ပါပူအာနယူးဂီနီနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 6°S 147°E / 6°S 147°E / -6; 147

လွတ်လပ်သော ပါပူအာနယူးဂီနီ နိုင်ငံ
  • Independen Stet bilong Papua Niugini  (Tok Pisin)
  • Independen Stet bilong Papua Niu Gini  (Hiri Motu)
ပါပူအာနယူးဂီနီနိုင်ငံ၏ အလံတော်
အလံတော်
ပါပူအာနယူးဂီနီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: ကွဲပြားမှုကြားမှ ညီညွတ်ခြင်း’ "Unity in diversity" [၁]
နိုင်ငံတော် သီချင်း: "ငါ့သားတို့ ထကြလော့"[၂]
တော်ဝင်သီချင်း: "God Save the Queen"[၃]
 ပါပူအာနယူးဂီနီနိုင်ငံ၏ တည်နေရာ  (green)
 ပါပူအာနယူးဂီနီနိုင်ငံ၏ တည်နေရာ  (green)
မြို့တော်
နှင့် အကြီးဆုံးမြို့
မော့စဘီဆိပ်ကမ်းမြို့
09°28′44″S 147°08′58″E / 9.47889°S 147.14944°E / -9.47889; 147.14944
ရုံးသုံးဘာသာစကားများ[၄][၅]
ဒေသခံလူမျိုးဘာသာစကားများ၈၅၁ ခု[၆]
လူမျိုးစု
ကိုးကွယ်မှု
DemonymPapua New Guinean
အစိုးရပြည်ထောင်စု ပါလီမန်
စည်းမျဉ်းခံဘုရင်စနစ်
ချားလ်စ် ဝေလမင်းသား
Bob Dadae
James Marape
ဥပဒေပြုလွှတ်တော်အမျိုးသားပါလီမန်
လွတ်လပ်ရေးရရှိခြင်း ဩစတေးလျနိုင်ငံမှ
၁၉၄၉ ခုနှစ် ဇူလိုင်လ ၁ ရက်
၁၉၇၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်
ဧရိယာ
• စုစုပေါင်း
၄၆၂,၈၄၀ စတုရန်း ကီလိုမီတာ (၁၇၈,၇၀၀ စတုရန်းမိုင်) (အဆင့်: ၅၄)
• ရေထု (%)
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၈,၉၃၅,၀၀၀ (အဆင့် - ၉၈)
• ၂၀၁၁ သန်းခေါင်စာရင်း
၇,၂၇၅,၃၂၄[၇]
• သိပ်သည်းမှု
၁၅/km2 (၃၈.၈/sq mi) (အဆင့် - ၂၀၁)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၃၂.၃၈၂ ဘီလီယံ[၈] (အဆင့် - ၁၂၄)
• Per capita
$၃,၇၆၄[၈]
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၂၁.၅၄၃ ဘီလီယံ[၈] (အဆင့် - ၁၁၀)
• Per capita
$၂,၅၀၄[၈]
Gini (၂၀၀၉)၄၁.၉[၉]
အလယ်
HDI (၂၀၁၉)Increase ၀.၅၅၅[၁၀]
အလယ် · ၁၅၅
ငွေကြေးKina (PGK)
အချိန်ဇုန်AEST (UTC+10, +11)
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၆၇၅
Internet TLD.pg


ပါပူအာနယူးဂီနီနိုင်ငံ (Papua New Guinea; အတိုကောက် PNG; /ˈpæpə nj ˈɡɪn/ PAP-pə-new-GHIN-ee; တမ်းပလိတ်:Lang-tpi; ဟီရီမိုတူ: Papua Niu Gini) ၏ တရားဝင်အမည်မှာ လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ (Independent State of Papua New Guinea) ဖြစ်ပြီး အိုရှန်းနီးယား တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကာ နယူးဂီနီကျွန်း၏ အရှေ့ပိုင်းတစ်ခြမ်းကို နေရာယူထားပြီး ပင်လယ်သမုဒ္ဒရာအတွင်းရှိ ကျွန်းပေါင်းများစွာလည်း ပါဝင်သည်။ (ကျွန်း၏ အနောက်ပိုင်း အခြမ်းမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူအာဒေသ နှင့် အနောက်ပါပူအာ ဒေသတို့ဖြစ်သည်။) ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ခြမ်းတွင် တည်ရှိပြီး ၁၉ ရာစု အစောပိုင်းက ထိုဒေသကို မီလန်နီးရှားဟု ခေါ်ကြသည်။ မြို့တော်မှာ ပို့တ်မော့စဘီမြို့ ဖြစ်သည်။

ပါပူအာနယူးဂီနီသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အမျိုးအစား ကွဲပြားမှု အများဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၄၈ မျိုးရှိပြီး ယင်းတို့အနက် ၁၁ မျိုးကို သက်ရှိထင်ရှားပြောဆိုသူ မရှိတော့ပေ။[၆] လူဦးရေ ၇ သန်းတွင် ရိုးရာ အဖွဲ့အစည်းများလည်း အများအပြား ရှိသည်။[၁၁] ထို့အပြင် ကျေးလက်ဒေသ အများပြားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။[၁၂] ထို့အပြင် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု နှင့် ပထဝီအနေအထားအားဖြင့် အနည်းဆုံး စူးစမ်းရှာဖွေသော ဒေသဖြစ်ပြီး မတွေ့ရှိသေးသော အပင်များ တိရစ္ဆာန်များ ပါပူအာနယူးဂီနီ၏ အတွင်းပိုင်းတွင် အများအပြား ရှိလိမ့်မည်ဟု ယူဆရသည်။[၁၃]

လူဦးရေ၏ ရာခိုင်နှုန်း အတော်များများမှာ ရိုးရာ အဖွဲ့အစည်းများဖြင့်သာ နေထိုင်ကြပြီး တစ်ဦးချင်း တစ်မိသားစုချင်း လုံလောက်ရုံမျှ စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေးစနစ်ပေါ်တွင် အခြေခံ နေထိုင်ကြသည်။ ထိုအဖွဲ့အစည်းများမှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် တသီးတသန့် နေရာရထားကြသည်။

၁၈၈၄ ခုနှစ်မှစ၍ ပြင်ပနိုင်ငံကြီး ၃ နိုင်ငံမှ လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီးနောက် ပါပူအာ နယူးဂီနီသည် ၁၉၇၅ ခုနှစ်တွင် ဩစတေးလျမှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် ပါပူအာနယူးဂီနီသည် အဲလိဇဘက် ၂ ဘုရင်မ၏ ဓနသဟာယနယ်ပယ် အတွင်းတွင် ပါဝင်လျက် ရှိကြသည်။ ပြည်သူအများစုမှာ အလွန်ပင် ဆင်းရဲကြပြီး သုံးပုံတစ်ပုံမျှသော လူဦးရေမှာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ထက် မပိုသော ငွေဖြင့် နေထိုင်ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Sir Michael Somare (2004-12-06)။ Stable Government, Investment Initiatives, and Economic GrowthKeynote address to the 8th Papua New Guinea Mining and Petroleum Conference (Google cache)။ 28 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-08-09 တွင် ပြန်စစ်ပြီး။
  2. Never more to riseThe National (6 February 2006)။ 13 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2011 တွင် ပြန်စစ်ပြီး။
  3. Webb၊ Michael (1993)။ Lokal Musik: Lingua Franca Song and Identity in Papua New Guinea (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cultural Studies Division, National Research Institute။ p. 37။ ISBN 978-9980-68-019-8
  4. Papua New GuineaThe World Factbook။ Central Intelligence Agency (2012)။ 5 October 2012 တွင် ပြန်စစ်ပြီး။
  5. "Sign language becomes an official language in PNG"၊ Radio New Zealand၊ 21 May 2015။ 
  6. ၆.၀ ၆.၁ Papua New Guinea, Ethnologue
  7. Archived copy။ 6 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2021 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ World Economic Outlook Database, October 2018အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 23 February 2019 တွင် ပြန်စစ်ပြီး။
  9. GINI index (World Bank estimate)ကမ္ဘာ့ဘဏ်။ 23 February 2019 တွင် ပြန်စစ်ပြီး။
  10. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  11. James၊ Paul; Nadarajah၊ Yaso; Haive၊ Karen; Stead၊ Victoria (2012)။ pdf download Sustainable Communities, Sustainable Development: Other Paths for Papua New Guinea တန်ဖိုး |url= စစ်ဆေးရန် (အကူအညီ)။ Honolulu: University of Hawaii Press။
  12. World Bank data on urbanisationWorld Development Indicators။ World Bank (2005)။ 3 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2005 တွင် ပြန်စစ်ပြီး။
  13. Gelineau, Kristen။ "Spiders and frogs identified among 50 new species"၊ The Independent၊ 26 March 2009။ 26 March 2009 တွင် ပြန်စစ်ပြီး