ဖြူးမြို့

ဝီကီပီးဒီးယား မှ
၁၇:၂၁၊ ၁၂ ဇန်နဝါရီ ၂၀၂၁ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (CS1 ရက်စွဲအမှားပြင်ဆင်ခြင်း) တည်းဖြတ်သည့်မူ
ဖြူးမြို့
မြို့
Skyline of ဖြူးမြို့
ဖြူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖြူးမြို့
ဖြူးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°28′55″N 96°26′13″E / 18.48194°N 96.43694°E / 18.48194; 96.43694ကိုဩဒိနိတ်: 18°28′55″N 96°26′13″E / 18.48194°N 96.43694°E / 18.48194; 96.43694
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်တောင်ငူခရိုင်
မြို့နယ်ဖြူးမြို့နယ်
လူဦးရေ (၂၀၁၀)[၁]၄၄၆၄၂
အချိန်ဇုန်MST (UTC+6.30)
ဧရိယာကုဒ်(များ)54
[၂]

ဖြူးမြို့သည် ရန်ကုန်မြို့၏မြောက်ဘက် ကားလမ်းအားဖြင့်မိုင် ၁၄၀ အကွာ နှင့် မီးရထားလမ်းအားဖြင့် ၁၃၄ မိုင်အကွာတွင် တည်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် အနောက်ဘက်တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည်။ ရန်ကုန်မှ ဖြူးသို့ ကားလမ်းခရီး ၁၄၂ မိုင်၊ မီးရထားလမ်းဖြင့် ၁၃၄.၂၅ မိုင် ကွာဝေးသည်။ စီးပွားရေးကျန်းမာရေးအထူးကောင်းမွန်ကြပြီး စပါး၊ ပဲ စသည့်စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ဒေသထွက်ကုန်များဖြစ်သည်။

မြို့ရာဇဝင်

တောင်ငူရာဇဝင်အရ ဖြူးမြို့၏ မူလအမည်မှာ "ပျူရွာ"ဖြစ်သည်။ ပျူလူမျိုးများ နေထိုင်ခဲ့ဖူးရာ ရွာကြီးတစ်ရွာ ဖြစ်သည်။ ခရစ်နှစ် (၁၃)ရာစုအစောပိုင်းကာလက သဝန်လက်ျာနေထိုင်ရာ ကမ္ဘားမြင့်ရွာသို့ မုတ္တမဘုရင် စာခူရီမင်း လာရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က သဝန်လက်ျာ၏မိသားစုကို ပျူရွာ၌ ထိန်းသိမ်းထားခဲ့ဖူးသည်။

ခရစ်နှစ် ၁၂၇၈ ခုနှစ်နောက်ပိုင်းတွင် ပျူရွာ၌ အကျယ်ချုပ်နေထိုင်ရသူ သဝန်လက်ျာ ကွယ်လွန်ခဲ့သည်။ ပျူရွာမှာ နောင်နှစ်ကာလကြာရှည်သောအခါ ဖြူးမြို့ဖြစ်လာခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ဖြူးမြို့၌ လူဦးရေ ၁၀၄၄၃ ဦး နေထိုင်ပါသည်။ မြို့၏တောင်ဘက်ရှိ မဟာပုညမုနိဘုရားမှာ ထင်ရှားသည်။ [၃]

ဖြူးမြို့တွင် ကိုလိုနီခေတ်ဦးကာလက အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်ရာ အာဇာနည်ခေါင‌်းဆောင်ကြီး ဦးဘဝင်းသည် အမျိုးသားကျောင်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်ဖူးသည်။ [၄]

အထင်ကရပုဂ္ဂိုလ်

  1. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ (ကျောက်တိုင်တောင်ရွာ)
  2. ဒေါက်‌တာ မောင်ဖြူး (ခ) ဦးဂွမ်လျောင်
  3. ရဲဘော်မြ
  4. တက္ကသိုလ် ရှင်သီရိ
  5. ဦးမြင့်ဆွေ (ဖြူး)
  6. ဦးအေးဖေ (တိုင်းရင်းမေ)[၄]

အကိုးအကား

  1. Myanmar: largest cities and towns and statistics of their population:calculation 2010။ 2012-09-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ World Gazetteer
  2. National Telephone Area Codes။ Myanmar's Net။
  3. မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။
  4. ၄.၀ ၄.၁ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၉၀။