြန်သည်။နော်မန်ဘုရင် ဝီလျံလက်ထက်မှစ၍ အင်္ဂလန် ပြည်၌ ကံကြေွးချ စံနစ်ပေါ်လာလေသည်။


ဝီလျံဘုရင်၏ ဒုတိယသားတော်ဟင်နရီ နန်းတက် သောအခါ မိဖုရားမှာ ဆက်ဆွန်မင်းသမီးဖြစ်သဖြင့် နော်မန်နှင့် ဆက်ဆွန်လူမျိုးများကို တလုံးတစည်းတည်း ညီညွတ်စေနိုင်ခဲ့ ယုံမက ယင်းတို့ကို အင်္ဂလိပ်လူမျိုးဟူသောအမည်ဖြင့် လူမျိုး တစ်မျိုးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူပြည်သား အများဆုံး လိုက်နာသည့် အကောင်းဆုံးဓလေ့ထုံးစံတို့ကို စုဆောင်းပြီးသော် တစ်ပြည်လုံးလိုက်နာရန်အတွက် ဥပဒေ သတ်မှတ်ပြုလုပ်နိုင်ခဲ့သည်။

ဘုရင်များသည် အတိုင်ပင်ခံအမတ်များကို တိုင်ပင် ဆွေးနွေးခြင်းမပြုပဲ ဥပဒေသစ်ပြုလုပ်ခြင်း၊ ငွေေ0x100ကးကောက်ခံ ခြင်း မပြုလုပ်ခဲ့0x100ကချေ။ သို့ရာတွင် ဒုတိယဟင်နရီ၏ သား တော်အငယ်ဆုံး ဂျွန်ဘုရင်လက်ထက်၌မူ မိမိဘုန်းတန်ခိုး0x100ကီး ရန်၊ မိမိအကျိုးကျေးဇူးထွန်းကားရန်၊ မိမိပျော်ရွှင်ရန်မှတစ်ပါး မည်သည်ကိုမျှဂရုစိုက်၊ မည်သူ့အားမျှမတိုင်ပင်ဘဲ ကိုယ်ထင် သလို ကိုယ်အုပ်ချုပ်ခဲ့လေသည်။ မှူးမတ်တို့လည်း မခံမရပ်နိုင် 0x100ကလွန်းသဖြင့် ညီညာစွာ ပေါင်းစည်းထ0x100ကွ0x100ကပြီးလျှင် တရား မျှတသော အုပ်ချုပ်မှုကိုရရှိရန် စိုင်းပြင်း0x100ကလေသည်။ ဘုရင် များသည် သက်ဦးဆံပိုင် အာဏာရှင်ဆန်ဆန် မစိုးမိုးနိုင်အောင် အာဏာများ ကန့်သတ်ဟန့်တားသော မဂ0x035နာကာတာခေါ် စာချုပ်0x100ကီးကို ဂျွန်ဘုရင်အား လက်မှတ် ရေးထိုးစေခဲ့လေသည်။ မဂ0x035နာကာတာ

၁၂၁၅ ခုနှစ်တွင် မဂ0x035နာကာတာကို ဂျွန်ဘုရင် လက်မှတ် ထိုးလိုက်သည်မှ အစပြု၍ အင်္ဂလန်ပြည့်ရှင် ဘုရင်များသည် ဥပဒေကိုလေးစားလာခဲ့0x100ကရသည်။ ဘုရင်သည် နိုင်ငံ၏ တရား ဥပဒေအရသာ ဆောင်ရွက်ရသည်။ မှူးမတ်တို့၏ တရားဝင် စီရင်ဆုံးဖြတ်ချက်အရသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်0x100ကရသည်။ ထိုမဂ0x035နာကာတာ ပေါ်ပေါက်သည်မှအစပြု၍ အတိုင်ပင်ခံအဖွဲ့ နှင့် အုပ်ချုပ်သောစနစ်၊ ခရိုင်နယ် စသည်တို့မှ ကိုယ်စားလှယ် တင်မြေ|ာက်သော ပါလီမန်ဖြင့် အုပ်ချုပ်ရေးစနစ်တို့ တဖြည်း ဖြည်း ပေါ်ပေါက်လာသည်။ ၁၂၉၅ ခုနှစ် ပထမ အက်ဒွပ် ဘုရင်လက်ထက်တွင် ပါလီမန်အုပ်ချုပ်ရေး စတင် အကောင် အထည် ပေါ်လာသည်။


