အင်ဒိုနီးရှားနိုင်ငံ
| အင်ဒိုနီးရှားသမ္မတနိုင်ငံ | |||||
| Republik Indonesia | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - Unity in Diversity | |||||
| နိုင်ငံတော်သီချင်း - အင်ဒိုနီးရှားရာယ | |||||
| ပထဝီ |
|||||
| မြို့တော် | ဂျာကာတာမြို့ | ||||
| အကြီးဆုံးမြို့ | ဂျာကာတာမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC အဖုံဖုံ (UTC+၇ to +၉) | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | အင်ဒိုနီးရှားပသျှူး | ||||
လူဦးရေ
|
|||||
| လူမျိုးများ | Javanese (၄၀.၆%), Sundanese (၁၅%), Madurese (၃.၃%), Minangkabau (၂.၇%), Betawi (၂.၄%), Bugis (၂.၄%), Banten (၂%), Banjar (၁.၇%), အခြား (၂၉.၉%) | ||||
| ကိုးကွယ်ယုံကြည်မှု | အစ္စလာမ် (၈၆.၁%), Protestant (၈.၇%), ဟိန္ဒူ (၁.၈%), အခြား (၃.၄%) | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | US $၄၄၃ သိန်းကုဋေ (အဆင့် - ၂၀) | ||||
| GDP(PPP) | US $၁,၉၂၅ (အဆင့် - ၁၁၅) | ||||
| HDI | ၀.၇၂၈ (အလယ်) (အဆင့် - ၁၀၇) | ||||
| ငွေ | Rupiah (IDR "Rp") | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| ISO 3166-1 | ID | ||||
| CCLTD | .id | ||||
| Calling code | +၆၂ | ||||
အင်ဒိုနီးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံ၏ ရုံးသုံးအမည်မှာ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံသည် အရှေ့တောင်အာရှ နှင့် ပင်လယ်အနီးတွင် တည်ရှိသော ကျွန်းစု နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇ ၅၀၈ ခုမျှသော ကျွန်းများ ရှိပါသည်။ ထိုကျွန်းများပေါ်တွင် လူဦးရေ သန်းပေါင်း ၂၃၀ ခန့်ရှိပြီး ထိုအနေအထားသည် ကမ္ဘာပေါ်တွင် ၄ ခုမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်သွားစေသော အချင်းအရာပင် ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာဝင် အများဆုံးသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
မာတိကာ |
နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]
အင်ဒိုနီးရှားနိုင်ငံသည် သမ္မတနိုင်ငံ အမျိုးအစား ဖြစ်၍ ရွေးကောက်ပွဲများ ၊ နှင့် ဝန်ကြီးချုပ် တို့အား ထားရှိသည်။ နိုင်ငံ၏ မြို့တော်မှာ ဂျကာတာမြို့ ဖြစ်ပြီး မလေးရှားနိုင်ငံ၊ ပူးပ နယူးဂျနီယ၊ အရှေ့တီမော နိုင်ငံတို့နှင့် နယ်နမိတ်ခြင်း ထိစပ်လျှက် ရှိသေးသည်။ အခြား အိမ်နီးချင်း နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဩစတြေးလိယားနိုင်ငံ တို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဂျီ-၂၀ အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
