၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်

ဝီကီပီးဒီးယား မှ

၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်သည် ၀၀:၅၈: ၅၃ UTC (ယူတီစီ) ဒီဇင်ဘာ ၂၆၊ ၂၀၀၄ ခုနှစ်တွင် အင်ဒို နီရှားနိုင်ငံဆူမတြား ၏ အနောက်ဘက် ကမ်းရိုးတန်းမလှမ်းမကမ်းတွင်ငလျင်ဗဟိုချက်ပြု၍ဖြစ်ပွားခဲ့သော ပင်လယ် ရေအောက် ကြီးမားသောတွန်းကန်အားရှိသည့် ငလျင်လှုပ်ခြင်း ဖြစ်သည်။ ထိုငလျင်လှုပ် ခြင်းကို သိပ္ပံပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်း မှ ဆူမတြားအန်ဒမန်ငလျင်လှုပ်ခြင်းဟုသိကြသည်။ဤဆူနာမီ ပြီးဆုံးပြီးနောက် ၎င်းကို အမည်များစွာ ပေးခဲ့ကြပြီး ၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ဆူနာမီ၊ အာရှ ဆူနာမီ၊ အင်ဒိုနီးရှား ဆူနာမီ၊ ခရစ္စမတ်ပြီးနောက်နေ့ ဆူနာမီ နှင့်ရိုးရှင်းစွာဖြင့် ဆူနာမီ ဟူ၍ ခေါ်ဆိုကြသည်။

ဆူနာမီဖြစ်ပွားစေခဲ့သောအကြောင်းအရင်း[ပြင်ဆင်ရန်]

ငလျင်သည် တက်တိုးနစ်ပလိတ်ပြားတစ်ခုသည်နောက်ပလိတ်ပြားတစ်ခုအောက်သို့ နိမ့်ဝင်ခြင်း ကြောင့်ဖြစ်ပွား ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ကို နယ်နိမိတ်ခြားထားသည့် ကုန်းမြေဆိုင် အများစု၏ ကမ်းရိုးတန်းများတစ်လျှောက်တွင် အကြီးအကျယ်ဖျက်ဆီးသော ဆူနာမီများ အစဉ်လိုက် ဖြစ်ပွားစေခဲ့ပြီး နိုင်ငံ တစ်ဆယ့်လေးနိုင်ငံမှ လူဦးရေ ၂၃၀,၀၀၀ နီးပါးကို သေကျေပျက်စီးစေကာ ၁၅ မီတာ အထိ မြင့်သော (၅၀ ပေ) လှိုင်းလုံးကြီးများဖြင့် ကမ်းရိုး တမ်းရှိ လူထုကို ရေဖုံးလွှမ်းခဲ့သည်။၎င်းသည် မှတ်တမ်း ပြုထားသောရာဇဝင်များအရ အကြီးအကျယ် သေစေသော သဘာဝ ဘေးအန္တရာယ်များ တွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။ အင်ဒိုနီးရှားသည် အပြင်းထန် ဆုံးရိုက်ခတ်ခံရပြီး ၎င်းနောက်မှ သီရိလင်္ကာ၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံ တို့ဖြစ်ကြသည်။ ပမာဏ ၉.၁ နှင့် ၉.၃ အကြားရှိ ထိုငလျင်သည် ဒုတိယအကြီးဆုံး ငလျင်ဖြစ်သည်ဟု မြေငလျင်မှတ်စက် တွင် မှတ်တမ်း ပြုထားခြင်းခံရသည်။ မြင်တွေ ့ခဲ့ရသမျှတွင် ထိုငလျင်၌် ပြတ်ရွေ ့ကြောင်း ရွေ ့လျားမှု အရှည်ကြာဆုံး အချိန်ဖြစ်သည့် ၈.၃ နှင့် ၁၀ မိနစ် အကြားတွင် ရှိသည်။ ၎င်းသည် ဂြိုဟ်ကြီးတစ်ခုလုံးအား အများဆုံး ၁ စင်တီ မီတာ (၀.၄ လက်မ)တုန်ခါစေခဲ့ပြီး အလက်စကား ကဲ့သို့ အလွန်ဝေးကွာသောနေရာတွင်ပင် ငလျင်များကို ဖြစ်ပွားစေခဲ့သည်။ ထို ငလျင်ဒဏ်ခံရသည့် လူများနှင့် တိုင်းပြည်များတို့၏ အတိဒုက္ခသည် ပျံ နှံ့သော လူသားခြင်းဆိုင်ရာ အကူ အညီပေးတုံ့ပြန်မှုများကို ချက်ချင်းလက်ငင်း ဖြစ်စေခဲ့သည်။ အားလုံးအနေဖြင့် တစ်ကမ္ဘာလုံးရှိ လူများက လူ သားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် ဒေါ်လာ ၇ ဘီလီယံ ကျော်ကို (၂၀၀၄ အမေရိကန် ဒေါ်လာ များ) လှူဒါန်းခဲ့ကြသည်။

ပျက်စီးဆုံးရှုံးမှု နှင့် သေကြေဒဏ်ရာရသူများ[ပြင်ဆင်ရန်]

ဆူနာမီ ပြီး နောက်တွင်မြင်တွေ့ရသော ချင်းနိုင် မရီနာကမ်းခြေ


အမေရိကန် ဘူမိဗေဒလေ့လာဆန်းစစ်ချက် အရ စုစုပေါင်းလူဦးရေ ၂၂၇,၈၉၈ သေဆုံးခဲ့သည် (အသေးစိတ်အ တွက် အောက်ပါဇယားကိုကြည့်ပါ)။ အသက်ဆုံးရှုံးမှုများကို တိုင်းတာခြင်းအရ ၎င်းသည် ရာဇဝင်မှတ်တမ်း များ၏ အဆိုးရွားဆုံး ငလျင်လှုပ်ခြင်းများ ဆယ်ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းတွင် တစ်ခုတည်းသော အဆိုးရွားဆုံး ဆူနာမီဖြစ်သည်။ အထူးသဖြင့် အာခီ တွင် အင်ဒိုနီးရှားသည် မယှဉ်သာအောင် အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် နယ်မြေဖြစ်သည်။ ဆူနာမီသည် အာဖရိက အရှေ့ဘက် ကမ်းရိုးတန်းအထိ ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနှင့် သေဆုံးမှုများကို ဖြစ်စေခဲ့ပြီး အဝေးဆုံး နေရာအဖြစ် ငလျင်ဗဟိုချက်မှ ၈,၀၀၀ ကီလိုမီတာ (၄,၉၇၁ မိုင်) ကွာဝေးသော တောင် အာဖရိကရှိ ရူအီအယ်(စ်) တွင် သေဆုံးမှုများရှိခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။ ပုံမှန်မဟုတ်သော မြင့်မား သည့် ပင်လယ်ရေမျက်နှာပြင်များနှင့် လှိုင်းလုံးများကြောင့် စုစုပေါင်း တောင်အာဖရိကတွင် လူ ရှစ်ဦး သေဆုံးခဲ့ သည်။

သေဆုံးသူများ၏ သုံးပုံတစ်ပုံသည် ကလေးများဖြစ်သည်ဟု ကယ်ဆယ်ရေးအေဂျင်စီများမှ အစီရင်ခံကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ငလျင်ဒဏ်ခံရသည့် နေရာအတော်များများ၏ လူဦးရေတွင် ကလေးအချိုးအစားမှာ မြင့်မား ခြင်းကြောင့်ဖြစ်ပြီး ကလေးများသည် တစ်ရှိန်ထိုးတက်လာသောရေများကို ခုခံကာကွယ်ရန်အတွက် စွမ်းဆောင် နိုင်မှု အနည်းဆုံးရှိခြင်းကြောင့်ဖြစ်သည်။ အောက်(ဇ်)ဖန်း (Oxfam) မှ ဆက်လက်တင်ပြသည်မှာ အချို ့သော နယ်မြေများတွင်သေဆုံးခဲ့သည့် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် လေးဆပိုမိုခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အမျိုးသမီးများသည် ကမ်းခြေတွင် ငါးဖမ်းသမားများ ပြန်အလာကို စောင့်နေကြခြင်း ဖြစ်ပြီး အချို ့မှာ အိမ်များတွင် သူတို့၏ ကလေးများကို ကြည့်ရှုစောင့်ရှောက်နေကြ၍ ဖြစ်သည်။ အရေအတွက်များစွာရှိသည့် ဒေသခံနေထိုင်သူများအပြင် အမြင့်ဆုံး အားလပ်ရက်ခရီးသွားလာခြင်းရာသီကို ဆင်နွှဲနေကြသည့် ၉,၀၀၀ အထိရှိသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် (အများအားဖြင့် ဥရောပ တိုက်သားများ) သေဆုံးသူများ သို့မဟုတ် ပျောက်ဆုံးသူများအထဲတွင် ပါဝင်ကြပြီး အထူးသဖြင့် စကင်ဒီနေ ဗီးယား နိုင်ငံများ မှလူများဖြစ်ကြသည်။ အပြင်းထန်ဆုံးထိခိုက်သည့် ဥရောပနိုင်ငံသည် ဆွီဒင်နိုင်ငံ ဖြစ်နိုင်ပြီး သေဆုံးသူဦးရေမှာ ၅၄၃ ဦးဖြစ်သည်။

နိုင်ငံအလိုက်အရေးပေါ်ကြေညာခဲ့ပုံ[ပြင်ဆင်ရန်]

သီရိလင်္ကာ၊ အင်ဒိုနီးရှား နှင့် မော်ဒိုက်(ဖ်) နိုင်ငံများတွင် အရေးပေါ်အခြေအနေကို ကြေညာခဲ့ရသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ (ယခုထက်ထိတိုင်အောင် ဆောင်ရွက်နေဆဲဖြစ်သည်) သည် လူ့သမိုင်းတွင် ကုန်ကျ စရိတ် အကြီးမားဆုံးဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂ မှ အစဦး တွင်ခန့်မှန်းခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသည် ငါးနှစ် နှင့် ဆယ်နှစ်အကြား အချိန် ကြာကောင်း ကြာနိုင်မည်ဟု ဖော်ပြခဲ့သည်။ အစိုးရများ နှင့် အစိုးရမဟုတ်သော အဖွဲ ့အစည်းများ သည် ရောဂါများ ၏ အကျိုးဆက်ကြောင့် နောက်ဆုံး သေဆုံးသူဦးရေမှာ နှစ်ဆ ဖြစ်လာနိုင်သည်ကို စိုးရိမ်ကြပြီး ပမာဏကြီးမား သော လူသားချင်းဆိုင်ရာ စာနာထောက်ထားသည့် အကူအညီတုံ့ပြန်မှုများကို အလျင်အမြန် ဆောင်ရွက်ကြ သည်။ ဒေသတွင်းဖြစ်ရပ်များ၏ အချိနှှ်ဇယားများကို ထူထောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ထိခိုက်မှုရှိသည့် နယ်မြေဒေသများ၏တူညီသော ဒေသစံတော်ချိန် အကန့်များမှာ- ယူတီစီ +၃:(ကင်ညာ၊ မာဒါဂစကား၊ ဆိုမာလီယာ၊ တန်ဇန်းနီးယား)၊ ယူတီစီ +၄: (မာယူရီတီးယပ်(စ်)၊ ရီယူနီယံ၊ ဆေးချီလက်(စ်))၊ ယူတီစီ +၅: (မော်ဒိုက်(ဖ်))၊ ယူတီစီ +၅: ၃၀: (အိန္ဒိယ၊ သီရိလင်္ကာ)၊ ယူတီစီ +၆: (ဘင်္ဂလားဒေရှ် ့)၊ ယူတီစီ +၆: ၃၀: (ကိုကိုးကျွန်း၊ မြန်မာ)၊ ယူတီစီ +၇: (အင်ဒိုနီးရှား (အနောက်ပိုင်း)၊ ထိုင်း)၊ ယူတီစီ +၇: (မလေးရှား၊ စင်ကာပူ)။ ငလျင်လှုပ်ခြင်းသည် ၀၀: ၅၈: ၅၃ ယူတီစီ တွင် ဖြစ်ပွားခဲ့သောကြောင့် ငလျင်လှုပ်သည့် ဒေသဆိုင်ရာ စံတော် ချိန်ကို ရှာဖွေရန် အထက်တွင် ဖော်ပြထားသော ကွာဟချက်များကို ပေါင်းထည့်ပါ။

သေဆုံးခြင်းများဖြစ်ပွားခဲ့သည့် နိုင်ငံ သေဆုံးခြင်းများ ထိခိုက်ဒဏ်ရာရသူ ပျောက်ဆုံးသူ အိုမဲ့အိမ်မဲ့ဖြစ်သူ
အတည်ပြုပြီး ခန့်မှန်းခြေ
အင်ဒိုနီးရှား Example Example Example Example Example
သီရိလင်္ကာ2 ၁၃၀၇၃၆ ၁၆၇၇၃၆ - ၃၅၀၆၃[56] ၅၀၀၀၀၀+[57]
အိန္ဒိယ ၁၂၄၀၅ ၁၈၀၄၅ - ၅၆၄၀ ၆၄၇၅၉၉
ထိုင်း ၅၃၉၅3[59] ၈၂၁၂ ၈၄၅၇[60] ၂၈၁၇[59] ၇၀၀၀
ဆိုမာလီယာ ၇၈ ၂၈၉]61ဟ - - ၅၀၀၀[62]
မြန်မာ (ဗမာ) ၆၁[56] ၄၀၀-၆၀၀[63] ၄၅ ၂၀၀[64] ၃၂၀၀
မော်ဒိုက်(ဖ်) ၈၂[65] ၁၀၈[66] - ၂၆ ၁၅၀၀၀+
မလေးရှား ၆၈[67] ၇၅ ၂၉၉[68] -
တန်ဇန်နီးယား ၁၀[69] ၁၃ - - -
ဆေးချီလက်(စ်) [70] ၅၇[70] - ၂၀၀[71]
ဘင်္ဂလားဒေ့ရှ့် - - -
တောင်အာဖရိက 4[72] - - -
ယီမင် [73] - - -
ကင်ညာ - -
မာဒါစကား - - - - ၁၀၀၀+[74]
စုစုပေါင်း ~၁၈၄၁၆၇ ~၂၃၀၂၁၀ ~၁၂၅၀၀၀ ~၄၅၇၅၂ ~၁.၆၉သန်း

မှတ်ချက်- ကိန်းဂဏန်းများအားလုံးသည် ခန်မှန်းခြေဖြစ်ပြီး ပြောင်းလဲမှုရှိနိုင်သည်။ ပထမ ကော်လံသည် သတ်သတ်မှတ်မှတ်ဖြစ်သော နိုင်ငံများ၏ ပို၍တိကျသော အသေးစိတ်များနှင့် ဆက်စပ်မှုရှိသည်။

  1. 1 သတင်းပို့ထားသည်များကို `အတည်ပြုပြီး´ အောက်တွင်ထည့်သွင်းပါ။ အကယ်၍ သီးခြားခန့်မှန်းချက်များ မရပါက ဤကော်လံရှိ အရေအတွက်သည် `အတည်ပြုပြီး´ အောက်တွင် သတင်းပို့ထားသည်နှင့် အတူတူပင် ဖြစ်သည်။
  2. 2 တမီး(လ်) ကျား (Tamil Tiger) အာဏာပိုင်တို့မှ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေတို့တွင် ပျောက်ဆုံးသည်ဟု ကနဦးတွင် ကြေညာထားသည့် ခန့်မှန်းခြေ လူဦးရေ ၁၉,၀၀၀ ကို ထည့်သွင်းထားခြင်းမရှိပါ။
  3. 3 အချက်အလက်များတွင် အနည်းဆုံး နိုင်ငံခြားသား ၂,၄၆၄ ဦး ပါဝင်သည်။
  4. 4 တောင်အာဖရိက ပြင်ပတွင် သေဆုံးခဲ့သော တောင်အာဖရိကနိုင်ငံသားများကို ပါဝင်ထည့်သွင်းထားခြင်းမရှိပါ (ဥပမာ- ထိုင်းနိုင်ငံရှိ ခရီသွားဧည့်သည်များ)။ ထိုသေဆုံးမှုများနှင့် ပတ်သက်သော နောက်ထပ်သတင်းအချက် အလက်များအတွက် ဤအရာကို ကြည့်ပါ။

ထိခိုက်မှုရှိသော နိုင်ငံများ[ပြင်ဆင်ရန်]

၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်ကြောင့် အများဆုံးထိခိုက်မှုရှိသည့် နိုင်ငံများ

၂၀၀၄ အိန္ဒိယသမုဒ္ဒရာ ငလျင်ကြောင့် အများဆုံးထိခိုက်မှုရှိသည့် နိုင်ငံများ

ငလျင်လှုပ်ခြင်းနှင့် အကျိုးဆက်အားဖြင့် ဖြစ်ပေါ်သော ဆူနာမီသည် အရှေ ့တောင်အာရှရှိနိုင်ငံများနှင့် ထို့ထက် ကျော်လွန်သည့် နိုင်ငံများတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည်။ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ မော် ဒိုက် (ဖ်))၊ ဆိုမာလီယာ၊ မြန်မာ၊ မလေးရှား၊ ဆေးချီလက်(စ်)) နှင့် အခြားနိုင်ငံတို့ ပါဝင်သည်။ အခြားနိုင်ငံ များ အထူးသဖြင့် ဩစတြေးလျ နှင့် ဥရောပ ရှိနိုင်ငံများမှ နိုင်ငံသား အရေအတွက်များစွာသည် ထို နယ်မြေ အတွင်း၌ အားလပ်ရက်များတွင် ခရီးသွားနေကြခြင်းဖြစ်သည်။ ဆွီဒင် နှင့် ဂျာမနီ နှစ်နိုင်ငံစလုံးသည် ထိုဘေး ဒုက္ခ၌ နိုင်ငံသား ၅၀၀ ဦးစီထက်ကျော်လွန်၍ ဆုံးရှုံးခဲ့သည်။

လူသားချင်းစာနာမှု၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများ[ပြင်ဆင်ရန်]

ပျံ့ နှံ့နေသော အခြေခံအဆောက်အအုံ ပျက်စီးမှုများ၊ အစာနှင့် ရေ ရှားပါးမှုများနှင့် စီးပွားရေးပျက်စီးဆုံးရှုံးမှုများ ကြောင့် လူသားချင်းစာနာထောက်ထားသည့်အကူအညီများစွာ လိုအပ်သည်။ ထိခိုက်ခြင်းခံရသော ဒေသများ၏ မြင့်မားသော လူဦးရေထူထပ်မှု နှင့် အပူပိုင်းဒေသရာသီဥတု တို့ကြောင့် ကူးစက်ရောဂါ ဖြစ်ပွားမှု သည် အထူး စိုးရိမ်စရာဖြစ်သည်။ အစိုးရနှင့် လူသားချင်းစာနာထောက်ထားသည့် အေဂျင်စီများ၏ အဓိကစိတ်ဝင်စားမှုမှာ ကာလ ဝမ်းရောဂါ၊ ကြက်ညှာဆုံဆို့ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ နှင့် အသည်းရောင် အသားဝါ အေ နှင့် ဘီကဲ့သို့သော ရောဂါများ ပျံ့ နှံ့ခြင်းကို ထိန်းချုပ်ရန် မိလ္လာရေဆိုးထုတ်စနစ်အတွက် လိုအပ် သည့် အထောက်အပံ့ပစ္စည်း အဆောက်အအုံများနှင့် သောက်သုံးရေသန့်ကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။

ရောဂါနှင့် ငတ်မွတ်ခြင်းများပျံ ့နှံ့လာသည်နှင့်အမျှ သေဆုံးသူဦးရေလည်း တိုးလာနိုင်သည့်အတွက် ၎င်းနှင့်ပတ် သက်ပြီး အကြီးအကျယ် စိုးရိမ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ အစဦးလျင်မြန်စွာ တုံ့ပြန်မှုများကြောင့် ဤအရာကို လျော့ချနိုင်ခဲ့သည်။ ဆူနာမီ ဖြစ်ပေါ်ပြီး နောက်ပိုင်းရက်များတွင် ရောဂါများကို ကြောက်ရွံ့သည့်အတွက်လူသေအလောင်းများကိုသိသိသာသာကြီးကြိုးစားအားထုတ်၍ လျင်မြန်စွာ မြုှပ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ပြည်သူ့ကျန်းမာရေး အန္တရာယ်များကို ချဲ ့ကားပြောဆိုခြင်းများ ရှိကောင်းရှိနိုင်သည်။ သို့ဖြစ်ပါ၍ ဤအရာသည် ငွေ၊ လူအင်အား အရင်းအမြစ်တို့ကို ခွဲဝေသတ်မှတ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ချင်မှဖြစ်နိုင်မည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် သည် ဆူနာမီဒဏ်ခံခဲ့ရသော လူဦးရေ ၁.၃ သန်းကျော်ကို စားနပ်ရိက္ခာ အကူအညီများ ပ့ံပိုး ပေးခဲ့သည်။ ပျက်စီးသွားသော နယ်မြေဒေသများအတွက် ကမ္ဘာပေါ်ရှိ နိုင်ငံများမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ကျော်ကို အကူအညီပေးသည်။

နိုင်ငံအသီးသီးမှလှူဒါန်းမှုများ[ပြင်ဆင်ရန်]

ဩစတြေးလျ အစိုးရမှ အမေရိကန်ဒေါ်လာ ၈၁၉.၉ သန်း ကတိပေးသည် (အင်ဒိုနီးရှား အတွက် အမေရိကန်ဒေါ်လာ ရ၆၀.၆ သန်း အကူအညီ အတွဲလိုက် အပါအဝင်)၊ ဂျာမနီ အစိုးရမှ အမေရိကန် ဒေါ်လာ ၆၆၀ သန်း ကမ်းလှမ်းသည်၊ ဂျပန် အစိုးရမှ အမေရိကန်ဒေါ်လာ ၅၀၀ သန်း ပေးသည်၊ ကနေဒါ အစိုးရ မှ အမေရိကန်ဒေါ်လာ ၃၄၃ သန်း ပေးသည်၊ နော်ဝေ နှင့် နယ်သာလန် နှစ်နိုင်ငံပေါင်းမှ အမေရိကန် ဒေါ်လာ ၁၈၃ သန်း ပေးသည်၊ အမေရိကန်ပြည်ထောင်စု မှ အစပိုင်းတွင် အမေရိကန်ဒေါ်လာ ၃၅ သန်း ပေးသည် (အမေရိကန်ဒေါ်လာ ၃၅၀ သန်း သို့တိုးပေးခဲ့သည်) နှင့် ကမ္ဘာ့ဘဏ် မှ အမေရိကန်ဒေါ်လာ ၂၅၀ သန်း ပေးသည်။

အီတလီမှလည်း အမေရိကန်ဒေါ်လာ ၉၅ သန်း ပေးခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်း သို့ တိုးပေးခဲ့ပြီး ၎င်းအနက်မှ အမေရိကန်ဒေါ်လာ ၄၂ သန်း သည် SMS (အက်စ်အမ်အက်စ်) စနစ်ကို အသုံးပြုသော လူများမှ လှူဒါန်း ခြင်းဖြစ်သည်။USAID (ယူအက်စ်အိဒ်) အရ ဆူနာမီ သား ကောင်များ သူတို့၏ဘဝကို ပြန်လည်တည်ဆောက်ရာတွင် ကူညီရန် အမေရိကန်ပြည်ထောင်စု၏ ရေရှည် အထောက်အပံ့အတွက် အမေရိကန်ပြည်ထောင်စုမှ အပိုရန်ပုံငွေများ ကိုထည့်ဝင်ရန် ကတိပေးခဲ့ကြောင်း သိရ သည်။ ဖေဖော်ဝါရီ ၉၊ ၂၀၀၅ ခုနှစ်တွင် သမ္မတ ဘွတ်(ရှ်) မှ အမေရိကန်ပြည်ထောင်စု၏ ကတိပေးထားခြင်း ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၅၀ သန်း သို့တိုးမြှင့်ရန် ဥပဒေပြုလွှတ်တော်အား တောင်းခံသည်။ တရား ဝင်ခန့်မှန်းချက်များအရ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ လိုအပ်လိမ့်မည်။ ဆူနာမီ သားကောင်များကို ပုဂ္ဂလိက အကူအညီများပေးရန် အမေရိကန်၏ ကြိုးစားအားထုတ်မှု တစ်ခုကို ဦးဆောင်ရန် အတွက် ဘွတ်(ရှ်) မှ သူ၏ ဖခင် သမ္မတဟောင်း ဂျော့(ခ်) အိပ်(ခ်ျ) ဒဗလျူ ဘွတ်(ရှ်) နှင့် သမ္မတဟောင်း ဘီ(လ်) ကလင်တန် တို့အား မေတ္တာရပ်ခံခဲ့သည်။

မတ်လ အလယ်တွင် အာရှ ဖွံ ့ဖြိုးတိုးတက်မှုဘဏ် ၏ အစီရင်ခံစာအရ အစိုးရများ ကတိပြုထားသည့် အကူအ ညီများတွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော်သည့် အစီအစဉ်များထက် နောက်ကျ ကျန်ရစ်နေကြောင်း သိရသည်။ နိုင်ငံခြားမှ တစ်ဦးချင်းစီသည် စေတနာကောင်းကြသော်လည်း သူတို့အနေဖြင့် နိုင်ငံခြားအစိုးရ အ ကူအညီကို မရရှိကြောင်း သီရိလင်္ကာ မှ တင်ပြသည်။[86] ချို ့ငဲ့သူများကို ကူညီသော အသင်းအဖွဲ ့များမှာ ပြည် သူတို့ထံမှ အလှူငွေများစွာရရှိသည်။ ဥပမာ ဗြိတိသျှ နိုင်ငံတွင် ပြည်သူလူထုမှ အကြမ်းအားဖြင့် စတာလင် ပေါင် ၃၃၀,၀၀၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀,၀၀၀ နီးပါး) လှူဒါန်းကြသည်။ ထိုအရာသည် အစိုးရမှ လှူဒါန်းသည်ထက် သိသာထင်ရှားစွာ သာလွန်ပြီး နိုင်ငံသားတစ်ယောက်လျှင် ပျမ်းမျှအားဖြင့် စတာလင် ပေါင် ၅.၅၀ (အမေရိကန်ဒေါ်လာ ၁၀ ) လှူဒါန်းသကဲ့သို့ ဖြစ်သည်။

၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဆူနာမီပြီးနောက် သီရိလင်္ကာ အရှေ ့ မြောက်ဘက်တွင် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသော ဒေသခံ အကူအညီပေးရေးဝန်ထမ်း ဆယ့်ငါးယောက်သည် အပြင်း အထန် တိုက်ပွဲဖြစ်ပွားပြီးနောက် အသတ်ခံခဲ့ရသည်ဟု နိုင်ငံတွင်းရှိ အကူအညီပေးရေးအေဂျင်စီများ၏ အဓိက ပေါင်းစည်းထားသည့်အဖွဲ့ မှ ဆိုသည်။ ဒေသခံအကူအညီပေးရေးဝန်ထမ်းများ အသတ်ခံရခြင်းနှင့် ပတ်သက် သည့် အစီရင်ခံစာများ နှင့် ကောလဟလများရှိခဲ့သည်။

စီးပွားရေး ရိုက်ခတ်မှု[ပြင်ဆင်ရန်]

ကမ်းရိုးတန်းဒေသ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် လူမှုအဖွဲ ့အစည်း ကို ရိုက်ခတ်မှုမှာ၊ ဒေသအတွင်းရှိ အဆင်း ရဲဆုံး လူအချို ့၊ ဝင်ငွေရှာဖွေပေးသူများစွာ ဆုံးရှုံးပြီး လှေများနှင့် ငါးဖမ်းပစ္စည်းအသုံးအဆောင်များပါ ပျက်စီး ဆုံးရှုံးခဲ့သည်။ သီရိလင်္ကာတွင် ငါးဖမ်း ခြင်းတောင်းများ၊ မြံှုးများနှင့် မှိန်းများ အသုံးများသည့် ရိုးရာ ငါးဖမ်း လုပ်ငန်းသည် ဒေသတွင်း ဈေးကွက်များအတွက် အရေးပါသော ငါးအရင်းအမြစ်ဖြစ်ပြီး၊ စက်မှုအတတ်ပညာ ဖြင့် ငါးလုပ်ငန်းသည် အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီ လူဦးရေ ၂၅၀,၀၀၀ ခန့်ကို တိုက်ရိုက် အလုပ်များပေး ထားသည်။ မကြာသေးမီ နှစ်များအတွင်းက ငါးလုပ်ငန်းသည် ပြည်ပပို့ကုန် အခန်းကဏ္ဍအဖြစ် အင်တိုက်အား တိုက် ပေါ်ထွက်လာပြီး ပမာဏကြီးမားသော နိုင်ငံခြားငွေ ရှာဖွေခြင်းများကို ဖြစ်ပေါ်စေသည်။

ငါးဖမ်းရေယာဉ် စု၏ ၆၆ ရာခိုင်နှုန်း နှင့် ကမ်းရိုးတန်းဒေသများရှိ စက်မှုလုပ်ငန်းနှင့် ဆိုင်သော အခြေခံအဆောက်အအုံ များ သည် တစ်ရှိန်ထိုးတက်လာသော လှိုင်းများကြောင့် ပျက်စီးခဲ့ကြောင်းကို အကြိုခန့်မှန်းတွက်ချက်ခြင်းများမှ ဖော်ပြကြပြီး ၎င်း သည် ဒေသတွင်းနှင့် နိုင်ငံတော်အဆင့် နှစ်ခုစလုံးတွင် ဆိုးရွားသော စီးပွားရေး အကျိုးသက် ရောက်မှုများ ရှိလိမ့်မည်။ ဆူနာမီသည် တမီး(လ်) နဒူ ၏ လှေဝင်းများတွင် ဖန်မျှင်ထည်ဖြင့် အားဖြည့်ပြုလုပ်ထားသော ပလတ်စတစ် နှစ်စင်းတွဲ ရွက်လှေများကို အသုံးပြုရန် တောင်းဆိုခြင်းအား ဖန်တီးခဲ့သည်။

သို့သော် ထိခိုက်ခံရသည့် တိုင်းပြည်၏ စီးပွားရေးများကို ပျက်စီးဆုံးရှုံးစေခြင်းသည် အသေးအဖွဲမျှသာ ဖြစ်လိမ့် မည်ဟု အချို ့သော စီးပွားရေးပညာရှင်များက ယုံကြည်ကြသည် အဘယ့်ကြောင့်ဆိုသော် ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် ဆုံးရှုံးမှုများသည် GDP (ဂျီဒီပီ) ၏ အလွန်သေးငယ်သော ရာခိုင်နှုန်းသာ ဖြစ်၍ ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းသည် ပို၍အရေးပါသော အချက်ဖြစ်သည်ဟု အချို ့ကသတိပေးကြသည်။ အချို ့နေရာများတွင် သောက်သုံးရေ ထောက်ပံ့ခြင်းများနှင့် စိုက်ပျိုးမွေးမြူရေး ခြံ များ လယ်ကွင်းများသည် သမုဒ္ဒရာမှ ဆားငန်ရေများကြောင့် နှစ်ပေါင်းများစွာကြာအောင် ညစ်ညမ်းစေနိုင်သည်။

ငလျင် နှင့် ဆူနာမီ နှစ်မျိုးစလုံးသည် ပင်လယ်ကြမ်းပြင်အောက် အနက်ကိုပြောင်းလဲခြင်းနှင့်ရေကြောင်းပြဗော်ယာများနှင့်သင်္ဘောအအိုအဟောင်းအပျက်များကိုအနှောင့်အယှက်ပေးခြင်း ဖြင့် မက်လက်ကာ ရေလက် ကြား တွင် သင်္ဘောများ သွားလာခြင်းကို ထိခိုက်စေခဲ့သည်။ ရေကြောင်းပြ မြေပုံအသစ်များကို ပြုစုခြင်းသည် လများစွာ သို့မဟုတ် နှစ်များစွာ ကြာလိမ့်မည်။ ခရီးသွား အခြေခံအဆောက်အအုံအများစုမှာ ဖျက်ဆီးခြင်းမခံရကြောင်း ညွှန်းဆိုပြခြင်းဖြင့် ဒေသတွင်းရှိ နိုင်ငံ များသည် နိုင်ငံခြားခရီးသွားများအား ပြန်၍ အလည်အပတ်ပြုကြရန် တောင်းပန်ကြသည်။ မည်သို့ပင် ဖြစ်စေ နိုင်ငံခြား ခရီးသွားများသည် စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များဖြင့် ၎င်းအရာကို ပြုလုပ်ရန် နှောင့်နှေးကြ သည်။ ထိုင်းနိုင်ငံပစိဖိတ်ကမ်းရိုးတမ်းရှိလုံးမထိမခိုက်ဘဲကျန်ရစ်သော အပန်းဖြေစခန်းများေ သော်မှ အစီအစဉ် ဖျက်သိမ်းခြင်းတို့ကို ပြုခြင်းခံရသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများ[ပြင်ဆင်ရန်]

ဖူးခက် မြောက်ပိုင်းရှိ ခေါင်လက်(ခ်) ကို ဆူနာမီ ရေလွှမ်းမိုးနေပုံ၊
ထိုင်း ASTER ( အေအက်စ်တီအီးအာ) ပုံရိပ်များနှင့် SRTM ( အက်စ်အာတီအမ်) မြေမြင့်

ပုံစံလူအသက်ပေါင်းများစွာ သေဆုံးခြင်းသာမက၊ အိန္ဒိယသမုဒ္ဒရာ ငလျင်သည် ဒေသကို နှစ်ပေါင်းများစွာ ထိခိုက် ခြင်း ဖြစ်ပေါ်လာမည့် အလွန်ကြီးမားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများ ဖြစ်စေခဲ့သည်။ လမုပင် များ၊ သန္တာကျောက်တန်းများ၊ သစ်တောများ၊ ကမ်းရိုးတန်းဒေသ စိမ့်မြေအရပ်များ၊ သဘာဝပေါက်ပင်များ၊ သဲ တောင်ပူစာများ နှင့် ကျောက်သား ဖြစ်ပေါ်မှုများ၊ တိရစ္ဆာန်များ နှင့် အပင် ဇီဝမျိုးကွဲများ နှင့် မြေအောက်ရေ ကဲ့ သို့သော ဂေဟစနစ်များအပေါ်တွင် ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ထို့အပြင် အခဲ နှင့် အရည် စွန့်ပစ်ပစ္စည်းများ နှင့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများ ပျံ ့နှံ့ခြင်း၊ ရေထုညစ်ညမ်းခြင်း နှင့် ရေဆိုး စုဆောင်းသည့်အရာများနှင့် သန့်စင်စက်ရုံများ ဖျက်ဆီးခံရခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ဖော်မပြနိုင် လောက်အောင် များပြားသော နည်းလမ်းများဖြင့် ထပ်မံ၍ ခြ ိမ်းခြောက်သည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများကို အကဲဖြတ်ရန်အတွက် ရှည်ကြာသော အချိန်တစ်ခုနှင့် အရေးပါသော အရင်းအမြစ်များ လို အပ်လိမ့်မည်။