ပထမအက်ဒွပ်ဘုရင်သည် စကော့တလန်နှင့် ဝေလ ပြည်တို့ကို အင်္ဂလန်ပြည်နှင့် ပူးပေါင်းရန်0x100ကံစည်သောအခါ ဝေလပြည်နှင့်ပူးပေါင်းရေးတွင် အောင်မြင်သော်လည်း စကော့ တလန်ပြည်နှင့် ပူးပေါင်းရေးတွင်မူ မအောင်မြင်ချေ။ ၁၃၁၄ ခုနှစ်တွင် ရောဘတ်ဗရုစခေါင်းဆောင်းသော စကော့လူမျိုးတို့က ထ0x100ကွသဖြင့် ဗန်နော့ဗန်းတိုက်ပွဲ၌ အင်္ဂလိပ်တို့ စကော့တလန် ကို လက်လွှတ်လိုက်ရလေသည်။ အင်္ဂလိပ်ဘုရင်များသည် ဆက်ခံရရှိသောအမွေအရ ပြင်သစ်နိုင်ငံ နော်မန်ဒီရှိ နယ်ပယ် အချို့ကို ပိုင်ဆိုင်ထိုက်သည်ဟု ယူဆ0x100ကသည်။ ထိုနယ်မြေကိစ0x038 မှစ၍ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ၁၃၃၈ ခုနှစ်မှ ၁၄၅၃ ခုနှစ် အတွင်း နှစ်တစ်ရာစစ်ပွဲ0x100ကီးဖြစ်ပွားခဲ့0x100ကသည်။ ထိုစစ်ပွဲသည် တတိယအက်ဒွပ်ဘုရင်လက်ထက်မှစ၍ မင်းငါးဆက်တိုင်သည်။ နှစ်တစ်ရာစစ်ပွဲ

ထိုစစ်ပွေဲ0x100ကာင့်အင်္ဂလိပ်တို့သည်ပြင်သစ်နိုင်ငံရှိ နယ်မြေအားလုံးကို ဆုံးရှုံးခဲ့ရရုံမက စစေ်0x100ကာင့် ပြည်သူတို့ ဆင်းရဲငတ်မွတ်ခေါင်းပါး၍ကျန်ခဲ့သည်။ ၁၃၄၈-၄၉ ခုနှစ်တွင်ဖြစ်ပွားသော ပလိပ်ကပ်ရောဂါ ေ0x100ကာင့် အင်္ဂလန်ပြည်လူဦးရေ သုံးပုံတစ်ပုံ ပျက်စီးခဲ့ရပြန်ရာ အင်္ဂလန်ပြည်သည် ထိုအချိန်၌ ဒုက0x034ပင်လယ်ဝေလျက်ရှိသည်။ ထိုသို့ဖြစ်၍မျှ အတောမသတ်သေးမီတွင် မှူးမတ်အချင်းချင်း အာဏာလုသော နှင်းဆီစစ်ပွဲ(၁၄၅၅·၈၅) ဖြစ်ပွားလာပြန်သည်။ ထိုစစ်ပွဲ၌ အင်္ဂလန်ပြည်ကိုအုပ်စိုးသောဘုရင်အား ဒုက0x034ပေးတတ် သည့် မှူး0x100ကီးမတ်ငယ်တို့သည် များစွာကျဆုံးပျက်စီး0x100ကလေ သည်။ ထေို့0x100ကာင့် ဘုရင်အားတော်လှန်နိုင်လောက်သော တန်ခိုး အင်အား0x100ကီးမားသည့် မှူးမတ်ဟူ၍ များစွာမကျန်တော့ချေ။ သေဆုံးသူမှူးမတ်များနှင့် ကျန်ရစ်၍ဘုရင်အား ပုန်ကန်ရန် 0x100ကိုးစားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော မှူးမတ်များ၏ နယ်မြေပေါင်းများစွာကို ဘုရင်ကပြန်လည်ရရှိရာ စတုတ0x049 အက် ဒွပ်ဘုရင်သည် တန်ခိုးအာဏာသာမက ငွေေ0x100ကးအင်အားလည်း အလွန်0x100ကီးလာလေသည်။ထေို့0x100ကာင့်ငွေေ0x100ကးတောင်းခံရန်အတွက် ပါလီမန်အစည်းဝေးကို ခေါ်ဖို့မလိုခဲ့ချေ။ ပါလီမန်ကို မှီခို အားထားခြင်းမပြု၊ စည်းစိမ်ရစ်၍သာနေသဖြင့် အင်္ဂလန်ပြည် သည် တိုးတက်လာသည်ဟူ၍ မရှိချေ။