အင်ဒိုနီးရှားကျွန်းစုများ ဖြစ်သည့် ဆရိဗီဂျယ နှင့် မဂျဖာဟစ် ကျွန်းတို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေး ပြုလုပ်ခဲ့ကြသည့် ၁၇ ရာစုအတွင်းကပင် ရေကြောင်း ကုန်သွယ်ရေး၌ အရေးပါသော ကျွန်းစုများ ဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကပင် အင်ဒိုနီးရှားနိုင်ငံသည် ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာ နိုင်ငံများ၏ အခြားယဉ်ကျေးမှုများ လွမ်းမိုးမှုကို ခံလာခဲ့ရသည်။ သို့သော် နောက်ပိုင်း၌ အခြားနိုင်ငံများ၏ လွှမ်းမိုးမှုများ ကျဆင်းလာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဘဟစာ အင်ဒိုနီးရှားဘာသာကို ရုံးသုံးဘာသာ အဖြစ် အသုံးပြုသည်။ သို့သော် အခြား ၇၃၇ မျိုးသော ဘာသာများကို အင်ဒိုနီးရှား လူမျိုးစုတို့ အသုံးပြုကြသေးသည်။ အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ် နိုင်ငံ မဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာဝင် အများဆုံးသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အခြား ခရစ်ယာန် (ပရိုတက်စတစ်၊ ရိုမန်ကသလစ်)၊ ဟိန္ဒူ။ ဗုဒ္ဓဘာသာ ကဲ့သို့သော ဘာသာများလည်း ကိုးကွယ်ကြသေးသည်။
အင်ဒိုနီးရှားနိုင်ငံ၏ နောက်ကြောင်း ရာဇဝင်ကို ရေးရလျှင် ၁၇ ရာစုမှ စတင်ရေးရမည် ဖြစ်သည်။ ဒတ်ချ် ကိုလိုနီ များ မရောက်သေးမီ ၁၇ ရာစုခန့်တွင် အင်ဒိုနီးရှားနိုင်ငံသည် အခြားနိုင်ငံများ၏ အစိတ်အပိုင်းများ အဖြစ်ပါဝင်နေသည်။ သိုသော် အင်ဒိုနီးရှားနိုင်ငံကို နယ်သာလန် နိုင်ငံက ဖွဲ့စည်းလိုက်ပြီး ၁၇ ရာစု မှသည် ဒုတိယ ကမ္ဘာစစ် အထိ ဖြစ်သည်။ ခေတ်သစ် အင်ဒိုနီးရှား ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တပ်များသည် ဒတ်ချ်တို့ထံမှ ရယူခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကို ထိန်းချုပ်လာခဲ့ကြသည်။ သို့သော် ဂျပန်တို့ စစ်ရှုံး၍ လက်နက်ချပြီးနောက်ပိုင်း တွင် ၁၇ ရက်နေ့၊ ဩဂုတ်လ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ထံမှ လွတ်လပ်ရေး ရခဲ့ကြသည်။ ပြန်လည်ထူထောင်းရေးများပြုလုပ်ပြီးနောက် အိုင်အာ စိုကာနိသည် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဗြိတိသျှတပ်များသည် ဂျပန်များ၏ ငါးဖမ်း အိမ် ၃၀၀ ၀၀၀ ခန့်တွင် အလုပ်လုပ်ကိုင်နေကြရသည်။ ထို့နောက် ဗြိတိသျှ တပ်များသည် ဂျပန်တို့အား ရှုံးနိမ့်သွားသော ဥရောပတိုက်သား စစ်သုံ့ပန်းများအာ ငြိမ်းချမ်းရေးနှင့် ကယ်ဆယ်ရေးများပြုလုပ်ရန်အတွက် ဝင်ရောက်လာခဲ့ကြသည်။ အင်္ဂလိပ်တပ်များ ဝင်ရောက်လာသောအခါ အင်ဒိုနီးရှားတို့ ကအင်္ဂလိပ်တပ်များသည် အင်ဒိုနီးရှားသို့ ဝင်ရောက်လာပြီး ဒတ်ချ်တို့ထံသို့ ပြန်လည်အပ်နှံမည် အထင်ဖြင့် ဗြိတိသျှတို့အား တိုက်ထုတ်ကြလေသည်။ အင်ဒိုနီးရှား သမ္မတစနစ် လိုလားသူများသည် မြောက်များစွာသော ဂျပန်တို့စစ်သုံ့ပန်းများအား ကယ်ဆယ်ရေးများ အပြုလုပ်မီအချိန် သတ်ဖြတ်ခဲ့ကြသည်။ သူတို့သည် သမ္မတ စနစ်သစ်အား ဆန့်ကျင်သည့် လူနည်းစုများကို စတင် သတ်ဖြတ်ကြသည်။ မြောက်များစွာသော ဥရောပတိုက်သားများ၊ အင်ဒို- ဥရောပ လူမျိုးစပ် များအား သတ်ဖြတ်ကြသည်။ မြောက်များစွာသော တရုတ် စီးပွားရေး သမားများ၊ အခြား လူနည်းစု လူမျိုးများအား သတ်ဖြတ်ခြင်း၊ အိမ်မဲ့ အိုးမဲ့ ပြုလုပ်ခြင်းများပြူလုပ်ခဲ့ကြသည်။ ဂျဗာကျွန်းတွင် လူအမြောက်အများမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရလေသည်။
နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်ဆင်ရန်]
၁၉၄၆ ခုနှစ်တွင် ဒတ်ချ်တို့ ပြန်လည်ရောက်ရှိလာပြန်သည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့ ထွက်သွားပြီးနောက် ဒတ်ချ် စစ်သား ၅၅၀၀၀ ခန့် ကျန်ရှိခဲ့သည်။ အင်ဒိုနီးရှား သမ္မတစနစ် လိုလားသူများသည် ဒတ်ချ်တို့အား ၂နှစ်ကြာအောင် တိုက်ထုတ်ပြန်သည်။ သို့သော် ၎င်းတို့အချင်းချင်း မကြာခဏ တိုက်ခိုက်နေခြင်း၊ ဖွဲ့စည်းမှု ညံ့ဖျင်းမှုများကြောင့် တိုက်ပွဲများမှာ ထင်သလောက် မထိရောက်ချေ။ အင်ဒိုနီး သမ္မတစနစ်လိုလားသူများနှင့် ဒတ်ချ်တို့ တိုက်ပွဲများ ဖြစ်ပွားကြပြီး ဒတ် စစ်ကြောင်း ၁၀၀၀၀၀ ခန့်ကို မောင်းထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ကုလသမ္မဂမှနေ၍ ကြားဝင် ဖြန်ဖြေပေးရန်အတွက် တိုက်ပွဲများ ရပ်တန့်ရန် ပြောဆိုလိုက်သည်။ သို့သော် ဒတ်ချ်တို့က မလိုက်နာချေ။ အမေရိကန် ပြည်ထောင်စုသည် ထိုနှစ်နိုင်ငံကြားတွင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ပေးခဲ့သည်။ နောက်ဆုံး၌ ဒတ်ချ်တို့က အင်ဒိုနီးရှားအား လွတ်လပ်ရေးပေးရန် ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် သဘောတူညီလိုက်သည်။ သို့သော် ၎င်းတိုက်ပွဲများနှင့် ဖွဲ့စည်းပုံ ညံ့ဖြင်မှုတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး၊ စီးပွားရေး ထူထောင် ရယူရန် နောက်ကျခဲ့ရသည်။ ၄၅၀၀၀၀ မှ ၁၀ သိန်းခန့် ရှိသည့် မြောက်များစွာသော အင်ဒိုနီးရှား စစ်သားများ ကျဆုံးခဲ့သည်။ ထို့အပြင် အပြစ်မဲ့ ပြည်သူများ မှာ သေကြေ ပျက်စီးရလေသည်။
ပြည်နယ်များ[ပြင်ဆင်ရန်]
ပထဝီနှင့် ရာသီဥတု[ပြင်ဆင်ရန်]
စီးပွါးရေး[ပြင်ဆင်ရန်]
လူဦးရေပျံနှင့် နေထိုင်မှု[ပြင်ဆင်ရန်]
အယူဘာသာများ[ပြင်ဆင်ရန်]
ယဉ်ကျေးမှု[ပြင်ဆင်ရန်]
အားကစား[ပြင်ဆင်ရန်]
ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]
Album[ပြင်ဆင်ရန်]
- Indonesia
-
National Museum of Indonesia in Central Jakarta
-
Wisma 46, Indonesia's tallest office building, located in the middle of Jakarta skyscraper.
-
A train at Gambir station in Central Jakarta
-
The Bung Karno Stadium is capable of hosting 100,000 spectators
-
A selection of Indonesian food, including Soto Ayam (chicken soup), sate kerang (shellfish kebabs), telor pindang (preserved eggs), perkedel (fritter), and es teh manis (sweet iced tea)
-
Mazda6 used by the Jakarta Metro Highway Patrol (Ditlantas Polda Metro Jaya) as a patrol car
-
Mitsubishi Lancer used by Vital Object Protection of Indonesian National Police
-
GE U20C in Indonesia, #CC201-05
ရည်ညှန်းချက်များ[ပြင်ဆင်ရန်]
ပြည်ပဆက်သွယ်ရေး[ပြင်ဆင်ရန်]
|
||||||||
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |