သမ္မတစနစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သမ္မတ စနစ်မှာ တိုင်းပြည်တော်တော်များများတွင်ကျင့်သုံးနေပြီး ဒီမိုကရေစီ စနစ်သာမက အာဏာရှင်စနစ်တစ်ပါတီစနစ် (အီဂျစ်ဆီးရီးယားမြောက်ကိုရီးယားတရုတ်ဗီယက်နမ်)အစရှိသည့် နိုင်ငံများတွင်ပါကျင့်သုံးကြပါသည်။သို့သော် ယခုဖော်ပြမည့် စနစ်မှာ ဒီမိုကရေစီ စနစ်ပေါ်တွင်အခြေခံသည့် သမ္မတစနစ်သာဖြစ်သည်။

နောက်ခံသမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

သမိုင်းမှတ်တမ်းများအရ ခေတ်သစ်ကမ္ဘာတွင် သမ္မတစနစ်ကျင့်သုံးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အဦးဆုံးဖြစ်သည်။ ဗြိတိန်တို့၏ ကိုလိုနီပြုထားသည်ကိုတွန်းလှန်ပြီး ပြည်နယ် ၁၃ ခုဖြင့် ပြည်ထောင်စုဖွဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ သမ္မတစနစ်ဖြင့်အုပ်ချုပ်ရန် သဘောတူကြသည်။ ဂျော့ချ် ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

အခြေခံအားဖြင့် သမ္မတစနစ်၏ အုပ်ချုပ်ရေး အာဏာအပိုင်းတွင် ဖွဲ့စည်းပုံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သမ္မတမှ နိုင်ငံ၏ တာဝန်ကို အလုံးစုံတာဝန်ယူကာ ပြည်တွင်းပြည်ပ အရေးနှစ်ရပ်လုံးကို စီမံခန့်ခွဲသည်။ (ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုအင်ဒိုနီးရှားဖိလစ်ပိုင်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။)

ဒုတိယတစ်မျိုးမှာ သမ္မတက ပြည်ပရေးရာ၊ ကာကွယ်ရေးနှင့် အရေးပါသည့် ဝန်ကြီးဌာနများကို ကိုင်တွယ်ပြီး ပြည်တွင်းရေးရာ (လုံခြုံရေး၊ ပညာရေးနှင့် စီးပွားရေး အစရှိသည်)တို့တွင် ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်ပြီး ဦးဆောင်စေသည့်ပုံစံဖြစ်သည်။ သို့သော် ထိုဝန်ကြီးချုပ်မှာ ပါလီမန် ဒီမိုကရေစီ စနစ်၏ ဝန်ကြီးချုပ်များကဲ့သို့မဟုတ်ပဲ သမ္မတက အချိန်မရွေး ပြန်လည်ထုတ်ပယ်နိုင်သည်။ (ဥပမာအားဖြင့် ရုရှားပြင်သစ်ထိုင်ဝမ်စသည့် နိုင်ငံများတွင် ကျင့်သုံးသည်။) ထို့အပြင်နိုင်ငံရေးအရ မိမိနှင့် မဟာမိတ်ပါတီမှ ခေါင်းဆောင်ကို အာဏာခွဲဝေပေးရန်အတွက်လည်း ဝန်ကြီးချုပ်ရာထူး ခန့်လေ့ရှိပြန်သည်။ (ဥပမာအားဖြင့်ယူကရိန်း) ထိုသို့ဝန်ကြီးချုပ်များခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်းဖြစ်သည်။

သမ္မတကို ရွေးကောက်တင်မြောက်ရာတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်စနစ်ကိုသာ အများဆုံး ကျင့်သုံးကြပြီး၊ ရံဖန်ရံခါ လွှတ်တော်မှတစ်ဆင့် ရွေးကောက်တင်မြောက်သည်လည်းရှိသည်။ ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြောက်ပုံမှာ လွယ်ကူရှင်းလင်းသည်။ လွှတ်တော်မှတစ်ဆင့် ရွေးကောက်ခြင်းသည် ပြည်တွင်းတည်ငြိမ်မှုရစေရန်အတွက်၊ ပြည်သူတို့ နိုင်ငံရေးတွင် မရင့်ကျက်သည့်အတွက် ဟူ၍အကြောင်းပြချက်များဖြင့် ပြည်သူတို့ကို နိုင်ငံရေးနယ်ပယ်မှဝေးကွာစေရန် ရည်ရွယ်ချက်ဖြင့်လည်း ပြုလုပ်ကြသည်။ (ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဖြစ်ပေါ်လာမည့် အနာဂတ် မြန်မာနိုင်ငံ)

သမ္မတစနစ်တွင် အများအားဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူသည့် သမ္မတသည် ကျန်ဥပဒေပြုရေးအာဏာတရားစီရင်ရေး အာဏာများနှင့် သက်ဆိုင်ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတများသည် ဥပဒေပြုရေးအာဏာဖြစ်သည့် လွှတ်တော်သို့ ဖိတ်ခေါ်ခြင်းမရှိလျှင် သွားရောက်ခွင့်မရှိပေ။ ထို့ပြင် သမ္မတများသည် နိုင်ငံတော်တရားသူကြီးချုပ်ကို ခန့်ထားပိုင်ခွင့်သာရှိပြီး ရာထူးမှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် မရှိသည့်အတွက် တရားစီရင်ရေးအာဏာကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။ သို့သော် အချို့နိုင်ငံများ၌ သမ္မတတွင် တရားသူကြီးချုပ်များအား အကျိုးအကြောင်းပြကာ ပြန်လည်ဖြုတ်ချ ခွင့်ရှိကြသည်။