စတုတ0x049အက်ဒွပ်ဘုရင်နတ်ရွာစံသောအခါ လူမမယ်သား ငယ်များသာကျန်ခဲ့သဖြင့် ဂလော့စတာမြို့စားရစ်ချတ်က ရင်ခွင် ပိုက်အုပ်ချုပ်လေသည်။ သို့ရာတွင် မင်းသားကလေးများ 0x100ကီး ပြင်းလာပါက ထီးနန်းကိုလွှဲအပ်ပေးရမည် စိုးရိမ်သေော0x100ကာင့် မင်းသားကလေးများအား ဖျောက်ဖျက်ပစ်လိုက်လေသည်။၁၄၈၅ ခုနှစ်တွင် ဗော့စဝပ်တိုက်ပွဲတွင် ဟင်နရီတျူဒါက ရစ်ချတ် အားအနိုင်ရရှိလိုက်သဖြင့် ဟင်နရီသည် သတ0x048မဟင်နရီဘုရင် အဖြစ် အင်္ဂလန်ပြည်တွင်အုပ်စိုးသည်။ ထိုအခါမှစ၍ တျူဒါ မင်းဆက်ပေါ်ပေါက်လာ လေသည်။

သတ0x048မဟင်နရီ၏သားတော် အဋ္ဌမဟင်နရီဘုရင် လက် ထက်တွင် ဘုရင်နှင့်ရဟန်းမင်းတို့ သဘောမတိုက်ဆိုင်ဖြစ်ကာ သာသနာအရေးပုံဖြစ်လာသည်။ ပုပ်ရဟန်းမင်းကို အင်္ဂလန်ပြည် သာသနာ့အဖွဲ့ခေါင်းဆောင်ဟု အသိအမှတ်မပြုတော့ဘဲ မိမိ ကိုယ်တိုင် အင်္ဂလန်ပြည်၏ သံဃာအဖွဲ့ခေါင်းဆောင်အဖြစ်ခံယူ လိုက်သည်။ ပြည်သူများကဝိုင်းဝန်းထောက်ခံ0x100ကသဖြင့် အင်္ဂလန် ပြည်သံဃာအဖွဲ့သည်လည်း ဗရင်ဂျီသံဃာအဖွဲ့မှ ခွဲထွက်ကာ ဂိုဏ်းသီးခြားဖြစ်လာသည်။

အဋ္ဌမဟင်နရီဘုရင်၏သမီးတော် ၁၅၅၈ ခုနှစ်တွင် နန်းတက်သော ပထမအယ်လစ်ဇဘက်ဘုရင်မ လက်ထက်တွင် အင်္ဂလန်ပြည်သည် ဖွံ့ဖြိုးတိုးတက်လာ၍ အင်္ဂလန်ပြည်သည် တန်ခိုး0x100ကီးနိုင်ငံ ဖြစ်လာလေသည်။ အယ်လစ်ဇဘက်ဘုရင်မ၊ပထမ

