ဆူနာမီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထိုင်းနိုင်ငံတွင် 2004 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်၌ ဆူနာမီမုန်တိုင်း တိုက်ခတ်ခဲ့ခြင်း

ဆူနာမီ (tsunami) (ဂျပန်ဘာသာစကားဖြင့်-津波 [tsɯnami] ၊စာ စကားဖြင့် `ဆိပ်ကမ်း ပင်လယ်ရေလှိုင်း´ အင်္ဂလိပ်အသံထွက်ဖြင့် -/suːˈnɑːmi/ သို့မဟုတ် /tsuːˈnɑːmi/) သို့မဟုတ် ပင်လယ် ဒီရေလှိုင်း သည် သမုဒ္ဒရာတစ်ခု သို့မဟုတ် ကြီးမားသော ရေအိုင်တစ်ခု ကဲ့သို့သော ထုထည်ကြီးမားသည့် ရေအစုအဝေး ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော ရေလှိုင်းအတွဲ (ဆူနာမီ ရေလှိုင်းမီးရထားတွဲဟုလည်းခေါ် ဆိုသည်) ဖြစ်သည်။ ဆူနာမီမုန်တိုင်းကြီးများသည် ဂျပန်နိုင်ငံတွင် မကြာခဏကျရောက်တိုက်ခတ်ခဲ့ကာ အရေအတွက် မှာ အကြိမ်ပေါင်း 195 ကြိမ်ဖြစ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိကြရသည်။ ရေထုထည် ပမာဏ အင်အားများစွာ ပါဝင်မှုကြောင့် အဆိုပါဆူနာမီ မုန်တိုင်းကြီးသည် ကမ်းခြေနေရာများကို ဖျက်ဆီးပစ်နိုင်ပြီး၊ ပျက်စီးဆုံးရှုံးမှု မှာလည်း များပြားနိုင်ပေသည်။ သေဆုံးမှုသည် မြင့်မားနိုင်သည်။ အဘယ်ကြောင့် ဆိုသော် လှိုင်းလုံးကြီးများသည် လူသားများပြေးလွှားနိုင်ခြင်း ထက် ပို၍ မြန်ဆန်သော ကြောင့် ဖြစ်သည်။

မြေငလျင်လှုပ်ခြင်းမီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းနှင့် အခြားသော ရေအောက်ပေါက်ကွဲမှုများဖြစ်ခြင်း၊ (ပင်လယ်ပြင်တွင် နျူကလီယား ကျယ်လောင်စွာမြည်ဟီးပေါက်ကွဲသကဲ့သို့ ဖြစ်ခြင်း)၊ မြေပြိုခြင်း၊ အခြားသော ထုထည်ကြီးမားသည့် လှုပ်ရှားမှုများဖြစ်ခြင်း၊ ကြယ်ပျံကြီးများ ကမ္ဘာမြေပြင်သို့ လာရောက် တိုက်သကဲ့သို့ဖြစ်ခြင်း နှင့်အခြားသော ရေပေါ်ရေအောက် အနှောင့်အယှက်များ အားလုံးတို့တွင် ဆူနာမီမုန်တိုင်း ဖြစ်ပေါ်ရန် အလား အလာများ ရှိသည်။

ဂရိ (Greek) လူမျိုး သမိုင်းပညာရှင်တစ်ဦးဖြစ်သော သူဆင်ဒိုက် (Thucydides) သည် ဆူနာမီ မုန်တိုင်းကြီး ဖြစ်ပေါ်ရခြင်းမှာ ရေအောက်ကြမ်းပြင်ရှိ မြေငလျင်လှုပ်ရှားခြင်းနှင့် ဆက်စပ်နေသည်ဟု ပထမဆုံး ပြောဆို ခဲ့သူဖြစ်သည်။ သို့သော် ဆူနာမီ မုန်တိုင်း၏ သဘာဝ အပေါ်နားလည်မှု သဘောထားမှာ ၂၀ ရာစုနှစ်ထိ သေး သိမ်နေခဲ့ပြီး ယခု အချိန်အထိ အဆိုပါ အကြောင်းအရာကို သုတေသန ပြုလုပ်နေဆဲပင် ရှိကြပါသေးသည်။ ဘူမိဗေဒပထဝီဝင်အဏ္ဏဝါဗေဒဆိုင်ရာ အစောပိုင်း စာအုပ်စာတမ်းများ၌လည်း ဆူနာမီကို "ငလျင်လှုပ်သော ပင်လယ် လှိုင်းများ"ဟု ရည်ညွှန်းကြသည်။

လေဖိအားနည်းရပ်ဝန်း ကဲ့သို့သော အပူပိုင်းမုန်တိုင်းများကို ဖြစ်ပေါ်လာစေသည့် အချို့သော မိုးလေဝသ အခြေ အနေများသည် မက်တီအိုဆူနာမီ (meteotsunami) ဟုခေါ်ဆိုသော တစ်ရှိန်ထိုးမုန်တိုင်းဖြစ်ခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ ၎င်းသည် ဒီရေကို သာမန်ထက် မီတာအတော်များများ မြင့်တက်စေနိုင်သည်။ လေဖိအားနည်ရပ်ဝန်း ၏အလယ်ဗဟို အတွင်းရှိ နိမ့်ကျသော လေထုဖိအားမှ အစားထိုး - ရောက်ခြင်း ထွက်ပေါ်လာသည်။ ၎င်းလှိုင်း လုံးကြီး များသည် ကမ်းခြေအထိ ရွေ့လျားလာပြီး မြေဧရိယာအတော်များများကို ရေဖြင့်လွှမ်းမိုးလိုက် ပါသည်။ အဆိုပါ လှိုင်းလုံးကြီးများသည် ဆူနာမီ (မဟုတ်သော်လည်း) ၎င်းနှင့် ဆင်တူဖြစ်ကာ ထိုကဲ့သို့သော လှိုင်းလုံး ကြီးမျိုး မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်၊ မေလအတွင်းက ကျရောက်ခဲ့ပါသည်။


ဆူနာမီဖြစ်ရသော အကြောင်းရင်းများ[ပြင်​ဆင်​ရန်​]

ဆူနာမီအများစုသည် ရေထုအောက်ပိုင်း မြေငလျင် လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။

တစ်နေရာတည်း၌ဆုံသော သို့မဟုတ် ပျက်စီးစေသော ကျောက်ထုလွှာကြီးများ၏ နယ်နိမိတ်သည် ရုတ်တရက် ရွေ့လျားပြီး အပေါ်တွင်ဖုံးလွှမ်းနေသော ရေထုကို ဒေါင်လိုက်အနေအထားဖြင့် အစားထိုး ဝင်ရောက်နေရာယူ သောအခါ ဆူနာမီဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းတို့သည် တစ်နေရာထဲမှခွဲဖြာထွက်သော သို့မဟုတ် ရှေးကျသည့် ကျောက်ထုလွှာကြီးများ၏ နယ်နိမိတ်များတွင် မဖြစ်ပေါ်နိုင်ပါ။ ဤအရာသည် အဘယ့်ကြောင့်ဆိုသော် ရှေးကျ သည့် ကျောက်ထုလွှာကြီးများသည် ယေဘုယျအားဖြင့် ရေတိုင်၏ ဒေါင်လိုက်အစား နေရာယူခြင်းကို အနှောင့်အယှက် မပေးသောကြောင့်ဖြစ်သည်။ အနိမ့်ပိုင်းဇုံနှင့် ဆက်စပ်နေသော ငလျင်များသည် ဆူနာမီ အများစုကို ဖြစ်ပေါ်စေသည်။ ဆူနာမီများတွင် သေးငယ်သော ကမ်းလွန် လွှဲခွင်(လှိုင်းအမြင့်) နှင့် အလွန်ရှည်လျားသော လှိုင်းအလျား (ကီလို မီတာ ရာပေါင်းများစွာ အထိရှည်လျားလေ့ရှိပြီး) ကြောင့်ပင် ပင်လယ်ပြင်၌ ယေဘုယျအားဖြင့် ၎င်းတို့ ဖြတ် သန်းသွားသည်ကို မသိလိုက်နိုင်ပဲရှိတတ်ကြပြီး ပင်လယ် ရေမျက်နှာပြင်တွင် မူလကထက် ၃၀၀ မီလီမီတာ (၁၂ လက်မ) ခန့်သာမြင့်တက်သော လှိုင်းတံပိုးထခြင်း အနည်းငယ်သာဖြစ်ပေါ်သည်။ ဆူနာမီလှိုင်းများ ကမ်း စပ်ရေတိမ်ပိုင်းသို့ရောက်လာသောအခါ ရေမျက်နှာပြင်မြင့်တက်လာပြီး၊ အောက်တွင်ဖော်ပြထားသော ပင်လယ် ရေတိမ်ပိုင်း လှိုင်းရိုက်ခတ်ခြင်း ဖြစ်စဉ်ကို ဖြစ်စေသည်။ မည်မျှပင်သေးငယ်သော ဒီရေပင်ဖြစ်သော်လည်း ကမ်း ခြေဧရိယာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်ပြီး ဆူနာမီတစ်ခုသည် မည်သည့်ဒီရေ အခြေအနေမျိုး တွင်မဆိုဖြစ် ပွားနိုင်သည်။


ခုနှစ်အလိုက်ဖြစ်ပွားခဲ့သောဆူနာမီလှိုင်းများ[ပြင်​ဆင်​ရန်​]

၁၉၄၆ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ရစ်ချ်တာစကေး (Richter Scale) ပမာဏ ၇.၈ ရှိ သည့် မြေငလျင် တစ်ခု သည် အမေရိကန် ပြည်ထောင်စု အလက်စကားပြည်နယ် (Alaska) ရှိ အလူတီယန် ကျွန်းစု (Aleutian Islands ) အနီး၌ လှုပ်ခတ်ခဲ့သည့် အတွက် ၁၄ မီတာ (၄၆ ပေ) မြင့်သော ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ကာ ဟာဝိုင်ယီကျွန်း (Hawaii) ရှိ ဟီလို (Hilo) အရပ်ကို ရေလွှမ်းမိုးခဲ့သည်။ ထိုကဲ့သို့ မြေငလျင် လှုပ်ရှားမှုမျိုးဖြစ်ပေါ်ခဲ့သော ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean)၏ ကြမ်းပြင်သည် အလက်စကားပြည်နယ် အောက်သို့ အနည်းငယ် နိမ့်ဆင်းသွား သည်။

လွန်ခဲ့သောနှစ်ပေါင်း ၈,၀၀၀ ခန့်တွင် စတိုးဂါ (Storegga) ၊ ၁၉၂၉ ခုနှစ်တွင် ဂရန်းဘန့်(ခ်) (Grand Banks)၊ ၁၉၉၈ ခုနှစ်တွင် ပါပူးဝါး နယူး ဂီနီ (Papua New Guinea) တပ်ပင် (Tappin) ၂၀၀၁ ခုနှစ် တို့သည် တစ်နေ ရာတည်းတွင် စုဆုံသောနယ်နိမိတ်များ၏ အဝေးနေရာများတွင် ဖြစ်ပွားသော ဆူနာမီတိုက်ခတ်မှု ဥပမာ များပင်ဖြစ် ပါသည်။ ဂရန်းဘန့်(ခ်) နှင့် ပါပူးဝါး နယူး ဂီနီ တို့တွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီများသည် အနည်အနှစ်များကို မတည်မငြိမ်ဖြစ်စေသည့် မြေငလျင်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းအနည်အနှစ်များအား သမုဒ္ဒရာထဲသို့ ရွေ့လျားစီးဝင်စေခြင်းဖြင့် ဆူနာမီ မုန်တိုင်း ဖြစ်ပေါ်လာစေ ခြင်းဖြစ်သည်။ ၎င်းတို့သည် သမုဒ္ဒရာကျော်ဖြတ်သည့် အကွာအဝေးများကို ဆက်လက်၍ မသွားမီ ပျောက်ကွယ်သွားကြသည်။

စတိုးဂါတွင် ဖြစ်ပေါ်သော အနည်အနှစ်များ ဆုံးရှုံးရသည်မှာ အဘယ်အကြောင်းကြောင့် ဖြစ်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပါ။ အဆိုပါအကြောင်းရင်းများတွင် ပါဝင်သော ဖြစ်နိုင်ချေများမှာ အနည်အနှစ်များ ပို၍များပြားစွာ စုပုံလာခြင်း၊ မြေငလျင်လှုပ်ခြင်း သို့မဟုတ် ရေဓာတ်ပါဝင်သည့် ဓာတ်ငွေ့ထုတ်လွှတ်ခြင်း (methane (မီသိန်း) စသည်) တို့ ဖြစ်သည်။

၁၉၆၀ ခုနှစ် ဗာဒီးဗီးယား မြေငလျင် (Valdivia earthquake) (Mw 9.5) (19:11 hrs UTC) ၊ ၁၉၆၄ ခုနှစ် အလက်စကား မြေငလျင် (Alaska earthquake) (Mw 9.2) နှင့် ၂၀၀၄ ခုနှစ် အိန္ဒယသမုဒ္ဒရာ မြေငလင် (Indian Ocean earthquake)(Mw 9.2) (00:58:53 UTC) တို့သည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အင် အားပြင်းထန်သော ကြီးမားသည့်တွန်းကန်ခြင်း မြေငလျင် ဥပမာများ ဖြစ်ကြသည်။ ၎င်းတို့သည် သမုဒ္ဒရာကြီးများ တစ်ခုလုံးကို ကျော်ဖြတ်သွားနိုင်သည့် ဆူနာမီများ (teletsunamis (တယ်လီဆူနာမီများ) ဟု လူသိများကြပါ သည်) ကို ဖြစ်ပွားစေသည်။ ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်သော (Mw 4.2) ရှိ အင်အားနည်းသော မြေငလျင် များသည် ဆူနာမီများ (ဒေသ နှင့် နယ်မြေဆိုင်ရာ ဆူနာမီများဟု ခေါ်ကြသည်) ကို ဖြစ်ပွားစေပြီး ၎င်းတို့သည် အနီးအနားရှိ ကမ်းခြေတို့ကိုသာ မိနစ်အနည်းငယ်အတွင်း ဖျက်ဆီးပစ် နိုင်သည်။

၁၉၅၀ ခုနှစ်များအတွင်း ယခင်က ဖြစ်ခဲ့သည်ထက် ပိုမိုကြီးမားသော ဆူနာမီများသည် မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်း ( ဥပမာ စံတော်ရီနီ (Santorini) နှင့် ကရာကတ်တို (Krakatau) ) နှင့် ရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော သက်ရောက်မှု အဖြစ်အပျက်များကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်နိုင်သည်ဟု ယူဆခဲ့ကြပါ သည်။ ထိုအခြေအနေများက ရေထုအစိုင်အခဲ ထုထည်ကြီးအား လျင်မြန်စွာ အစားထိုး နေရာဝင်ယူသည်။ အဘယ့်ကြောင့်ဆိုသော် ကျရောက်လာသော အပိုင်းအစများမှ စွမ်းအင် သို့မဟုတ် ရေထုသို့ ပြန့်ကားခြင်းကူး ပြောင်းသည့် နှုန်းသည် ရေမှစုပ်ယူနိုင်သော နှုန်းထက်ပိုမိုမြန်ဆန်ခြင်းကြောင့်ဖြစ်သည်။ မီဒီယာမှ ၎င်းတို့ကို မဂ္ဂါဆူနာမီ (megatsunami - ကြီးမားသော ဆူနာမီ) ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုနည်းလမ်းများကြောင့် ဖြစ်ပွားသော ဆူနာမီများသည် သမုဒ္ဒရာချင်း ဖြတ်ကျော်သော ဆူနာမီမုန်တိုင်း ကဲ့သို့ မဟုတ်ဘဲ ရေပြင်အကျယ်အဝန်းအနည်းငယ်သာ သက်ရောက်မှုရှိသဖြင့် ပြိုကွဲမှုမှာ မြန်ဆန်ပြီး အဝေးနေရာရှိ ကမ်းခြေများကို ထိခိုက်မှု အလွန်နည်းပါးပါသည်။ ထိုအဖြစ်အပျက်များကြောင့် ပို၍ ကြီးမားသော ဒေသတွင်း ဂယက်လှိုင်းပြင်းများ ဖြစ်သည့် ဆော်လစ်တန် (solitons) ကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ၁၉၅၈ ခုနှစ် တွင် လစ်တူယာ ပင်လယ်အော် (Lituya Bay) ၌ ပေါ်ပေါက်ခဲ့သော မြေပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်း လုံးကြီးများသည် ကနဦး၌ ၅၂၄ မီတာ (၁၇၁၉ ပေ) ရှိသည်ဟု ခန့်မှန်းကြပါသည်။ သို့သော် အလွန်ကြီးမားသော မြေပြိုကျမှုသည် မဂ္ဂါဆူနာမီကို ဖြစ်ပေါ်နိုင်ပြီး သမုဒ္ဒရာချင်း ဆက်စပ်နေသည့် အကွာအဝေးနေရာသို့တိုင် ရောက်ရှိနိုင်သော်လည်း ထိုအယူအဆကို အထောက်အပံ့ပေးရန် ဘူမိဗေဒဆိုင်ရာ အထောက်အထားများ မရှိပေ။

