ခင်မောင်ဆွေ

ဝီကီပီးဒီးယား မှ
ဦးခင်မောင်ဆွေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဇွန် ၂၀၁၀
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်စမ်းချောင်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဇူလိုင် ၁၉၄၂ (အသက် ၈၁–၈၂)
ငသိုင်းချောင်းမြို့ပုသိမ်ခရိုင်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
အလုပ်အကိုင်နိုင်ငံရေးသမား

ဦးခင်မောင်ဆွေ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဥက္ကဋ္ဌဖြစ်သည်။

ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီလည်း ပါဝင်ခဲ့သည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး

ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ပုသိမ်ခရိုင်၊ ငသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် ပုသိမ်မြို့မှ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရေနံကော်ပိုရေးရှင်းတွင် ဘူမိဗေဒပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။[၂]

နိုင်ငံရေး

ရှစ်လေးလုံးအရေးအခင်းတွင် ရေနံမြေအလုပ်သမားသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်လာခဲ့ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဇူလိုင်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၂]

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးသမားများကို ဖမ်းဆီးအကျဉ်းချခဲ့ရာ ဦးခင်မောင်ဆွေလည်း ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလတွင် ဦးခင်မောင်ဆွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။[၂]

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ထောင်မှလွတ်မြောက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ သဘောထားကွဲလွဲရာမှ ပါတီမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့ ဦးဆောင်ကာ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကို ဖွဲ့စည်းခဲ့သည်။[၂]

နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၁]

ကိုးကား