ပထမအယ်လစ်ဇဘက်ဘုရင်မ နတ်ရွာစံပြီးနောက် စကော့တလန်ဘုရင် ဆဋ္ဌဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမ ဂျိမ်းဘုရင်အဖြစ် ထီးနန်းဆက်ခံသေော0x100ကာင့် စကော့တလန်နှင့် အင်္ဂလန်ပြည်သည် ဘုရင်တစ်ဦးတည်းလက်အောက်သို့ ကျ ရောက်ခဲ့သည်။ သို့ရာတွင် နိုင်ငံရေးအရ စည်းလုံးခြင်းမရှိဘဲ အုပ်ချုပ်ရေးမှာ တသီးတခြားစီဖြစ်သဖြင့် အင်္ဂလန်နှင့် စကော့ တလန် ပူးပေါင်းရေးမှာ လုံးဝအောင်မြင်သည်ဟု မဆိုနိုင်သေး ချေ။ စတူးဝပ်ဘူရင်များ

ဂျိမ်းဘုရင်၏ဝါဒမှာ ဘုရင်ဟူသည် ဘုရားသခင်က အုပ်စိုးနိုင်ခွင့် ပေးထားသည်ဟူ၍ဖြစ်သဖြင့် ဘုရင်များသည် လူထု၏ဆ0x1150x050ကို လိုက်လျောရန်မလိုပဲ အုပ်ချုပ်ခွင့်ရှိသည်ဆိုကာ ပါလီမန်နှင့် မ0x100ကာခဏ အချင်းများလေသည်။ ဂျိမ်းဘုရင် ဆောက်ရွက်သမျှကို မှူးမတ်များနှင့် ပြည်သူတို့ကမကျေနပ်0x100က ချေ။ တိုင်းသူပြည်သားတို့အား လွတ်လပ်စွာကိုးကွယ်ခွင့် မပေး ဘဲ ပရိုတက်စတန့်ဂိုဏ်းသို့ဝင်စေသည်။ ဗရင်ဂျီဂိုဏ်းဝင်များ နှင့် ပျူရီတန်ဂိုဏ်းဝင်များကို များစွာည|ဉ်းပန်းနှိပ်စက်သတ်ဖြတ် သဖြင့် ချုပ်ချယ်မှုကို မခံလိုသော ပျူရီတန်များသည် ၁၆ဝ၇ ခုနှစ်တွင် အမေရိကတိုက်သို့ သွားရောက်ကာ ပထမဆုံး အင်္ဂလိပ်ကိုလိုနီနယ်သစ်များကို အခြေစိုက်ကြသည်။ ဂျိမ်းဘုရင်များ

ဂျိမ်းဘုရင်၏သားတော် ပထမချားဘုရင်သည်လည်း ခမည်းတော်၏ဝါဒကို လက်ကိုင်ထားသူဖြစ်ရကား ပါလီမန်နှင့် ဘုရင်မသင့်ဖြစ်နေခဲ့ရာ၊ အာဏာလုသည့်ပြည်တွင်းစစ်ပွဲ0x100ကီးဖြစ် လာလေသည်။ နောက်ဆုံး၌ ဘုရင်ဖက်မှရှုံး၍ အသတ်ခံရသည် အထိဖြစ်ခဲ့သည်။

ချားဘုရင်အသတ်ခံရပြီးနောက် ပါလီမန်ဘက်မှ ခေါင်း ဆောင်0x100ကီး အော်လီဗာကရွမ်းဝဲသည် အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်တို့ပါဝင်သည့် ဓနသဟာယနိုင်ငံကို ကာကွယ် ထိန်းသိမ်းသူ လော့ပရိုတက်တာ ဟူသောဘွဲ့ကိုသာ ခံယူ အုပ်ချုပ်လေသည်။ ကရွမ်းဝဲ အို

၁၆၅၈ ခုနှစ်တွင်ကရွမ်းဝဲကွယ်လွန်သောအခါ သားဖြစ်သူရစ်ချတ် ဆက်ခံသော်လည်း ဖခင်၏ ခြေရာကိုမနင်းနိုင်သဖြင့် ၁၆၆ဝ ပြည့်နှစ်တွင် ပထမချားဘုရင်၏သားတော် ဒုတိယချား(၁၆၆ဝ-၁၆၈၅)သည် ထီးနန်းပြန်လည်ရရှိသည်။ ဒုတိယချားလက်ထက်တွင် အင်္ဂလန် ပြည်၌ တိုရီနှင့် ဝှစ်ခေါ်နိုင်ငံရေးပါတီကြီးများ စတင်ပေါ် ပေါက်လာခဲ့သည်။

