နိုင်ငံပေါင်းချုပ် အသင်းကြီး
| နိုင်ငံပေါင်းချုပ် အသင်းကြီး League of Nations (အင်္ဂလိပ်) Société des Nations (ပြင်သစ်) Sociedad de Naciones (စပိန်) |
|
|---|---|
| ဖွဲ့တည်ချိန် | 1919 28 June |
| ဖျက်သိမ်းချိန် | 1946 18 April |
| အမျိုးအစား | အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း |
| ဌာနချုပ် | ဂျနီဗာမြို့ |
| ရုံးသုံးဘာသာ | အင်္ဂလိပ်၊ ပြင်သစ်၊ စပိန် |
| အတွင်းရေးမှူးချုပ် | Sir James Eric Drummond (1920–1933) Joseph Avenol (1933–1940) Seán Lester (1940–1946) |
နိုင်ငံပေါင်းချုပ် အသင်းကြီး သည် ၁၉၁၉ - ၂၀ ခုနှစ်အတွင်း ဗာဆိုင်းစာချုပ်အရ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အစိုးရများအကြား အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၃၄ - ၃၅ ခုနှစ်တွင် အဖွဲ့ဝင် ၅၈ နိုင်ငံရှိခဲ့ပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အတိုင်းအတာ အကြီးမားဆုံး ကာလလည်းဖြစ်သည်။ အသင်းချုပ်၏ ရည်ရွယ်ချက်များတွင် အမျိုးသမီး အခွင့်အရေး၊ စစ်သား အခွင့်အရေး၊ လူဖြူမဟုတ်သူများ၏ အခွင့်အရေး စသည့် လူ့အခွင့်အရေးများအား မြှင့်တင်ပေးရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြား ကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်သည်။
သို့သော်လည်း ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့ခြင်းမှာ နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စစ်မက်တားဆီးရေး ရည်မှန်းချက် မအောင်မြင်သည့် သာဓကတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများက နိုင်ငံပေါင်းချုပ် အသင်းကြီးကို လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂဖြင့် အစားထိုးခဲ့သည်။