သမ္မတဖြစ်ရန်လိုအပ်ချက်များနှင့် ရာထူးသက်တမ်း[ပြင်​ဆင်​ရန်​]

သမ္မတတစ်ဦးဖြစ်ရန်အတွက် နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံနှုန်းများ ကွာခြားတတ်ပါသည်။ သို့သော် နိုင်ငံသားဖြစ်ရမည်၊ ပါတီဝင်ဖြစ်ရမည် ဟူသည့်အချက်များမှာ ဥပဒေအဖြစ် အတိအလင်းပြဋ္ဌာန်းထားခြင်း မရှိသည့်တိုင် အများက နားလည်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် အမျိုးသားရေးဝါဒကို အသားပေးသည့်နိုင်ငံများတွင် သမ္မတ တစ်ဦးအတွက် သတ်မှတ်ချက် များလေ့ရှိပြီး ပွင့်လင်း လွတ်လပ်မှုကို အသားပေးသည့် နိုင်ငံများတွင်မူ သတ်မှတ်ချက် နည်းပါးတတ်ပါသည်။

သမ္မတရာထူးသက်တမ်းမှာ နိုင်ငံအလိုက်ကွဲပြားတတ်သည်။ အများအားဖြင့် တစ်ကြိမ်လျှင် ၄ နှစ်နှုန်းဖြင့် နှစ်ကြိမ်အထိ ထမ်းဆောင် နိုင်သည်။ သို့သော် အာဏာရှင်စနစ်ကိုကြောက်ရွံပြီး တစ်ဦးတစ်ယောက်မှ အာဏာကိုရေရှည်ကိုင်တွယ်ကာ ဩဇာထူထောင်မည့် အဖြစ်ကိုရှောင်လွှဲရန်အတွက် ၄ နှစ်ထက်ပိုသောသက်တမ်း တစ်ကြိမ်ကိုသာထမ်းဆောင်ရန်သတ်မှတ်သည်လည်း ရှိတတ်သည်။ (ဥပမာအားဖြင့် တောင်ကိုးရီးယား သမ္မတများသည် ၅နှစ်သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည်။)

သမ္မတ၏အခွင့်အာဏာ[ပြင်​ဆင်​ရန်​]

သမ္မတတစ်ဦးအနေဖြင့် လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည့် ဥပဒေကို လက်မှတ်ထိုးကာ အတည်ပြုပေးရသည်။ သို့သော် အချိန်အကန့်အသတ် တစ်ခုအတွင်း အတည်မပြုပေးသည့်တိုင် ထိုဥပဒေအား လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဌာန်းနိုင်သည်။ သမ္မတသည် အုပ်ချုပ်ရေးအာဏာဖြင့် လိုအပ်သည့်အမိန့်ဒီဂရီများကို ပြဌာန်းနိုင်သည်။ သို့သော် ထိုသို့ပြဌာန်းသည့် ဥပဒေသည် လွှတ်တော်၏ အတည်ပြုခြင်းကို ရယူရန်လိုအပ်ပြီး လွှတ်တော်မှ အတည်မပြုလျှင် ပျက်ပြယ်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်လျှင် ထိုလွှတ်တော်ကို ဖျက်သိမ်းကာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းနိုင်သည်။

သမ္မတအားပြန်လည်ဖြုတ်ချခြင်း[ပြင်​ဆင်​ရန်​]

သမ္မတတစ်ဦးအား ပြန်လည်ဖြုတ်ချရန်မှာမူ ဖြစ်ခဲလှပါသည်။ အကြောင်းမှာ ပါလီမန် ဒီမိုကရေစီစနစ်ကဲ့သို့ မဟုတ်ပဲ အုပ်ချုပ်ရေး အကြီးအကဲ (သမ္မတ) သည် လွှတ်တော်နှင့် ပိုင်းခြားထားသည့်အတွက်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးသက်တမ်းပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် အာမခံပြဌာန်းပေးထားသည်ကြောင့်လည်းကောင်း ဖြစ်လေ့ ရှိကြသည်။ သို့သော် အကျင့်စာရိတ္တပျက်ယွင်းသည့်အတွက် သက်သေအထောက်အထား ခိုင်လုံလျှင် လွှတ်တော်အတွင်း တရားစွဲဆိုမှုပြုနိုင်ရန် မဲခွဲဆုံးဖြတ်ပြီး တရားစွဲဆိုနိုင်သည်။ တရားစွဲဆိုခြင်းခံရပြီး အပြစ်ရှိကြောင်းထင်ရှားလျှင် တရားရုံး၏ အဆုံးအဖြတ်အတိုင်း ရာထူးမှ နုတ်ထွက်ရသည်။

ထင်ရှားသည့်သမ္မတစနစ်နိုင်ငံများ[ပြင်​ဆင်​ရန်​]

တို့ဖြစ်ကြသည်။

အထူးသတိပြုရန် အချက်တစ်ချက်မှာ အချို့နိုင်ငံများ၏ တရားဝင်အမည်များတွင် "သမ္မတ"ဟူသည့်စကားလုံးကို သုံးစွဲထားသည့်တိုင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သည် မဟုတ်ချေ။ ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် စင်္ကာပူ (စင်္ကာပူသမ္မတနိုင်ငံ)၊ အိန္ဒိယ (အိန္ဒိယသမ္မတနိုင်ငံ)တို့ ရှိတတ်သည်။ ထို့ပြင် အာဏာရှင်နှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် အချို့နိုင်ငံများတွင်လည်း ထိုကဲ့သို့ သမ္မတ ဆိုသည့်အသုံးအနှုံးမျိုးကို သုံးစွဲတတ်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]