ဒုတိယချားဘုရင် နတ်ရွာစံသောအခါ ညီတော်ဂျိမ်း (၁၆၃၃-၁၇ဝ၁)နန်းတက်သည်။ ဒုတိယဂျိမ်းဘုရင်သည် ပါလီ မန်ကိုပယ်ဖျက်၍ ပါလီမန်၏အကူအညီမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်ရန်နှင့် ဗရင်ဂျီဂိုဏ်းကို အင်္ဂလန်ပြည်တွင် ပြန်လည် ထွန်းကားလာရန် 0x100ကိုးစားခဲ့ရာ တိုင်းသူပြည်သားတို့ ဘုရင်ကို မုန်းတီးလာကြသည်။ ထေို့0x100ကာင့် ပါလီမန်က ၁၆၈၈ ခုနှစ်တွင် ဂျိမ်း၏ ပရိုတက်စတန့်ဂိုဏ်းဝင် သမီးတော် မေရီ၏ခင်ပွန်း 0x100သရိန်းနယ်စား ဝီလျံမင်းသားအားခေါ်ယူ၍ အင်္ဂလန်ပြည် ထီး နန်းကို စိုးစံစေသည်။ ဒုတိယဂျိမ်းဘုရင်လည်း ထောက်ခံ အားပေးမည့်သူကင်းမဲ့ကာ ပြင်သစ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်နေရလေသည်။

၁၆၈၉ ခုနှစ်တွင် ဝီလျံဘုရင်နှင့် မေရီမိဖုရားတို့ နန်း တက်သည်မှစ၍ အခြေခံစည်းမျဉ်းဥပဒေနှင့် ပါလီမန်နှင့် အုပ် ချုပ်သောအစိုးရ ပြန်လည်ပေါ်ပေါက်လာသည်။ ပြင်သစ်နိုင်ငံ နှင့်လည်း စစ်ဖြစ်လေသည်။ ဝီလျံဘုရင်နတ်ရွာစံပြီးနောက် ဒုတိယဂျိမ်းဘုရင်၏သမီးတော် အန်းဘုရင်မ (၁၇ဝ၂-၁၇၁၄) ထီးနန်းဆက်ခံသောအခါ အင်္ဂလန်ပြည်သည် စပိန်ထီးနန်း ဆက်ခံရေးစစ်ပွဲကြီးတွင် အောင်ပန်းဆွတ်ခူးနိုင်ခဲ့သည်။အင်္ဂလန် နှင့် စကော့တလန်ပြည်တို့သည် အန်းဘုရင်မလက်ထက် ၁၇ဝ၇ ခုနှစ်တွင်မှ ပူးပေါင်းရေးအက်ဥပဒေအရ တစ်ခုတည်းသော အစိုးရလက်အောက်တွင် တစ်ခုတည်းသောတိုင်းပြည်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အင်္ဂလန်ပြည်၊ စကော့တလန်ပြည်နှင့် ဝေလပြည်တို့ ပူပေါင်းထားသောနိုင်ငံကို ထိုအချိန်မှစ၍ ဂရိတ်ဗြိတိန်ဟုခေါ်သည်။


တစ်ဖန် ၁၈ဝ၂ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်နေ့တွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ပူးပေါင်းရေးဥပဒေ အတည်ဖြစ်သွားသောအခါ ထိုလေးပြည်ထောင်ပေါင်းကို ယူနိုက်တက်ကင်းဒမ်းဟု မှည့်ခေါ်ကြလေသည်။[၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Office for National Statistics. The Countries of the UK. statistics.gov.uk. Retrieved on 2009-02-01
  2. Countries within a country. number-10.gov.uk. Archived from the original on 2008-02-09။ Retrieved on 2009-02-01
  3. Changes in the list of subdivision names and code elements (Page 11) (PDF). International Organization for Standardization. Retrieved on 2009-02-01
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)