အီလီနွိုင်းပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အီလီနွိုင်းပြည်နယ်
Flag of အီလီနွိုင်း State seal of အီလီနွိုင်း
အလံ တံဆိပ်
အခြားအမည်များ: Land of Lincoln; The "Prairie State"
ဆောင်ပုဒ်: State sovereignty, national union
အမေရိကန်ပြည်ထောင်စု၏ မြေပုံ အီလီနွိုင်း အရောင်ခြယ်ပြထား
ရုံးသုံးဘာသာစကားများ အင်္ဂလိပ်ဘာသာ[၁]
ပြောဆိုသော ဘာသာစကားများ အင်္ဂလိပ်ဘာသာ (၈၀.၈%)
စပိန်ဘာသာ (၁၄.၉%)
အခြား (၅.၁%)[၂]
မြို့သား Illinoisan
မြို့တော် စပရင်းဖီးလ်မြို့
အကြီးဆုံးမြို့ ရှီကာဂိုမြို့
အကြီးဆုံး မက်ထရိုဧရိယာ Chicago metropolitan area
ဧရိယာ  အမေရိကန်အဆင့် ၂၅ ခုမြောက်
 - စုစုပေါင်း ၅၇,၉၁၄ စတုရန်းမိုင်
(၁၄၉,၉၉၈ စတုရန်း ကီလိုမီတာ)
 - အကျယ် ၂၁၀ miles (၃၄၀ ကီလိုမီတာ)
 - အရှည် ၃၉၅ miles (၆၂၉ ကီလိုမီတာ)
 - ရေရာခိုင်နှုန်း ၃.၉၉
 - လတ္တီကျု 36° 58′ N to 42° 30′ N
 - လောင်ဂျီကျု 87° 30′ W to 91° 31′ W
လူဦးရေ  အမေရိကန်အဆင့် ပဉ္စမမြောက်
 - စုစုပေါင်း ၁၂,၈၈၂,၁၃၅ (၂၀၁၃ ခန့်မှန်း)
- သိပ်သည်းမှု ၂၃၂/စတုရန်းမိုင်
(၈၉.၄/စတုရန်းကီလိုမီတာ)
အမေရိကန်အဆင့်12th
 - အလယ်အလတ် ဝင်ငွေ  $၅၄,၁၂၄ (17)
အမြင့်  
 - အမြင့်ဆုံးနေရာ Charles Mound[၃][၄]
၁,၂၃၅ ပေ  (၃၇၆.၄ မီတာ)
 - အလယ်အလတ် ၆၀၀ ပေ  (၁၁၈၀ မီတာ)
 - အနိမ့်ဆုံးနေရာ မစ္စစ္စပီမြစ်နှင့် အိုဟိုင်းအိုးမြစ် တို့ပေါင်းဆုံရာ မြစ်ဆုံ[၃][၄]
၂၈၀ ပေ  (၈၅ မီတာ)
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
 
၃ ဒီဇင်ဘာ ၁၈၁၈ (21st)
ပြည်နယ်အုပ်ချုပ်ရေးမှူး Pat Quinn (D)
လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Sheila Simon (D)
ဥပဒေပြုလွှတ်တော် Illinois General Assembly
 - အထက်လွှတ်တော် Illinois Senate
 - အောက်လွှတ်တော် Illinois House of Representatives
ဆီးနိတ်အမတ်များ Dick Durbin (D)
Mark Kirk (R)
အောက်လွှတ်တော် အမတ်များ 12 Democrats, 6 Republicans (list)
အချိန်ဇုန် Central: UTC -6/-5
အတိုကောက်များ IL, Ill. US-IL
အင်တာနက်စာမျက်နှာ http://www.illinois.gov

အီလီနွိုင်ပြည်နယ်[ပြင်​ဆင်​ရန်​]

အီလီနွိုင်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းတွင် မြောက်ဘက်ကျသော ပြည်နယ်တစ်နယ်ဖြစ်သည်။ မစ္စစ္စပီမြစ်သည် အနောက်ဘက် နယ်နမိတ် အဖြစ်လည်း ကောင်း၊ အိုဟိုင်းအိုးမြစ်သည် တောင်ဘက်နယ်နမိတ်အဖြစ်လည်းကောင်း၊ ဝါဗက်ရှမြစ် တစ်စိတ်တစ်ဒေသသည် အရှေဘက်နယ်နမိတ်အဖြစ်လည်းကောင်း စီးဆင်းကြ၍ အရှေ့မြောက်ဘက်တွင် မစ်ရှိဂန်ရေအိုင်ကြီး တည်ရှိ သည်။ မစ္စစ္စပီမြစ်၏ လက်တက်ဖြစ်သော အီလီနွိုင်မြစ်သည် ပြည်နယ်တွင်း၌ အကြီးဆုံးမြစ်ဖြစ်သည်။ အခြားထင်ရှားသော မြစ်များမှာ ဖောက်မြစ်နှင့် ရော့မြစ်တို့ ဖြစ်ကြသည်။ အီလီနွိုင်ပြည်နယ်သည် မြေပြန့်လွင်ပြင်ဖြစ်၍၊ မြောက်မှတောင်သို့ ဆင်ခြေလျော နိမ့်ဆင်းသည်။ ပြည်နယ်သည် စတုရန်းမိုင် ၅၇,၉၁၄ ကျယ်ဝန်း၍၊ လူဦးရေ ၁၂,၈၈၂,၁၃၅ (၂၀၁၃ ခန့်မှန်း) ရှိသည်။

ကုန်းတွင်းကျသောပြည်နယ်ဖြစ်သောကြောင့် ရာသီဥတုသည် နွေအခါပူ၍ ဆောင်းအခါ အေးသည်။ အထူးသဖြင့် ဆောင်းအခါ၌ ရာသီဥတု အပြောင်းအလဲမြန်သည်။ နွေကူးနှင့် နွေရာသီတွင် မိုးအများဆုံး ရွာသည်။ ရှေးအခါက အီလီနွိုင်ပြည်နယ်ဒေသသည် တိုင်းရင်းသား ရက်အင်ဒီးယန်းလူမျိုးတို့ အမဲလိုက်ရာ ပရေရီ လွင်ပြင်အရပ် ဖြစ်သည်။ ယခုအခါတွင်မူကား အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းတွင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အထူးပင် ထွန်းကားလျက်ရှိသော ပြည်နယ်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ခန့်က ပြည်နယ်သားတို့သည် များသောအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ အီလီနွိုင်ပြည်နယ်သည် နယူးယောက်ပြည်နယ်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်တို့မှ လွဲလျှင် စက်မှုလုပ်ငန်း အကြီးကျယ်ဆုံးပြည်နယ် ဖြစ်သည်။ သံမဏိထည်ပစ္စည်း၊ လယ်ထွန်စက်ကိရိယာ၊ အယ်လဂျင်နာရီ၊ အိမ်ထောင်ပရိဘောဂ စသည်တို့ကို ထုတ်လုပ်ခြင်း၊ အဝတ်အထည် ရက်လုပ်ခြင်း၊ ရေနံချက်လုပ်ငန်း၊ အသားစည်သွတ်လုပ်ငန်းတွင် ပြည်နယ်သည် ဗဟိုအချက်အခြာဌာန ဖြစ်ပေသည်။ အီလီနွိုင်ပြည်နယ်သည် မြေပြန့်၌ မြေဩဇာထက်သန်သည့် အပြင် ရာသီဥတုကလည်း သင့်မြတ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်သည်။ တိရစ္ဆာန်မွေးမြူရေးနှင့် ကြက်ငှက် မွေးမြူရေးလုပ်ငန်းတို့ကိုလည်း အကြီးအကျယ် လုပ်ကိုင်သည်။ ပြောင်းကို အဓိကစိုက်ပျိုးသည်။ အခြားသီးနှံပင်များမှာ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ ရိုင်းစပါးနှင့် ဆိုယာပဲတို့ဖြစ်သည်။ သစ်သီးခြံများကိုလည်း စိုက်ပျိုးသည်။ တွင်းထွက်ပစ္စည်း ကြွယ်ဝသော ပြည်နယ် ဖြစ်၍ ကျောက်မီးသွေးနှင့် ရေနံစိမ်း အများဆုံး ထွက်သည်။ ထုံးကျောက် သဲကျောက်၊ ဘိလတ်မြေ၊ မြေဓာတ်ငွေ့၊ ဖလူအိုရိုက်၊ ဖူလာမြေမှုန့် စသည်တို့ကိုလည်း တူးဖော် ရရှိသည်။