မြေငလျင်လှုပ်ခြင်းကြောင့် ဆူနာမီဖြစ်ပေါ်စေခြင်း[ပြင်​ဆင်​ရန်​]

ဆူနာမီဖြစ်ပေါ်စေသော မြေငလျင် လှုပ်မှုများမှာ အကယ်၍

၁။ ရေထု၏ အောက်ဘက်နေရာ၌ ငလျင်လှုပ်မှုဖြစ်ပွားလျှင်၊
၂။ ငလျင်သည်အင်အားအသင့်အတင့် သို့မဟုတ် အင်အားပြင်းထန်လျှင်၊ နှင့်
၃။ ငလျင်လှုပ်မှုသည်ပမာဏကြီးမားသော ရေထုများနေရာရွေ့လျားစေလျှင်


သွင်ပြင်လက္ခဏာများ[ပြင်​ဆင်​ရန်​]

လှိုင်းများသည် ရေတိမ်ပိုင်းထဲသို့ ဝင်ရောက်သောအခါ အရှိန်လျော့နည်းလာပြီး ၄င်း၏လွှဲခွင် (အမြင့်)ကို တိုးလာစေပါသည်။


လှိုင်းများသည် မြေပြင်နှင့် ထိတွေ့မိသောအခါ ပို၍နှေးကွေးလာပြီး အရွယ် အစားကြီး မားလာပါသည်။ အကြီးဆုံးလှိုင်းများသာလျှင် ထိပ်ဦးစွန်း၌ အချွန်ပုံသဏ္ဍာန်များဖြစ်ပေါ်နိုင်ပါသည်။

နေ့စဉ် လေကြောင့်ဖြစ်ပေါ်သောလှိုင်းများ၏ လှိုင်းအလျားသည် (ထိပ်ပိုင်းတစ်ခုမှ အခြား ထိပ်ပိုင်း တစ်ခုသို့) ၁၀၀ မီတာ (၃၃၀ ပေ) နှင့် အကြမ်းအားဖြင့် အမြင့် ၂ မီတာ (၆.၆ ပေ) ရှိပါသည်။ ဆူနာမီတစ်ခုသည် အလွန်နက်သော ပင်လယ်တွင်မူ လှိုင်းအလျားမှာ ၂၀၀ ကီလိုမီတာ (၁၂၀ မိုင်) ခန့်ရှိသည်။ ထိုကဲ့သို့သော လှိုင်းမျိုးသည် တိုက် ခတ်မှု တစ်နာရီလျှင် ၈၀၀ ကီလိုမီတာ (တစ်နာရီလျှင်မိုင် ၅၀၀) ဖြစ်ပါသည်။ သို့သော် အလွန်ရှည်လျားသော လှိုင်းအလျားကြောင့် မည်သည့်နေရာ၌မဆို စက်ဝန်းတစ်ပတ်ပြည့်ရန် အချိန်မှာ ၂၀ သို့မဟုတ် ၃၀ မိနစ်အထိ ကြာတတ်ပြီး လွှဲခွင်မှာ ၁ မီတာ (၃.၃ ပေ) ခန့် သာရှိသည်။ထိုအရာသည် နက်ရှိုင်းသော ရေပြင်ပေါ်တွင် ဆူနာမီ ဖြစ်ပေါ်ခြင်းကို စုံစမ်းထောက်လှမ်းရန်ခက်ခဲပြီး သင်္ဘောများသည် အဆိုပါလှိုင်းတို့ ဖြတ်သန်းသွားခြင်း ကို သိနိုင်ခဲပါသည်။

