ဒေါသ

ဝီကီပီးဒီးယား မှ

လောဘ-ဒေါသ-မောဟ မှာ အကုသိုလ်တရား ၃ ပါးဖြစ်သည်။

  • လောဘ=တပ်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော။

လောဘသည် ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်သည်။ သတ္တဝါတို့အား မည်သည့် အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲ ရှာဖွေနေစေသည်။ လောဘနှင့်သေသူ၏လားရာဂတိမှာ ပြိတ္တာပြည်ဖြစ်သည်။

  • ဒေါသ=ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။

ဒေါသနှင့်တူသော အပြစ်သည် မရှိဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။ တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊လွန်ကဲစွာပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။ ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်။

  • မောဟ=တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။

မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။ မောဟနှင့်သေသူ၏လားရာဂတိမှာ တိရိစ္ဆာန်ပြည်ဖြစ်သည်။