အီလီနွိုင်ပြည်နယ်၏ မြို့တော်သည် စပရင်းဖီးလ်မြို့ ဖြစ်၍ လူဦးရေ ၉၁၇၅၃ ယောက်ရှိသည်။ အမေရိကန်နိုင်ငံ သမိုင်းတွင် ထင်ရှားသော သမ္မတ အေဘရာဟမ် လင်ကွန်းသည် ထိုမြို့တွင် နေထိုင်ခဲ့ဘူးရာ၊ သမ္မတကြီး နေထိုင်ခဲ့သော အိမ်၊ သင်္ချိုင်းဂူနှင့် ကျောက်တိုင်တို့ကို တွေ့နိုင်လေသည်။ ရှီကာဂိုမြို့သည် ပြည်နယ်တွင်း၌ အကြီးဆုံးမြို့ဖြစ်၍ မစ်ရှီဂန်ရေအိုင်၏ အနောက်တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ရှီကာဂိုမြို့သည် ရေကြောင်းဖြင့် အနောက်ဘက်ရှိ မစ္စစ္စပီမြစ်သို့ ခရီးလမ်းပေါက်သည်။ မီးရထား လမ်းဆုံမြို့လည်း ဖြစ်သည်။ စက်မှုလုပ်ငန်းများ ထွန်းကားသောမြို့ဖြစ်သည့်အပြင် ကုန်ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန ကြီးလည်း ဖြစ်သည်။ လူဦးရေ ၃၅၅ဝ၄ဝ၄ ယောက်ရှိ၍၊ အမေရိကန် ပြည်ထောင်စုတွင် နယူးယောက်မြို့မှလွဲလျှင် အကြီးဆုံး ဖြစ်သည်။

အခြားထင်ရှားသော မြို့ကြီးများမှာ ရောဖို့မြို့၊ ပီအိုးရီးယားမြို့နှင့် အီ(စ)စိန်လူဝီမြို့တို့ဖြစ်သည်။ အီလီနွိုင်ပြည်နယ်ဒေသသို့ ဦးစွာ ရောက်ရှိလာသော ဥရောပတိုက်သားများမှာ ပြင်သစ် အမျိုးသားတို့ဖြစ်သည်။ ပြင်သစ်တို့က ကုန်သွယ်ရေးစခန်းများ ဖွင့်၍ အခြေစိုက် နေထိုင်ခဲ့ကြသည်။ ထိုနောက် ဗြိတိသျှတို့ လက်သို့ရောက်ရှိလေသည်။ အမေရိကန်တော်လှန်ရေးစစ်ပွဲ ပြီးဆုံးသောအခါ အီလီနွိုင်နယ်မြေဒေသသည် အမေရိကန် အစိုးရ လက်အောက်သို့ ကျရောက်ခဲ့သည်။ ၁၈၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုအဝင် ၂၁ ခုမြောက် ပြည်နယ် ဖြစ်လာလေသည်။ အေဘရာဟမ် လင်ကွန်းသည် အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်း မခံရမီ အီလီနွိုင်ပြည်နယ်ရှိ နယူးဆလမ်မြို့နှင့် စပရင်းဖီးလ်မြို့ တို့တွင် နေထိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် သမ္မတရာထူးအတွက် အိုင်ဆင်ဟောင်ဝါးနှင့် ယှဉ်ပြိုင် အရွေးခံခဲ့သော နိုင်ငံရေး ခေါင်းဆောင် အက်ဒလေ စတီဗင်ဆင်သည်လည်း အီလီနွိုင်ပြည်နယ် သားပင် ဖြစ်သည်။[၅]

ကိုးကား[ပြင်​ဆင်​ရန်​]

Commons-logo.svg
Wikimedia Commons has media related to:
  1. (5 ILCS 460/20) (from Ch. 1, par. 2901‑20) State Designations Act.. Illinois Compiled Statutes. Illinois General Assembly (September 4, 1991). Retrieved on April 10, 2009။ “Sec. 20. Official language. The official language of the State of Illinois is English.”
  2. Illinois Table: QT-P16; Language Spoken at Home: 2000. Data Set: Census 2000 Summary File 3 (SF 3) – Sample Data. U.S. Census Bureau (2000). Retrieved on April 10, 2009
  3. ၃.၀ ၃.၁ Elevations and Distances in the United States. United States Geological Survey (2001). Retrieved on October 21, 2011
  4. ၄.၀ ၄.၁ Elevation adjusted to North American Vertical Datum of 1988.
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)