စင်္ကမသုတ်

ဝီကီပီးဒီးယား မှ
၁၁:၀၇၊ ၄ ဇန်နဝါရီ ၂၀၂၁ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - အင်္ဂုတ္တိုရ်ပါဠိတော် ကို အင်္ဂုတ္တရနိကာယ် ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

စင်္ကမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စင်္ကြန်လျှောက်ခြင်း၏ အကျိုးအာနိသင် ငါးမျိုးကို ဟောကြားထားသည်။[၁]

စင်္ကမသုတ်

ရဟန်းတို့ စင်္ကြန်လျှောက်ခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

၁။ ခရီးရှည်သွားနိုင်၏။

၂။ ကြိုးစားအားထုတ်နိုင်၏။

၃။ အနာရောဂါကင်း၏။

၄။ စား သောက် ခဲ လျက်အပ်သော အစာအာဟာရသည် ကောင်းစွာကြေညက်နိုင်၏။

၅။ စင်္ကြန်လျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု (သမာဓိ) သည် ကြာမြင့်စွာတည်နိုင်၏။

ရဟန်းတို့ ဤသည်တို့ကား စင်္ကြန်လျှောက်ခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ပဉ္စင်္ဂိကဝဂ်၊ စင်္ကမသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန: သာသနာရေးဝန်ကြီးဌာန။ ၁၉၉၈ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)