အထူးကျွမ်းကျင်သူများ၏ အဆိုအရ အဓိကကျသော သက်ရောက်မှုသည် ရေချို အထောက်အပံ့ပေးခြင်းကို အဆိပ်အတောက်ဖြစ်စေခြင်း နှင့် မြေကြီးအတွင်းသို့ ဆားငန်ရေ ဝင်ရောက်ခြင်း နှင့် စိုက်ပျိုးနိုင်သောမြေ အ ပေါ်တွင် ဆားအလွှာတစ်ခု အနည်ကျခြင်းတို့ကြောင့် ဖြစ်ပွားရကြောင်း သိရသည်။ မော်ဒိုက်(ဖ်) တွင် ရှိသော အလယ်တွင် ရေအိုင်ရှိသည့် သန္တာကျောက်တန်း ၁၆ မှ ၁၇ ခုသည် ပင်လယ်လှိုင်းလုံးများဖြင့် လွှမ်းမိုးခြင်း ခံရ ကာ ရေချိုလုံးဝမရှိတော့ဘဲ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် နေထိုင်ရန် သင့်လျော်တော့မည်မဟုတ်ကြောင်း အစီရင်ခံသည်။ လူထုကို အကျိုးပြုနေသော မရေတွက်နိုင်သော ရေတွင်းများသည် ပင်လယ်ရေ၊ သဲနှင့် မြေကြီး တို့၏ ကျူးကျော်ဝင်ရောက်ခြင်းကို ခံရပြီး ရေအောင်းလွှာများသည် အပေါက်ငယ်များပါသော ကျောက်များမှ တဆင့် ကျူးကျော်ဝင်ရောက်ခြင်း ခံရသည်။ ဆားများနေသောမြေကြီးသည် သီးနှံမဖြစ်ထွန်းနိုင်တော့ဘဲ ၎င်း ကို စိုက်ပျိုးရေး အတွက် ပြန်လည်ဖော်ထုတ်ရန် ခက်ခဲပြီး ငွေကုန်ကြေးကျများလိမ့်မည်။ ၎င်းသည် အပင်များ နှင့် အလွန်သေးငယ်သော မြေကြီးဇီဝသက်ရှိများ သေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေသည်။

သီရိလင်္ကာတွင် ထောင်ပေါင်းများစွာသော ဆန်စပါး၊ သရက်နှင့် ငှက်ပျောသီး စိုက်ပျိုးခြင်းများ အားလုံးနီးပါးမျှ ဖျက်ဆီး ခြင်းခံရ ပြီး ပြန်လည် နာလန်ထူလာစေရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။ (UNEP) ကုလသမဂ္ဂ သဘာဝ ပတ်ဝန်း ကျင် အစီအစဉ် သည် ဂေဟစနစ် ရိုက်ခတ်မှု ပြင်းထန်ခြင်းကို ဆုံးဖြတ်ရန်နှင့် ၎င်းကိုမည်သို့ ရင်ဆိုင်ရန် အတွက် ဒေသအတွင်းရှိ အစိုးရများနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ကြသည်။[93] UNEP သည် ဆူနာမီ ဒဏ်ခံရသော တိုင်းပြည်များမှ နည်းပညာဆိုင်ရာအကူအညီများကို တောင်းခံခြင်းအား တုံ့ပြန်ရန်အတွက် အထူး လုပ်ငန်းအဖွဲ ့တစ်ခုကို ထူထောင်ရန် အရေးပေါ်ရန်ပုံငွေ အဖြစ် အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ကို ကြိုတင် လျာထားရန် ဆုံးဖြတ်ခဲ့ကြသည်။[94] မော်ဒိုက်(ဖ်) အစိုးရ ၏ တောင်းခံခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဩစတြေး လျ အစိုးရသည် မော်ဒိုက်(ဖ်) ခရီးသွားလုပ်ငန်း၏ အသက်သွေးကြော ဖြစ်သော အဏ္ဏဝါ သဘာဝ ပတ်ဝန်း ကျင်နှင့် သန္တာကျောက်တန်းများ ကို ယခင်အခြေအနေအတိုင်း ပြန်ဖြစ်ရန် ကူညီပေးမည့် ဂေဟစနစ် အထူး ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။ ဂေဟစနစ် နှင့်ဆိုင်သော ကျွမ်းကျင်သူအများစုမှာ ဩစတြေးလျ အရှေ ့ မြောက်ဘက် ရေပြင်ရှိ (Great Barrier Reef) ဂရိတ်ဘာရီယာရိ(ဖ်)ခေါ် ဂရိတ်ဘာရီယာ သန္တာ ကျောက်တန်း တွင် အလုပ်လုပ်ကိုင်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]