ဆူနာမီသည် ကမ်းခြေသို့ ချဉ်းနင်းဝင်ရောက်လာသောအခါ ရေများပို၍ တိမ်လာကာ သောင်တိမ်ပိုင်းသို့ ရိုက် ခတ်သည့်လှိုင်းသည် လှိုင်းများကို ဖိပြီး လှိုင်း၏အရှိန်အဟုန်သည် တစ်နာရီလျှင် ၈၀ ကီလိုမီတာ (တစ်နာရီ လျှင်မိုင် ၅၀) ဖြစ်လာပြီး ၎င်း၏ လှိုင်းအလျားသည်လည်း ၂၀ ကီလိုမီတာ (၁၂ မိုင်) အောက် လျော့လာ၍ ၎င်း၏ လွှဲခွင်မှာ ပို၍ မြင့်မားလာကာ သိသာ ထင်ရှားလာပါသည်။ သို့သော် လှိုင်းများတွင် ထိုကဲ့သို့ ရှည်လျားသော လှိုင်းအလျား တစ်ခုရှိနေသေး၍ ဆူနာမီသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိရန် အချိန်မှာ မိနစ်ပိုင်းခန့် ကြာဦးမည်ဖြစ်ပါသည်။ အလွန်ကြီးမားသော ဆူနာမီမုန်တိုင်းမတစ်ပါး လှိုင်းများသည် (ကမ်းခြေသို့တိုက်ခတ် သောလှိုင်းများကဲ့သို့) ကွဲပျောက်လွင့်စင်မသွားသော်လည်း ဖောက်ထွင်းစီးဝင်မှု လျင်မြန်သော ဒီရေစီးကြောင်း နှင့်တူပါသည်။ ရေနက်သော နေရာများနှင့် ကပ်လျက်ရှိသော ပင်လယ်အော်များ၊ ကမ်းရိုးတန်းများ နေရာများ သည် ဆူနာမီကို မတ်စောက်သော အက်ကွဲကြောင်းမျက်နှာစာနှင့် လှေကားထစ်များသဖွယ် လှိုင်းတစ်ခုအဖြစ် ထပ်မံ၍ ပုံဖော်နိုင်သည်။

ဆူနာမီ လှိုင်းအမြင့်ဆုံးသည် ကမ်းခြေသို့ ရောက်ရှိသောအခါ အကျိုးဆက်အားဖြင့် ပင်လယ်ပြင်၏ ရေမျက် နှာပြင် ယာယီမြင့်တက် ခြင်းကို အရှိန်ယူခြင်း ဟူ၍ သတ်မှတ်သည်။ အရှိန်ယူခြင်းကို ပင်လယ်ရေမျက်နှာပြင် ရည်ညွှန်းချက်၏ အထက်တွင် မီတာဖြင့် တိုင်းတာသည်။ ကြီးမားသော ဆူနာမီမုန်တိုင်း၏ လှိုင်းလုံးများ သည် အချိန်ကာလတစ်ခုတွင် တစ်လုံးပြီးတစ်လုံး ဆက်လက်၍ ဖြစ်ပေါ်ပြီး လှိုင်းခေါင်းဖြူများ အကြားတွင် သိသာ ထင်ရှားသော အချိန်ကာလအတိုင်းအတာတစ်ခု အထိကြာမြင့်သည်။ ကမ်းခြေသို့ ပထမဦးဆုံး ရောက် ရှိလာသော လှိုင်းလုံးသည်အမြင့်ဆုံး အရှိန်ယူခြင်းသို့ မရောက်ရှိနိုင်ပါ။

၈၀ % သော ဆူနာမီများသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း ထိုမျှမကဘဲ ရေကန်များ အပါအဝင် ရေထုထည်ကြီးမားသော နေရာများတွင်လည်း ဖြစ်ပေါ်နိုင်ပါသေးသည်။ မြေပြိုခြင်းများ ဖြစ်သောအခါတွင် လည်းကောင်း၊ မီးတောင်ပေါက်ကွဲခြင်းများနှင့် ကြယ်ပျံကြီးများ ကျရောက်သော အခါတွင် လည်းကောင်း၊ မြေငလျင် လှုပ်ရှားသောအခါတွင်လည်းကောင်း ဆူနာမီမုန်တိုင်းများ ဖြစ်ပေါ်လာစေနိုင်ပါသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Tsunami

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]